NCA လက္မွတ္ထုိးထားသည့္ တုိင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၏ ထိပ္သီးအစည္းအေဝး ခ်င္းမုိင္တြင္က်င္းပ

NCA လက္မွတ္ထုိးထားသည့္ တုိင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၏ ထိပ္သီးအစည္းအေဝး ခ်င္းမုိင္တြင္က်င္းပ
မေ 14, 2019
By 🌸
NCA လက္မွတ္ေရးထိုးထားသည့္ တုိင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႔အစည္းမ်ား၏ စတုထၳအႀကိမ္ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား အစည္းအေဝးကို ၂၀၁၉ ခုနွစ္၊ ေမလ (၁၄) ရက္ေန႔မွ (၁၉) ရက္ေန႔အထိ ထုိင္းႏုိင္ငံ ခ်င္းမိုင္ျမိဳ႕တြင္ က်င္းပေနေၾကာင္း သိရသည္။

NCA (တစ္ႏုိင္ငံလံုးပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္) လက္မွတ္ေရးထုိးထားေသာ  တုိင္းရင္းသားလက္နက္ကိုင္ေတာ္လွန္္ေရးအဖဲြ႕အစည္း (၈) ဖြဲ႔ႏွင့္ NCA အေကာင္အထည္ေဖာ္ဖက္မ်ား ျဖစ္ၾကသည့္ မြန္ျပည္သစ္ပါတီ (NMSP) ႏွင့္ လားဟူဒီမိုကရက္တစ္ အစည္းအရံုး (LDU) တုိ႔ တက္ေရာက္ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အစည္းအေဝးသို႔ ညီေနာင္တုိင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္းမ်ား ျဖစ္ၾကသည့္ ကခ်င္လြတ္ေျမာက္ေရး အဖြဲ႔အစည္း (KIO) ႏွင့္ ကရင္နီအမ်ိဳးသားတုိးတက္ေရးပါတီ (KNPP) တို႔မွလည္း ေလ့လာသူမ်ားအျဖစ္ တက္ေရာက္ေနၾကေၾကာင္း သိရသည္။

ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေကာင္အထည္ေဖာ္မႈဆုိင္ရာ သက္ဆုိင္္ရာက႑အလုိက္ အစီရင္ခံစာမ်ား တင္သြင္း ေဆြးေႏြးျခင္းနွင့္ NCA-S EAO အတြင္းစုဖြဲ႔မႈမ်ားအေပၚ ျပန္လည္သံုးသပ္ေဆြးေႏြးျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း NCAs-EAO ကသတင္းထုတ္ျပန္ထားသည္။

Tachileik News Agency
Photo: NCAs-EAO

~~~~~~~~⊰❂ Unicode Version ~~~~~~~~
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေး ချင်းမိုင်တွင်ကျင်းပ
**************
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ စတုထ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေလ (၁၄) ရက်နေ့မှ (၁၉) ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေကြောင်း သိရသည်။

NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) လက်မှတ်ရေးထိုးထားသော  တိုင်းရင်းသားလက်နက်ကိုင်တော်လှန််ရေးအဖွဲ့အစည်း (၈) ဖွဲ့နှင့် NCA အကောင်အထည်ဖော်ဖက်များ ဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ တက်ရောက်ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်ကြသည့် ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း (KIO) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့မှလည်း လေ့လာသူများအဖြစ် တက်ရောက်နေကြကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်မှုဆိုင်ရာ သက်ဆိုင််ရာကဏ္ဍအလိုက် အစီရင်ခံစာများ တင်သွင်း ဆွေးနွေးခြင်းနှင့် NCA-S EAO အတွင်းစုဖွဲ့မှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း NCAs-EAO ကသတင်းထုတ်ပြန်ထားသည်။

Tachileik News Agency
Photo: NCAs-EAO

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net