ႏုိင္ငံ ေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ခရီးစဥ္ရိွေနသည့္ မေကြးၿမိဳ႕တြင္ ပန္းၿခံအတြင္းစြန္႔ပစ္ထားသည့္ က်ည္ဆံ (၇၈၂)ေတာင့္ သိမ္းဆည္းရမိ

ႏုိင္ငံ ေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ခရီးစဥ္ရိွေနသည့္ မေကြးၿမိဳ႕တြင္ ပန္းၿခံအတြင္းစြန္႔ပစ္ထားသည့္ က်ည္ဆံ (၇၈၂)ေတာင့္ သိမ္းဆည္းရမိ
မေ 10, 2019
By Tachileik News Agency

မေကြးၿမိဳ႕တြင္ ေရာက္ရိွေနသည့္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တည္းခိုေနထိုင္သြားသည့္ ဟိုတယ္ရိွရာ ကမ္းနားလမ္းမွ ပန္းၿခံတစ္ခုတြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၀)ရက္ေန႔က က်ည္ဆံ (၇၈၂)ေတာင့္ကို ေတြ႔ရိွရသျဖင့္ ရဲတပ္ဖြဲ႕က နယ္ေျမခံတပ္ထံ လႊဲေျပာင္းေပးရန္ စီစဥ္ေနေၾကာင္း သိရသည္။

“ဒီေန႔မနက္ (၁၀) နာရီေလာက္က ကမ္းနားလမ္း ေက်ာက္သားဥယ်ာဥ္နားမွာ က်ည္ဆံေတြေတြ႔တယ္ဆိုၿပီး ဖုန္းဝင္လာလို႔ လာေရာက္ စစ္ေဆးၿပီး သိမ္းဆည္းခဲ့တာပါ။ ေဆးသုတ္လုပ္သားေတြက ေတြ႔ရိွတာျဖစ္ၿပီး ပီနံအိတ္ ႏွစ္လံုးနဲ႔ထုတ္ထားတဲ့ က်ည္ဆံစုစုေပါင္း (၇၈၂) ေတာင့္ပါ။က်ည္အမ်ိဳးအစားက (၅.၅၆)ျဖစ္ၿပီး ပထမအထုပ္မွာ အေတာင့္(၄၃၀)၊ ေနာက္တစ္ထုပ္မွာ (၃၅၂)ေတာင့္ပါ။ M-16 ၊ AK-47 ၊ M-21 နဲ႔ M စီးရီး ေတြ ပစ္လို႔ရတဲ့ က်ည္ေတြျဖစ္ပါတယ္”ဟု မေကြးၿမိဳ႕မရဲစခန္း ေခတၱရဲစခန္းမွဴး ဒုရဲမွဴး စိုးသိန္းထြန္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ည္ဆံမ်ား လာေရာက္စြန္႔ပစ္ထားသည့္ ေက်ာက္သားဥယ်ာဥ္သည္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေမလ (၉)ရက္ေန႔က တည္းခိုေနထုိင္သြားသည့္ နန္းထုိက္သူဟိုတယ္ရိွရာ ကမ္းနားလမ္းတြင္ရိွေနျခင္းျဖစ္ၿပီး ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ မေကြးၿမိဳ႕မွ နတ္ေမာက္ၿမိဳ႕သို႔ ထြက္ခြာသြားၿပီး နာရီပိုင္းအတြင္း အဆိုပါက်ည္မ်ားကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ခဲယမ္းေတြ ေတြ႔တဲ့ေနရာက ႏုိင္ငံေတာ္အတုိင္ပင္ခံ လူထုေတြ႔ဆံုပြဲလုပ္တဲ့ေနရာနဲ႔ေတာ့ တစ္ျခားစီပါ။ ရဲတပ္ဖြဲ႕က စစ္ေဆးတာ လုပ္ေနပါတယ္”ဟု မေကြးတုိင္းအစိုးရအဖဲြ႕ရံုးမွ ညႊန္ၾကားေရးမွဴး ဦးတင္ဝင္းေရႊက ေမလ(၁၀)ရက္ေန႔ ေန႔လည္ပိုင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ က်ည္ဆံမ်ားအား ေက်ာက္သားဥယ်ာဥ္တြင္ အုတ္ခံုေဆးသုတ္လုပ္ငန္းဝင္ေနသည့္ စည္ပင္ေန႔ စားဝန္ထမ္း ေဆးသုတ္လုပ္သားမ်ားက ေတြ႔ရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေက်ာက္သားဥယ်ာဥ္ ေဆးသုတ္လုပ္ငန္း ဒီေန႔ လက္စသတ္တဲ့ေန႔ပါ။ အရင္ေန႔ေတြက မေတြ႔ရဘဲ ဒီေန႔မနက္ (၉) နာရီခဲြေလာက္မွာ ကၽြန္ေတာ္က အဲဒီက်ည္ဆံအိတ္ေပၚဖင္ထိုင္ၿပီး ေဆးသုတ္ေနခဲ့တာပါ။ စူးတယ္ဆိုၿပီး သံေတြထင္လို႔ အိတ္ကိုဖြင့္ၾကည့္လိုက္ေတာ့ က်ည္ဆံေတြျဖစ္ေနတာေၾကာင့္ အနားက လက္ဘက္ရည္ဆိုင္ ပိုင္ရွင္က တစ္ဆင့္ ရပ္ကြက္ကတာဝန္ရိွတဲ့သူေတြကို ဆက္ၿပီးအေၾကာင္းၾကားခဲ့တာပါ” ဟု ေဆးသုတ္လုပ္သား ကိုဦးက ေျပာသည္။

