မေ 5, 2019
By 🌸
မကွေးတိုင်းဒေသကြီးတွင် မီးသတ်တပ်ဖွဲ့က မီးလောင်မှုဖြစ်ပွားရာသို့ ရောက်ရှိချိန်ပိုမြန်လာသည့်အတွက် ၂၀၁၉ ခုနှစ်တွင် ယခင်နှစ်ထက် မီးလောင်ဆုံးရှုံးမှုတန်ဖိုး လျှော့ချလာနိုင်ကြောင်း သိရသည်။
မကွေးတိုင်း၊ ခရိုင်၊မြို့နယ် မီးသတ်စခန်းများတွင် ဖွဲ့စည်းပုံပြည့်မီသော်လည်း မကွေးတိုင်းအတွင်းရှိ နယ်မြေမီးသတ်စခန်း(၆၉)ခုအနက် စခန်း(၄၀)ကျော်သာ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၁)စီးဖြင့် ဖွဲ့စည်းပုံပြည့်မီပြီး ကျန်စခန်းများတွင် လိုအပ်ချက်များရှိနေသေးသဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ထပ်မံဖြည့် တင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
“မီးသတ်တပ်ဖွဲ့ကို Men Power , Equipment Power နဲ့ Technology Power တွေကို ဟန်ချက်ညီတည်ဆောက်သွားရမှာဖြစ်ပြီး ဘေးအန္တရာယ်တွေရဲ့စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ဖို့ နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနဲ့ ရင်ပေါင်တန်းဆောင်ရွက်နိုင်အောင် တပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်တိုးမြင့်ရေး အတွက် ကြိုးပမ်းသွားရမှာဖြစ်တယ်”ဟု မကွေးမြို့ ခရိုင်အားကစားကွင်း၌ ၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့်  (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား တက်ရောက်လာသည့် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
လက်ရှိအချိန်ထိ တိုင်းဒေသကြီး၊ပြည်နယ် မီးသတ်ဦးစီးမှူးရုံး (၁၅)ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး (၇၄)ရုံး၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး (၃၃၀)၊ မြို့နယ် မီးသတ်စခန်း (၃၃၀)၊ နယ်မြေမီးသတ်စခန်း (၇၀၃)ခု၊ ခွင့်ပြုလူအင်အား (၂၄၆၅၉)ဦး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသွားပြည်သူများအား ကူညီနိုင်ရန် မီးသတ်တပ်ဖွဲ့စခန်း(၁၅)ခု တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး မီးသတ်ယာဉ် စက်အင်အား (၃၄၈၈)စီး၊ ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကရိယာများ ဖြည့်တင်းထားပြီး ပိုလန်နိုင်ငံ၏ Official Development Assistance ODA အစီအစဉ်ဖြင့် ခေတ်မီ ယာဉ်/စက်ပစ္စည်းများနှင့် သင်တန်းများ ပို့ချပေးနေကြောင်း သိရသည်။
မကွေးခရိုင်အားကစားကွင်း၌ ပြုလုပ်ကျင်းပသည့် (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်း အနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာအကြီးအကဲများ ၊အရပ်ဖက်လူမှုအဖွဲ့အ စည်းများ တက်ရောက်ကြကာ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်မှုနှင့် ကယ်ဆယ်ရေးသရုပ်ပြသကြပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးဝန်ကြီးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တို့က ထူးချွန်မီး သတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ #ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းတွင် မီးလောင်မှုများကို အချိန်မီငြိံမ်းသတ်နိုင်လာသဖြင့် ဆုံးရှုံးမှုတန်ဖိုး ယခင်နှစ်ထက် လျော့ကျလာ
***********
မကွေးတိုင်းဒေသကြီးတွင် မီးသတ်တပ်ဖွဲ့က မီးလောင်မှုဖြစ်ပွားရာသို့ ရောက်ရှိချိန်ပိုမြန်လာသည့်အတွက် ၂၀၁၉ ခုနှစ်တွင် ယခင်နှစ်ထက် မီးလောင်ဆုံးရှုုံးမှုတန်ဖိုး လျှော့ချလာနိုင်ကြောင်း သိရသည်။
