ထုိင္းနုိင္ငံတြင္ ရဲအရာရိွတစ္ဦးႏွင့္အရပ္သား(၅)ဦးကို ျပန္ေပးဆြဲသည့္အဖြဲ႕တြင္ ရဲအရာရိွမ်ားပါဝင္ေနေၾကာင္း ကနဦးစစ္ေဆးေတြ႔ရိွထား

ထုိင္းနုိင္ငံတြင္ ရဲအရာရိွတစ္ဦးႏွင့္အရပ္သား(၅)ဦးကို ျပန္ေပးဆြဲသည့္အဖြဲ႕တြင္ ရဲအရာရိွမ်ားပါဝင္ေနေၾကာင္း ကနဦးစစ္ေဆးေတြ႔ရိွထား
မေ 12, 2019
By 🌸
ထုိင္းႏုိင္ငံ ပတၳနီမွ ရဲအရာရိွတစ္ဦးႏွင့္ သူငယ္ခ်င္း(၅)ဦးကို ျပန္ေပးဆြဲကာ ဘတ္(၅)သိန္းေတာင္းခံသည့္ ျပန္ေပးအဖြဲ႕တြင္ ရဲအရာရိွ အနည္းဆံုး (၃)ဦးပါဝင္ေနသည္ကို စစ္ေဆးေတြ႔ရိွထားေၾကာင္း သိရသည္။

လူ(၁၀)ဦးခန္႔ပါဝင္သည့္အဖြဲ႕က ပတၳနီမွ ရဲအရာရိွႏွင့္ အရပ္သား (၅)ဦးတုိ႔ကို ၂၀၁၉ ခုႏွစ္ မတ္လ(၂၆)ရက္ေန႔တြင္ ဖမ္းဆီးေခၚေဆာင္သြားၿပီး ရဲအရာရိွ၏ ပစၥတိုႏွစ္လက္ကို သိမ္းဆည္းသြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ျပန္ေပးဆြဲသူမ်ားက ဘတ္(၅)သိန္းေတာင္းဆိုရာ ဘတ္ (၂)သိန္းကို အႀကိမ္ခြဲ၍ေပးရန္ႏွင့္ ရဲအရာရိွ၏ကားကို အာမခံအျဖစ္ထားရိွရန္သေဘာတူညိႇႏိႈင္းၿပီး ျပန္ေပးဆြဲခံရသူမ်ား ျပန္လည္လြတ္ေျမာက္လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ျပန္ေပးဆြဲခံရသည့္ ရဲအရာရိွက က်န္ရိွသည့္ ဘတ္ေငြ (၈၀၀၀၀)ျဖင့္ အာမခံထားရိွသည့္ကားအား ျပန္သြားေရြးခ်ိန္တြင္ အဆုိပါကားအား မူးယစ္ဂိုဏ္းသို႔ေပါင္ႏွံထားသျဖင့္ ဘတ္ေငြ (၂)သိန္းကို အတိုးႏႈန္း (၁၀)ရာခုိင္ႏႈန္းျဖင့္ ျပန္လည္ေရြးယူရန္ ျပန္ေပးသမားမ်ားက ထပ္မံေျပာဆိုလာျခင္းျဖစ္ေၾကာင္း သိရသည္။

အကယ္၍ ရဲအရာရိွအေနျဖင့္ ေငြေၾကးထပ္မေပးဘဲ ရဲတပ္ဖြဲ႕ထံတုိင္ၾကားပါက ၎၏ကားႏွင့္အတူ မူးယစ္ေဆးမ်ား ဖမ္းဆီးရရိွေၾကာင္း သတင္းထုတ္မည္ဟု ၿခိမ္းေျခာက္ထားသည့္အျပင္ ၾကားထဲမွ ညိႇႏိႈင္းေပးသည့္အမ်ိဳးသမီးထံမွ ၿခိမ္းေျခာက္ေတာင္းခံစာမ်ားလည္း ေပးပို႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျပန္ေပးမႈကို စံုစမ္းေဖၚထုတ္ေနဆဲျဖစ္ၿပီး လက္ရိွတြင္ ေဖၚထုတ္ရရိွထားသည့္ (၄)ဦးအနက္ (၃)ဦးမွာ ရဲအရာရိွမ်ားျဖစ္ၿပီး (၁)ဦးမွာ အမ်ိဳးသမီးျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် ရဲအရာရှိတစ်ဦးနှင့်အရပ်သား(၅)ဦးကို ပြန်ပေးဆွဲသည့်အဖွဲ့တွင် ရဲအရာရှိများပါဝင်နေကြောင်း ကနဦးစစ်ဆေးတွေ့ရှိထား
**************
ထိုင်းနိုင်ငံ ပတ္ထနီမှ ရဲအရာရှိတစ်ဦးနှင့် သူငယ်ချင်း(၅)ဦးကို ပြန်ပေးဆွဲကာ ဘတ်(၅)သိန်းတောင်းခံသည့် ပြန်ပေးအဖွဲ့တွင် ရဲအရာရှိ အနည်းဆုံး (၃)ဦးပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

လူ(၁၀)ဦးခန့်ပါဝင်သည့်အဖွဲ့က ပတ္ထနီမှ ရဲအရာရှိနှင့် အရပ်သား (၅)ဦးတို့ကို ၂၀၁၉ ခုနှစ် မတ်လ(၂၆)ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲအရာရှိ၏ ပစ္စတိုနှစ်လက်ကို သိမ်းဆည်းသွားကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပြန်ပေးဆွဲသူများက ဘတ်(၅)သိန်းတောင်းဆိုရာ ဘတ် (၂)သိန်းကို အကြိမ်ခွဲ၍ပေးရန်နှင့် ရဲအရာရှိ၏ကားကို အာမခံအဖြစ်ထားရှိရန်သဘောတူညှိနှိုင်းပြီး ပြန်ပေးဆွဲခံရသူများ ပြန်လည်လွတ်မြောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသည့် ရဲအရာရှိက ကျန်ရှိသည့် ဘတ်ငွေ (၈၀၀၀၀)ဖြင့် အာမခံထားရှိသည့်ကားအား ပြန်သွားရွေးချိန်တွင် အဆိုပါကားအား မူးယစ်ဂိုဏ်းသို့ပေါင်နှံထားသဖြင့် ဘတ်ငွေ (၂)သိန်းကို အတိုးနှုန်း (၁၀)ရာခိုင်နှုန်းဖြင့် ပြန်လည်ရွေးယူရန် ပြန်ပေးသမားများက ထပ်မံပြောဆိုလာခြင်းဖြစ်ကြောင်း သိရသည်။

အကယ်၍ ရဲအရာရှိအနေဖြင့် ငွေကြေးထပ်မပေးဘဲ ရဲတပ်ဖွဲ့ထံတိုင်ကြားပါက ၎င်း၏ကားနှင့်အတူ မူးယစ်ဆေးများ ဖမ်းဆီးရရှိကြောင်း သတင်းထုတ်မည်ဟု ခြိမ်းခြောက်ထားသည့်အပြင် ကြားထဲမှ ညှိနှိုင်းပေးသည့်အမျိုးသမီးထံမှ ခြိမ်းခြောက်တောင်းခံစာများလည်း ပေးပို့နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်ပေးမှုကို စုံစမ်းဖေါ်ထုတ်နေဆဲဖြစ်ပြီး လက်ရှိတွင် ဖေါ်ထုတ်ရရှိထားသည့် (၄)ဦးအနက် (၃)ဦးမှာ ရဲအရာရှိများဖြစ်ပြီး (၁)ဦးမှာ အမျိုးသမီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net