အပူချိန်ပြင်းထန်မှုကြောင့် မကွေးတိုင်းပြည်သူ့ဆေးရုံသို့ ရောက်လာသည့် လူနာ (၂၇)ဦး အနက် (၄)ဦးသေဆုံးအပူချိန်ပြင်းထန်မှုကြောင့် မကွေးတိုင်းပြည်သူ့ဆေးရုံသို့ ရောက်လာသည့် လူနာ (၂၇)ဦး အနက် (၄)ဦးသေဆုံးအပူချိန်ပြင်းထန်မှုကြောင့် မကွေးတိုင်းပြည်သူ့ဆေးရုံသို့ ရောက်လာသည့် လူနာ (၂၇)ဦး အနက် (၄)ဦးသေဆုံး
အပူချိန်ပြင်းထန်မှုကြောင့် မကွေးတိုင်းပြည်သူ့ဆေးရုံသို့ ရောက်လာသည့် လူနာ (၂၇)ဦး အနက် (၄)ဦးသေဆုံးအပူချိန်ပြင်းထန်မှုကြောင့် မကွေးတိုင်းပြည်သူ့ဆေးရုံသို့ ရောက်လာသည့် လူနာ (၂၇)ဦး အနက် (၄)ဦးသေဆုံးအပူချိန်ပြင်းထန်မှုကြောင့် မကွေးတိုင်းပြည်သူ့ဆေးရုံသို့ ရောက်လာသည့် လူနာ (၂၇)ဦး အနက် (၄)ဦးသေဆုံး
မေ 29, 2019
By Tachileik News Agency
အပူချိန်မြင့်မားနေချိန်တွင် အပြင်ထွက်ခြင်း၊ အရက်သေစာသောက်စားခြင်းတို့ကို  တတ်နိုင်သမျှ ရှောင်ရှားရန်လိုအပ်ပြီး ရေဓါတ်ခန်းခြောက်မှုမရှိစေရန် ရေများများသောက်ခြင်းကို ပြုလုပ်ပေးသင့်ကြောင်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။
သတင်း - ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းဒေသကြီးတွင် အပူချိန်ပြင်းထန်နေသဖြင့် ဆေးရုံတက်ရသည့်လူနာအရေအတွက်မှာ ၂၀၁၉ ခုနှစ်၊ မေလနောက်ဆုံးပတ်အထိ (၂၇)ဦး ရှိသည့်အနက် သွေးတိုး၊ ဆီးချိုရောဂါအခံရှိသူ (၄)ဦး သေဆုံးသွားကြောင်း သိရသည်။
“အရမ်းသတိလစ်ပြီး Heat Stroke ပုံစံမျိုးနဲ့ ရောက်လာတာမျိုးမဟုတ်ဘဲ အခြားရောဂါ ဥပမာ ဆီးချိုတို့ သွေးတိုးတို့ကြောင့် ရောက်လာကြတာက များပါတယ်။ ဒီနေ့အထိ (၂၇)ယောက် ရှိပါပြီ။ အဲဒီထဲက (၄) ယောက် အသေအပျောက်ရှိပါတယ်။ ဒါကလည်း စောစောကပြောသလိုပဲ တစ်ခြားရောဂါ သွေးတိုးတို့ ဆီးချိုတို့ တွဲပြီးရှိနကြေသူတွေပါ”ဟု ဆေးရုံအုပ်ဒေါက်တာဇင်မင်းဖွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းတွင် ၂၀၁၈ ခုနှစ် နွေရာသီအတွင်းက တိုင်းဆေးရုံကြီးသို့ အပူချိန်မြင့်တက်မှုကြောင့် တက်ရောက်ဆေးကုသမှုခံယူခဲ့ရသူ (၆) ဦးရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။
အပူဒဏ်ပြင်းထန်မှုကြောင့် ဆေးကုသမှုခံယူနေရသူအများစုမှာ အသက်(၅၀)နှင့်အထက်မှာ အများစုဖြစ်ပြီး လမ်းလုပ်သားများကဲ့သို့ နေပူထဲတွင်အလုပ်လုပ်ရသူများလည်း ပါဝင်ကြောင်း သိရသည်။
အပူချိန်မြင့်မားနေချိန်တွင် အပြင်ထွက်ခြင်း၊ အရက်သေစာသောက်စားခြင်းတို့ကို တတ်နို်င်သမျှ ရှောင်ရှားရန်လိုအပ်ပြီး ရေဓာတ်ခန်းခြောက်မှုမရှိစေရန် ရေများများသောက်ခြင်းကို ပြုလုပ်ပေးသင့်ကြောင်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net