“ကျွန်တော်တို့ တိုင်းဒေသကြီးက အပူပိုင်းဒေသဖြစ်တာကြောင့် တစ်ခြား ပြည်နယ်တိုင်းတွေထက် မီး လောင်မှုအကြိမ်ရေ များကောင်း များနိုင်ပါတယ်။သို့သော်လည်း တပ်ဖွဲ့က အမြဲတန်း သင့်လေးသင့်နဲ့ မီးလောင်သတင်းရတာနဲ့ ချက်ချင်းထွက်ခွာ ငြိှမ်းသတ်နိုင်ခဲ့တာချည့်ပဲမို့ ဆုံးရှူံးမှုတန်ဘိုးမများအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က (၁၅၅)ကြိမ်လောင်ခဲ့ပြီး ဆုံးရှူံးမှုတန်ဘိုးက သန်း(၁၅၀)ကျော် ရှိခဲ့ပါတယ်။ ဒီနှစ် ဧပြီလကုန်အထိ မီးလောင်မှုအကြိမ်ရေ(၅၀)ကျော်နဲ့ ဆုံးရှူံးမှုတန်ဘိုး သန်း(၅၀) ကျော်ရှိပါတယ်။ မီးလောင်မှုအကြိမ်ရေကလည်း တောမီး၊ မြက်ခြောက်မီးနဲ့ အမှိုက်ပုံမီးတွေကြောင့် များ တာပါ”ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်း၊ ခရိုင်၊မြို့နယ် မီးသတ်စခန်းများတွင် ဖွဲ့စည်းပုံပြည့်မီသော်လည်း မကွေးတိုင်းအတွင်းရှိ နယ်မြေမီးသတ်စခန်း(၆၉)ခုအနက် စခန်း(၄၀)ကျော်သာ မီးငြိှမ်းသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၁)စီးဖြင့် ဖွဲ့စည်းပုံပြည့်မီပြီး ကျန်စခန်းများတွင် လိုအပ်ချက်များရှိနေသေးသဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ထပ်မံဖြည့် တင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
“မီးသတ်တပ်ဖွဲ့ကို Men Power , Equipment Power နဲ့ Technology Power တွေကို ဟန်ချက်ညီတည်ဆောက်သွားရမှာဖြစ်ပြီး ဘေးအန္တရာယ်တွေရဲ့စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ဖို့ နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနဲ့ ရင်ပေါင်တန်းဆောင်ရွက်နိုင်အောင် တပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်တိုးမြင့်ရေး အတွက် ကြိုးပမ်းသွားရမှာဖြစ်တယ်”ဟု မကွေးမြို့ ခရိုင်အားကစားကွင်း၌ ၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့်  (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား တက်ရောက်လာသည့် တိုင်းဒေသကြီး လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
လက်ရှိအချိန်ထိ တိုင်းဒေသကြီး၊ပြည်နယ် မီးသတ်ဦးစီးမှူးရုံး (၁၅)ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး (၇၄)ရုံး၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး (၃၃၀)၊ မြို့နယ် မီးသတ်စခန်း (၃၃၀)၊ နယ်မြေမီးသတ်စခန်း (၇၀၃)ခု၊ ခွင့်ပြုလူအင်အား (၂၄၆၅၉)ဦး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသွားပြည်သူများအား ကူညီနိုင်ရန် မီးသတ်တပ်ဖွဲ့စခန်း(၁၅)ခု တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး မီးသတ်ယာဉ် စက်အင်အား (၃၄၈၈)စီး၊ ခေတ်မီ မီးငြိှမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကရိယာများ ဖြည့်တင်းထားပြီး ပိုလန်နိုင်ငံ၏ Official Development Assistance ODA အစီအစဉ်ဖြင့် ခေတ်မီ ယာဉ်/စက်ပစ္စည်းများနှင့် သင်တန်းများ ပို့ချပေးနေကြောင်း သိရသည်။
မကွေးခရိုင်အားကစားကွင်း၌ ပြုလုပ်ကျင်းပသည့် (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်း အနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာအကြီးအကဲများ ၊အရပ်ဖက်လူမှုအဖွဲ့အ စည်းများ တက်ရောက်ကြကာ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိှမ်းသတ်မှုနှင့် ကယ်ဆယ်ရေးသရုပ်ပြသကြပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးဝန်ကြီးနှင့် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တို့က ထူးချွန်မီး သတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ #ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net