ေလျပင္းတိုက္ခတ္မႈေၾကာင့္ မေကြးတိုင္းအတြင္း ၿမိဳ႕နယ္(၆)ၿမိဳ႕နယ္မွ အေဆာက္အဦ (၇၀၀)ေက်ာ္ ထိခိုက္ပ်က္စီး

ေလျပင္းတိုက္ခတ္မႈေၾကာင့္ မေကြးတိုင္းအတြင္း ၿမိဳ႕နယ္(၆)ၿမိဳ႕နယ္မွ အေဆာက္အဦ (၇၀၀)ေက်ာ္ ထိခိုက္ပ်က္စီး
မေ 21, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း ၂၀၁၉ ခုႏွစ္၊ ေမလ(၂၀)ရက္ေန႔ ညေနပိုင္းက ေလျပင္းတိုက္ခတ္မႈေၾကာင့္ ၿမိဳ႕နယ္(၆)ၿမိဳ႕နယ္႐ွိ ေက်း႐ြာ(၂၇)႐ြာ၌ လူေနအိမ္(၁၄)လံုးၿပိဳက်ပ်က္စီးခဲ့ကာ ဘာသာေရးအေဆာက္အဦ အလံုး(၂၀) ႏွင့္ လူေနအိမ္(၆၉၃)လံုး အမိုးလန္ပ်က္စီးသြားေၾကာင္း သိရသည္။

“အိမ္ေထာင္စု(၇၀၇)စုနဲ႔ လူဦးေရ(၃,၂၇၁)ဦး ေလေဘးသင့္မႈနဲ႔ ႀကံဳေတြ႔ခဲ့ရပါတယ္။ မေကြးတိုင္းေဒသ ႀကီး ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနက ၿပိဳက်ပ်က္စီးတဲ့ေနအိမ္ေတြကို တစ္အိမ္ က်ပ္တစ္သိန္းႏႈန္း ၊ အမိုးလန္ပ်က္စီးတဲ့အိမ္ေတြကို တစ္အိမ္ က်ပ္သံုးေသာင္းႏႈန္း ၊ ဆန္ဖိုးအေနနဲ႔က တစ္ဦးကို (၂,၁၀၀)က်ပ္ႏႈန္းနဲ႔ ေထာက္ပံ႔ေပးသြားမွာပါ” ဟု ေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဦးစီးဌာန၏ မေကြးတိုင္းဦးစီးမွဴး ဦးျမင္႔စိုး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေလျပင္းတိုက္ခတ္မႈေၾကာင့္ မေကြးၿမိဳ႕နယ္၊ ငဖဲၿမိဳ႕နယ္၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ၿမိဳ႕သစ္ၿမိဳ႕နယ္၊ မင္းဘူး(စကု)ၿမိဳ႕နယ္ႏွင့္ ေစတုတၱရာၿမိဳ႕နယ္တို႔ တြင္ ပ်က္စီးဆံုးရံႈးမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးအတြင္း ၂၀၁၈ခုႏွစ္ စက္တင္ဘာလ (၂၃) ရက္ေန႔မွ ၂၀၁၉ခုႏွစ္ ေမလ (၂၀)ရက္ေန႔ထိ ေလေဘးသင့္မႈေၾကာင့္ ၿပိဳက်ပ်က္စီးသြားသည့္ လူေနအိမ္(၈၆)လံုး၊ အမိုးလန္ပ်က္စီးသည့္ လူေနအိမ္(၂,၄၉၇)လံုး၊ ၿပိဳက်ပ်က္စီးသည့္ ဘာသာေရးအေဆာက္အဦ (၅၇)လံုးရိွခဲ့ၿပီး အိမ္ေထာင္စု (၂,၅၈၃)စုမွ လူဦးေရ (၉,၉၉၂)ဦး ေလေဘးသင့္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေလေဘးသင့္မ်ားအား ဆန္ရိကၡာ ၊ အိမ္/ေက်ာင္းေဆာက္ပစၥည္း ႏွင္႔ ကယ္ဆယ္ေရးပစၥည္းတန္ဖိုး က်ပ္သိန္းေပါင္း (၁,၂၀၀) ေက်ာ္ ေထာက္ပံံမႈမ်ား လုပ္ေဆာင္ခဲ့ရေၾကာင္း မေကြးတိုင္းေဒသႀကီး ေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဦးစီးဌာနမွ သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု -  ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ ခြဲမႈဦးစီးဌာန




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်၊ မေလ(၂၀)ရက်နေ့ ညနေပိုင်းက လပြေင်းတိုက်ခတ်မှုကြောင့် မြို့နယ်(၆)မြို့နယ်ရှိ ကျေးရွာ(၂၇)ရွာ၌ လူနေအိမ်(၁၄)လုံးပြိုကျပျက်စီးခဲ့ကာ ဘာသာရေးအဆောက်အဦ အလုံး(၂၀) နှင့် လူနေအိမ်(၆၉၃)လုံး အမိုးလန်ပျက်စီးသွားကြောင်း သိရသည်။

“အိမ်ထောင်စု(၇၀၇)စုနဲ့ လူဦးရေ(၃,၂၇၁)ဦး လေဘေးသင့်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မကွေးတိုင်းဒေသ ကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြိုကျပျက်စီးတဲ့နေအိမ်တွေကို တစ်အိမ် ကျပ်တစ်သိန်းနှုန်း၊ အမိုးလန်ပျက်စီးတဲ့အိမ်တွေကို တစ်အိမ် ကျပ်သုံးသောင်းနှုန်း၊ ဆန်ဖိုးအနေနဲ့က တစ်ဦးကို (၂,၁၀၀)ကျပ်နှုန်းနဲ့ ထောက်ပံ့ပေးသွားမှာပါ” ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ မကွေးတိုင်းဦးစီးမှူး ဦးမြင့်စိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လပြေင်းတိုက်ခတ်မှုကြောင့် မကွေးမြို့နယ်၊ ငဖဲမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့သစ်မြို့နယ်၊ မင်းဘူး(စကု)မြို့နယ်နှင့် စေတုတ္တရာမြို့နယ်တို့ တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့မှ ၂၀၁၉ခုနှစ် မေလ (၂၀)ရက်နေ့ထိ လေဘေးသင့်မှုကြောင့် ပြိုကျပျက်စီးသွားသည့် လူနေအိမ်(၈၆)လုံး၊ အမိုးလန်ပျက်စီးသည့် လူနေအိမ်(၂,၄၉၇)လုံး၊ ပြိုကျပျက်စီးသည့် ဘာသာရေးအဆောက်အဦ (၅၇)လုံးရှိခဲ့ပြီး အိမ်ထောင်စု (၂,၅၈၃)စုမှ လူဦးရေ (၉,၉၉၂)ဦး လေဘေးသင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေဘေးသင့်များအား ဆန်ရိက္ခါ၊ အိမ်/ကျောင်းဆောက်ပစ္စည်း နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း (၁,၂၀၀) ကျော် ထောက်ပံမှုများ လုပ်ဆောင်ခဲ့ရကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာန 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net