မေကြးေဆးတကၠသိုလ္ ခႏၶာေဗဒဌာနအတြက္ ခႏၶာကိုယ္လွဴဒါန္းသူ လိုအပ္ေန

မေကြးေဆးတကၠသိုလ္ ခႏၶာေဗဒဌာနအတြက္ ခႏၶာကိုယ္လွဴဒါန္းသူ လိုအပ္ေန
မေ 31, 2019
By Tachileik News Agency

မေကြးတုိင္းေဒႀကီး၊ မေကြးၿမိဳ႕ရိွ ေဆးတကၠသိုလ္ ခႏၶာေဗဒဌာနအတြက္ ေသဆံုးသူမ်ား၏ က်န္ရစ္သည့္ ခႏၶာကိုယ္လွဴဒါန္းမႈမ်ား လုိအပ္ေနေၾကာင္း သိရသည္။

“ေနာက္ပိုင္းမွာေတာ့ လူသိမ်ားလာတာေၾကာင့္ လွဴဒါန္းသူ တိုးပြားလာပါတယ္။ အဲ့လို တိုးပြားလာတယ္ဆိုေပမဲ့ ေက်ာင္းသူေက်ာင္းသားေတြကို အုပ္စု(၈)စုခဲြၿပီး (၃၅)ေယာက္ တစ္အုပ္စုကိုမွ ခႏၶာကိုယ္(၁)ခုပဲ ရရိွၾကတာျဖစ္လို႔ လံုလံုေလာက္ေလာက္ေလ့လာ သင္ယူခြင့္ရဖို႔က ခႏၶာကိုယ္အလွဴရွင္ေတြ လိုအပ္ေနပါ ေသးတယ္”ဟု ေဆးတကၠသိုလ္-မေကြး၊ခႏၶာေဗဒဌာန ကထိက ေဒါက္တာဥမၼာလိႈင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဆးတကၠသိုလ္ရိွ ဘဲြ႔လြန္ႏွင့္ ဒုတိယႏွစ္ ေက်ာင္းသား ေက်ာင္းသူမ်ားအတြက္ ေရာဂါမရိွေသာသူမ်ား၏ ကိုယ္ခႏၶာအားေလ့လာၾကရျခင္းျဖစ္၍ လွဴဒါန္းမည့္ အလွဴရွင္တြင္ ကူးစက္တတ္ ေသာေရာဂါမ်ားျဖစ္သည့္ အိပ္ခ်္အိုင္ဗြီ၊ ေအအိုင္ဒီအက္စ္၊ အသဲေရာင္အသားဝါ ဘီပိုး၊ စီပိုးႏွင့္ အျခား ကူးစက္ေရာဂါမ်ား ကင္းစင္ရန္လိုအပ္ၿပီး ကင္ဆာေရာဂါႏွင့္ေသဆံုးသူ၊ ေဖာေရာင္ၿပီးေသဆံုးသူ၊ အသက္ (၁၈)ႏွစ္ေအာက္ႏွင့္ အသက္ႀကီးလြန္းၿပီး ပိန္ခ်ံဳးေျခာက္ကပ္ၿပီးေသဆံုးသူ၊ ခႏၶာကိုယ္တြင္ ေပါက္ျပဲစုတ္ ျပတ္၍ ထိခိုက္အနာတရျဖစ္ၿပီး ေသဆံုးသူ မျဖစ္ရန္လည္း လိုအပ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ့္ရဲ႕ ခႏၶာကိုယ္နဲ႔ ေဆးတကၠသိုလ္ေက်ာင္းသူ ေက်ာင္းသားေတြအတြက္ ပညာေရးအေထာက္အကူျဖစ္ေစမယ္။ လူနာေတြအတြက္လည္း ထိေရာက္တဲ့ ကုမႈေတြခံယူႏိုင္ၾကမယ္လို႔ ယံုၾကည္တဲ့အတြက္ သဒၵါေပါက္ၿပီး လွဴဒါန္းျဖစ္တာပါ”ဟု ေမလ(၃၀)ရက္ေန႔တြင္ (၇၃)ဦးေျမာက္အျဖစ္ ခႏၶာကိုယ္လွဴဒါန္းသည့္ ဦးေက်ာ္စြာဝင္း ေျပာသည္။

