သရုပ္ေဆာင္ မိုးေအာင္ရင္ ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ ျပန္လည္လြတ္ေျမာက္

သရုပ္ေဆာင္ မိုးေအာင္ရင္ ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ ျပန္လည္လြတ္ေျမာက္
မေ 7, 2019
By Tachileik News Agency

မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရိွမႈျဖင့္ ၂၀၁၈ ခုႏွစ္က ေထာင္ဒဏ္က်ခံေနရသည့္ သရုပ္ေဆာင္ မိုးေအာင္ရင္သည္ ၂၀၁၉ ခုႏွစ္၊ ေမလ (၇)ရက္ေန႔က ႏုိင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းသက္သာခြင့္ႏွင့္အတူ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္သည္။

မိုးေအာင္ရင္မွာ ရန္ကုန္တုိင္းေဒသႀကီး ပုဇြန္ေတာင္ၿမိဳ႕နယ္တရားရံုးႏွင့္ အေရွ႕ပိုင္းခရိုင္တရားရံုးတုိ႔တြင္ မူးယစ္မႈမ်ားျဖင့္ တရားရင္ဆုိင္ခဲ့ရၿပီးေနာက္  ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၆)ရက္ေန႔တြင္ ပုဇြန္ေတာင္ၿမိဳ႕နယ္ တရားရံုးက ေထာင္ဒဏ္ (၅)ႏွစ္ ခ်မွတ္ခဲ့ၿပီး ဒီဇင္ဘာလ (၁၂)ရက္ေန႔တြင္ အေရွ႕ပိုင္းခရုိင္တရားရုံုးက အလုပ္ႏွင့္ေထာင္ဒဏ္ (၁၂)ႏွစ္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

သရုပ္ေဆာင္မိုးေအာင္ရင္၏ ေနအိမ္ကို ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ (၂၉)ရက္ေန႔၌ ရဲတပ္ဖြဲ႕က ဝင္ေရာက္ ရွာေဖြရာ သူငယ္ခ်င္းႏွစ္ဦးျဖစ္သည့္ ဘုန္းျမင့္ေအာင္(ခ)ေဒးဗစ္ႏွင့္ လူလူသန္းဦးတို႔ကို ေဆးေျခာက္မ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး မိုးေအာင္ရင္ကို ပုဇြန္ေတာင္ၿမိဳ႕နယ္ရိွ ရည္းစားျဖစ္သူ၏ ေနအိမ္တြင္ မူးယစ္ေဆးဝါးႏွင့္အတူ ဖမ္းမိခဲ့သျဖင့္ အေရွ႕ပိုင္းခရိုင္တရားရံုးႏွင့္ ပုဇြန္ေတာင္ၿမိဳ႕နယ္ တရားရံုးတို႔တြင္ တရားစြဲဆိုတင္ပို႔ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ၂၀၁၈ ခုနှစ်က ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် မိုးအောင်ရင်သည် ၂၀၁၉ ခုနှစ်၊ မေလ (၇)ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်နှင့်အတူ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

မိုးအောင်ရင်မှာ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်တရားရုံးနှင့် အရှေ့ပိုင်းခရိုင်တရားရုံးတို့တွင် မူးယစ်မှုများဖြင့် တရားရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် တရားရုံးက ထောင်ဒဏ် (၅)နှစ် ချမှတ်ခဲ့ပြီး ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် (၁၂)နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင်မိုးအောင်ရင်၏ နေအိမ်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ (၂၉)ရက်နေ့၌ ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေရာ သူငယ်ချင်းနှစ်ဦးဖြစ်သည့် ဘုန်းမြင့်အောင်(ခ)ဒေးဗစ်နှင့် လူလူသန်းဦးတို့ကို ဆေးခြောက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်ရှိ ရည်းစားဖြစ်သူ၏ နေအိမ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိခဲ့သဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးနှင့် ပုဇွန်တောင်မြို့နယ် တရားရုံးတို့တွင် တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net