မေကြးၿမိဳ႕နယ္အတြင္း မိုးရေနာက္က်ခ့ဲရာမွ ေမလ(၂၈)ရက္ေန႔တြင္ ရြာသြန္းခ့ဲသည့္ မိုးေၾကာင့္ ေတာင္သူမ်ား စိုက္ပ်ိဳးေရးလုပ္ငန္းခြင္သို႔ စတင္ ဝင္ေရာက္

မေကြးၿမိဳ႕နယ္အတြင္း မိုးရေနာက္က်ခ့ဲရာမွ ေမလ(၂၈)ရက္ေန႔တြင္ ရြာသြန္းခ့ဲသည့္ မိုးေၾကာင့္ ေတာင္သူမ်ား စိုက္ပ်ိဳးေရးလုပ္ငန္းခြင္သို႔ စတင္ ဝင္ေရာက္
မေ 29, 2019
By Tachileik News Agency

ဧၿပီလအတြင္းက သႀကၤန္မိုးအျဖစ္ မိုးမရြာခဲ့ေသာ္လည္း  ေမလ(၂၈)ရက္ေန႔ ညေနပိုင္းက  ရြာသြန္းခ့ဲသည့္မိုးေၾကာင့္ မေကြးျမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားမွ ေတာင္သူမ်ား စိုက္ပ်ိဳးေရး လုပ္ငန္းခြင္သို႔ စတင္ဝင္ေရာက္ လုပ္ကိုင္ေနၾကၿပီျဖစ္ေၾကာင္း ေတာင္သူမ်ားထံမွ သိရသည္။

“မိုးက ေနာက္က်လြန္းေတာ့ အခုစိုက္ပ်ိဳးၾကတဲ့သီးႏွံမွာ အထြက္ႏႈန္းက်နိုင္သလို ေနာက္သီးႏွံ ျပန္က်ဲရမယ့္အခ်ိန္ပါ ေနာက္က်ရေတာ့မွာျဖစ္လို႔ ေတာင္သူေတြအတြက္ စိုးရိမ္စရာပါပဲ။ ဘာပဲျဖစ္ျဖစ္ အခုလို တစ္မိုး ေကာင္းေကာင္း ရလိုက္ေတာ့လည္း ဝမ္းသာအားရနဲ႔ ထြန္ၾက က်ဲၾကရတာေပါ့”ဟု မႀကီးကန္ေက်း ရြာမွ ေတာင္သူ ဦးေသာင္းေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕နယ္အတြင္းရိွ ေတာင္သူမ်ားမွာ မိုးကို အဓိကအားထား၍ စိုက္ပ်ိဳးၾကရသည္ျဖစ္ရာ ယခင္ ႏွစ္ မ်ားက ဧျပီလတြင္ ရြာသြန္းသည့္မိုးျဖင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား စတင္ လုပ္ကိုင္ႏိုင္ခ့ဲၾကေသာ္လည္း ယခုႏွစ္၌ ဧၿပီလတြင္ မိုးမရရိွခဲ့ဘဲ မိုးရေနာက္က်လြန္းေနခဲ့ရာမွ ၂၀၁၉ခုႏွစ္ ေမလ(၂၈)ရက္ေန႔ ညေနပိုင္းတြင္ ရြာသြန္းသည့္မိုးေၾကာင့္ စိုက္ပ်ိဳးေရး လုပ္ငန္းခြင္သို႔ ဝင္ေရာက္ႏိုင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“မိုးဦးက်မွာ ႏွစ္စဥ္ ႏွမ္း သို႔မဟုတ္ ေျမပဲ စိုက္ပ်ိဳးေလ့ရိွၾကၿပီး မိုးေနာက္ပိုင္းမွာ ေဆာင္းေျမပဲနဲ႔ ပဲတီစိမ္း ပဲလြန္းတို႔ကို ေနာက္သီးႏွံအျဖစ္ ဆက္လက္စိုက္ပ်ိဳးေလ့ရိွၾကပါတယ္။ ႏွမ္းမ်ိဳးကေတာ့ စမံႈနက္၊ စက္လွည့္ ၊ ေရႊတစ္ဆုတ္နဲ႔ ဂြေလးနီတို႔ အစိုက္မ်ားပါတယ္။ စိုက္ပ်ိဳးစရိတ္သြင္းအားစုအေနနဲ႔ ႏွမ္းဆိုရင္ တစ္ဧက ေလးသိန္းဝန္းက်င္၊ ေျမပဲဆိုရင္ တစ္ဧက(၇)သိန္းဝန္းက်င္ေလာက္ ကုန္က်မႈရိွႏိုင္ပါတယ္”ဟု ဦးေသာင္းေဌးက ေျပာသည္။

၂၀၁၉ခုႏွစ္ ေမလ(၂၈)ရက္ေန႔ ညေနပိုင္းက ရြာသြန္းသည့္မိုးကို မေကြးၿမိဳ႕နယ္အတြင္းရိွ ေက်းရြာအေတာ္မ်ားမ်ား ရရိွၾကေၾကာင္း သိရၿပီး ေျမအစိုဓာတ္ကို ေကာင္းေကာင္းထိန္းထားႏိုင္ေလာက္ေအာင္ ရရိွၾကျခင္းျဖစ္၍ ေနာက္တစ္လခန္႔အထိ မိုးခြာသြားလွ်င္ပင္ သီးႏွံပင္မ်ားအတြက္ စိုးရိမ္ဖြယ္ရာမရိွေသာ္လည္း အပင္ေပါက္ ခ်ိန္ ေလျပင္းမ်ားက်ေရာက္ပါက အပင္ေလးမ်ား ဇက္ျပတ္ပ်က္စီးႏိုင္ေၾကာင္း သိရသည္။