ေဆးတကၠသိုလ္ မေကြး ခႏၶာေဗဒဌာနသို႔ သက္မဲ့ခႏၶာကိုယ္ လွဴဒါန္းမႈအား လက္ခံခဲ့ရာတြင္ ၂ ၀၁၂ ခုႏွစ္တြင္(၄)ဦး၊ ၂၀၁၃ ခုႏွစ္တြင္(၄)ဦး ၂၀၁၈ ခုႏွစ္တြင္(၁၅၁)ဦး ရိွခဲ့ၿပီး ၂၀၁၉ ခုႏွစ္ ေမလ(၃၀)ရက္ေန႔အထိ (၇၃)ဦး ရရိွထားေၾကာင္း သိရသည္။

သတင္း -  ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒကြေီး၊ မကွေးမြို့ရှိ ဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနအတွက် သေဆုံးသူများ၏ ကျန်ရစ်သည့် ခန္ဓာကိုယ်လှူဒါန်းမှုများ လိုအပ်နေကြောင်း သိရသည်။

“နောက်ပိုင်းမှာတော့ လူသိများလာတာကြောင့် လှူဒါန်းသူ တိုးပွားလာပါတယ်။ အဲ့လို တိုးပွားလာတယ်ဆိုပေမဲ့ ကျောင်းသူကျောင်းသားတွေကို အုပ်စု(၈)စုခွဲပြီး (၃၅)ယောက် တစ်အုပ်စုကိုမှ ခန္ဓာကိုယ်(၁)ခုပဲ ရရှိကြတာဖြစ်လို့ လုံလုံလောက်လောက်လေ့လာ သင်ယူခွင့်ရဖို့က ခန္ဓာကိုယ်အလှူရှင်တွေ လိုအပ်နေပါ သေးတယ်”ဟု ဆေးတက္ကသိုလ်-မကွေး၊ခန္ဓာဗေဒဌာန ကထိက ဒေါက်တာဥမ္မာလှိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆေးတက္ကသိုလ်ရှိ ဘွဲ့လွန်နှင့် ဒုတိယနှစ် ကျောင်းသား ကျောင်းသူများအတွက် ရောဂါမရှိသောသူများ၏ ကိုယ်ခန္ဓာအားလေ့လာကြရခြင်းဖြစ်၍ လှူဒါန်းမည့် အလှူရှင်တွင် ကူးစက်တတ် သောရောဂါများဖြစ်သည့် အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ အသဲရောင်အသားဝါ ဘီပိုး၊ စီပိုးနှင့် အခြား ကူးစက်ရောဂါများ ကင်းစင်ရန်လိုအပ်ပြီး ကင်ဆာရောဂါနှင့်သေဆုံးသူ၊ ဖောရောင်ပြီးသေဆုံးသူ၊ အသက် (၁၈)နှစ်အောက်နှင့် အသက်ကြီးလွန်းပြီး ပိန်ချုံးခြောက်ကပ်ပြီးသေဆုံးသူ၊ ခန္ဓာကိုယ်တွင် ပေါက်ပြဲစုတ် ပြတ်၍ ထိခိုက်အနာတရဖြစ်ပြီး သေဆုံးသူ မဖြစ်ရန်လည်း လိုအပ်ကြောင်း သိရသည်။

“ကျွန်တော့်ရဲ့ ခန္ဓာကိုယ်နဲ့ ဆေးတက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအတွက် ပညာရေးအထောက်အကူဖြစ်စေမယ်။ လူနာတွေအတွက်လည်း ထိရောက်တဲ့ ကုမှုတွေခံယူနိုင်ကြမယ်လို့ ယုံကြည်တဲ့အတွက် သဒ္ဒါပေါက်ပြီး လှူဒါန်းဖြစ်တာပါ”ဟု မေလ(၃၀)ရက်နေ့တွင် (၇၃)ဦးမြောက်အဖြစ် ခန္ဓာကိုယ်လှူဒါန်းသည့် ဦးကျော်စွာဝင်း ပြောသည်။

ဆေးတက္ကသိုလ် မကွေး ခန္ဓာဗေဒဌာနသို့ သက်မဲ့ခန္ဓာကိုယ် လှူဒါန်းမှုအား လက်ခံခဲ့ရာတွင် ၂ ဝ၁၂ ခုနှစ်တွင်(၄)ဦး၊ ၂၀၁၃ ခုနှစ်တွင်(၄)ဦး ၂၀၁၈ ခုနှစ်တွင်(၁၅၁)ဦး ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် မေလ(၃၀)ရက်နေ့အထိ (၇၃)ဦး ရရှိထားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net