ထိုင်းနိုင်ငံတွင် မြန်မာကြံခင်းလုပ်သားကို သတ်သွားသည့် မြန်မာ (၄)ဦးကို ဖမ်းဆီးရမိ

ထိုင်းနိုင်ငံတွင် မြန်မာကြံခင်းလုပ်သားကို သတ်သွားသည့် မြန်မာ (၄)ဦးကို ဖမ်းဆီးရမိ
မေ 17, 2019
By 🌸
ထိုင်းနိုင်ငံတွင် ကြံခင်းလုပ်သားတစ်ဦးကို သတ်သွားသည့်  မြန်မာရွှေ့ပြောင်းလုပ်သား(၄)ဦးကို လူသတ်မှုဖြစ်ပြီး (၅)ရက်အကြာတွင် ဖမ်းဆီးရမိထားပြီး အသတ်ခံရသူက အဆိုပါ(၄)ဦးအနက် တစ်ဦး၏ ဇနီးဖြစ်သူနှင့်အိပ်ချင်သည်ဟုပြောသဖြင့် သတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။

ခလွန်ခန်ရှိ ကြံခင်းအတွင်း ပုန်းအောင်းနေသူ (၃)ဦးကို ထိုင်းရဲနှင့်လဝကပူးပေါင်းပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၁၅)ရက်နေ့တွင် ပိတ်ဆို့ဖမ်းဆီးရမိခဲ့ပြီးနောက် ကျန်တစ်ဦးကိုလည်း ဆက်လက်ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖိကျစ်ခရိုင်ရှိ ကြံခင်းအတွင်း ကြံခင်းလုပ်သားမြန်မာလုပ်သားတစ်ဦး မေလ (၁၀)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်က အသတ်ခံရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူနှင့် လူသတ်မှုကျူးလွန်သူ (၄)ဦးတို့သည် အခင်းဖြစ်ညနေက ကြံခင်းအနီး အလုပ်သမားနားနေရန်နေရာတွင် အရက်အတူသောက်နေကြစဉ် အသတ်ခံရသူက ၎င်းတို့အဖွဲ့မှတစ်ဦး၏ ဇနီးနှင့် အိပ်ချင်သည်ဟုပြောသဖြင့် ဒေါသဖြစ်ကာ ဝိုင်းရိုက်ပြီး ကတ်ကြေးဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

ယင်းနောက် အလောင်းအား လမ်းဘေးသစ်ပင်အောက်တွင် ပစ်ထားခဲ့ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူ (၄)ဦးကို မေလ (၁၆)ရက်နေ့က ဖိကျစ်ခရိုင်သို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတြင်ျမန္မာကြံခင်းလုပ်သားကို သတ်ြသားသည့်ျမန္မာ (၄)ဦးကို ဖမ်းဆီးရမိ
****************
ထိုင်းနိုင်ငံတြင် ကြံခင်းလုပ်သားတစ်ဦးကို သတ်ြသားသည့်ျမန္မာရွှေ့ျေပာင်းလုပ်သား(၄)ဦးကို လူသတ္မျှုဖစ်ပြီး (၅)ရက်အကြာတြင် ဖမ်းဆီးရမိထားပြီး အသတ္ခံရသူက အဆိုပါ(၄)ဦးအနက် တစ်ဦး၏ ဇနီျးဖစ်သူနွင့်အိပ္ခ်င်သည်ဟျုေပာသျဖင့် သတ္ပစ္ချဲ့ခင်ျးဖစ်ကြောင်း ထြက္ဆိုထားသည်ဟု သိရသည်။

ခလြန္ခန်ရွိ ကြံခင်းအတြင်း ပုန်းအောင်းနေသူ (၃)ဦးကို ထိုင်းရဲနွင့်လဝကပူးပေါင်းပါဝင်သည့်အဖြဲ့က ၂၀၁၉ ခုနွစ်၊ မေလ (၁၅)ရက်နေ့တြင် ပိတ္ဆို့ဖမ်းဆီးရမိခဲ့ပြီးနောက် က်န္တစ်ဦးကိုလည်း ဆက္လက်ဖေါ်ထုတ် ဖမ်းဆီးနိုင္ချဲ့ခင်ျးဖစ်ကြောင်း သိရသည်။

ဖိက်စ္ခရိုင်ရွိ ကြံခင်းအတြင်း ကြံခင်းလုပ်သာျးမန္မာလုပ်သားတစ်ဦး မေလ (၁၀)ရက်နေ့ ညေန (၅)နာရီဝန်းက်င္က အသတ္ခံရသျဖင့် ရဲတပ္ဖြဲ့က စုံစမ်းရွာဖြေချဲ့ခင်ျးဖစ်သည်။

အသတ္ခံရသူနွင့် လူသတ္မှုက်ူးလြန်သူ (၄)ဦးတို့သည် အခင်ျးဖစ်ေညနက ကြံခင်းအနီး အလုပ်သမားနားနေရန်နေရာတြင် အရက်အတူသောက်နေကြစဉ် အသတ္ခံရသူက ၎င်းတို့အဖြဲ့မွတစ်ဦး၏ ဇနီးနွင့် အိပ္ခ်င်သည်ဟျုေပာသျဖင့် ဒေါသျဖစ္ကာ ဝိုင်းရိုက်ပြီး ကတ်ကြေျးဖင့်ထိုးသတ္ချဲ့ခင်ျးဖစ်သည်ဟု ထြက္ဆိုထားကြောင်း သိရသည်။

ယင်းနောက် အေလာင်းအား လမ်းဘေးသစ္ပင်အောက္တြင် ပစ္ထားခဲ့ကာ ထြက်ျေပးတိမ်းရွောင္ခဲ့ကျြခင်ျးဖစ်ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူ (၄)ဦးကို မေလ (၁၆)ရက်နေ့က ဖိက်စ္ခရိုင်သို့ လွှျဲေပာင်းပေးထားကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net