မေကြးျမိဳ႕နယ္၌ ယခုႏွစ္ မိုးရာသီတြင္ ႏွမ္းဧက(၁၈၀,၀၀၀)ေက်ာ္ စိုက္ပ်ိဳးမည္ျဖစ္ျပီး ေျမပဲဧက (၆၀,၀၀၀) မွ (၈၀,၀၀၀)အထိ စိုက္ပ်ိဳးရန္လ်ာထားေႀကာင္း မေကြးျမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။

Tachileik News Agency
သတင္း - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဧပြီလအတွင်းက သင်္ကြန်မိုးအဖြစ် မိုးမရွာခဲ့သော်လည်း မေလ(၂၈)ရက်နေ့ ညနေပိုင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းခွင်သို့ စတင်ဝင်ရောက် လုပ်ကိုင်နကြပြေီဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

“မိုးက နောက်ကျလွန်းတော့ အခုစိုက်ပျိုးကြတဲ့သီးနှံမှာ အထွက်နှုန်းကျနိုင်သလို နောက်သီးနှံ ပြန်ကျဲရမယ့်အချိန်ပါ နောက်ကျရတော့မှာဖြစ်လို့ တောင်သူတွေအတွက် စိုးရိမ်စရာပါပဲ။ ဘာပဲဖြစ်ဖြစ် အခုလို တစ်မိုး ကောင်းကောင်း ရလိုက်တော့လည်း ဝမ်းသာအားရနဲ့ ထွန်ကြ ကျဲကြရတာပေါ့”ဟု မကြီးကန်ကျေး ရွာမှ တောင်သူ ဦးသောင်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့နယ်အတွင်းရှိ တောင်သူများမှာ မိုးကို အဓိကအားထား၍ စိုက်ပျိုးကြရသည်ဖြစ်ရာ ယခင် နှစ် များက ဧပြီလတွင် ရွာသွန်းသည့်မိုးဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ စတင် လုပ်ကိုင်နိုင်ခဲ့ကြသော်လည်း ယခုနှစ်၌ ဧပြီလတွင် မိုးမရရှိခဲ့ဘဲ မိုးရနောက်ကျလွန်းနေခဲ့ရာမှ ၂၀၁၉ခုနှစ် မေလ(၂၈)ရက်နေ့ ညနေပိုင်းတွင် ရွာသွန်းသည့်မိုးကြောင့် စိုက်ပျိုးရေး လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“မိုးဦးကျမှာ နှစ်စဉ် နှမ်း သို့မဟုတ် မြေပဲ စိုက်ပျိုးလေ့ရှိကြပြီး မိုးနောက်ပိုင်းမှာ ဆောင်းမြေပဲနဲ့ ပဲတီစိမ်း ပဲလွန်းတို့ကို နောက်သီးနှံအဖြစ် ဆက်လက်စိုက်ပျိုးလေ့ရှိကြပါတယ်။ နှမ်းမျိုးကတော့ စမှုံနက်၊ စက်လှည့်၊ ရွှေတစ်ဆုတ်နဲ့ ဂွလေးနီတို့ အစိုက်များပါတယ်။ စိုက်ပျိုးစရိတ်သွင်းအားစုအနေနဲ့ နှမ်းဆိုရင် တစ်ဧက လေးသိန်းဝန်းကျင်၊ မြေပဲဆိုရင် တစ်ဧက(၇)သိန်းဝန်းကျင်လောက် ကုန်ကျမှုရှိနိုင်ပါတယ်”ဟု ဦးသောင်းဌေးက ပြောသည်။

၂၀၁၉ခုနှစ် မေလ(၂၈)ရက်နေ့ ညနေပိုင်းက ရွာသွန်းသည့်မိုးကို မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအတော်များများ ရရှိကြကြောင်း သိရပြီး မြေအစိုဓာတ်ကို ကောင်းကောင်းထိန်းထားနိုင်လောက်အောင် ရရှိကြခြင်းဖြစ်၍ နောက်တစ်လခန့်အထိ မိုးခွာသွားလျှင်ပင် သီးနှံပင်များအတွက် စိုးရိမ်ဖွယ်ရာမရှိသော်လည်း အပင်ပေါက် ချိန် လပြေင်းများကျရောက်ပါက အပင်လေးများ ဇက်ပြတ်ပျက်စီးနိုင်ကြောင်း သိရသည်။

မကွေးမြို့နယ်၌ ယခုနှစ် မိုးရာသီတွင် နှမ်းဧက(၁၈၀,ဝဝဝ)ေကျာ် စိုက်ပျိုးမည်ဖြစ်ပြီး မြေပဲဧက (၆၀,ဝဝဝ) မှ (၈၀,ဝဝဝ)အထိ စိုက်ပျိုးရန်လျာထားကြောင်း မကွေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net