အဆိုပါ က်ည္ဆံေတြ႔ရိွမႈမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္ မေကြးၿမိဳ႕တြင္ ေမလ (၉)ရက္ေန႔က ေတြ႔ဆံုပဲြျပဳလုပ္ၿပီး နတ္ေမာက္ၿမိဳ႕သို႔ ေမလ(၁၀)ရက္ေန႔ နံနက္ပိုင္းက ခရီးစဥ္ ဆက္လက္ထြက္ခြာသြားၿပီး နာရီပိုင္းအတြင္း ေတြ႔ရိွျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း/ဓာတ္ပံု- ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးမြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တည်းခိုနေထိုင်သွားသည့် ဟိုတယ်ရှိရာ ကမ်းနားလမ်းမှ ပန်းခြံတစ်ခုတွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၀)ရက်နေ့က ကျည်ဆံ (၇၈၂)တောင့်ကို တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က နယ်မြေခံတပ်ထံ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း သိရသည်။

“ဒီနေ့မနက် (၁၀) နာရီလောက်က ကမ်းနားလမ်း ကျောက်သားဥယျာဉ်နားမှာ ကျည်ဆံတွေတွေ့တယ်ဆိုပြီး ဖုန်းဝင်လာလို့ လာရောက် စစ်ဆေးပြီး သိမ်းဆည်းခဲ့တာပါ။ ဆေးသုတ်လုပ်သားတွေက တွေ့ရှိတာဖြစ်ပြီး ပီနံအိတ် နှစ်လုံးနဲ့ထုတ်ထားတဲ့ ကျည်ဆံစုစုပေါင်း (၇၈၂) တောင့်ပါ။ကျည်အမျိုးအစားက (၅.၅၆)ဖြစ်ပြီး ပထမအထုပ်မှာ အတောင့်(၄၃၀)၊ နောက်တစ်ထုပ်မှာ (၃၅၂)တောင့်ပါ။ M-16၊ AK-47၊ M-21 နဲ့ M စီးရီး တွေ ပစ်လို့ရတဲ့ ကျည်တွဖြေစ်ပါတယ်”ဟု မကွေးမြို့မရဲစခန်း ခေတ္တရဲစခန်းမှူး ဒုရဲမှူး စိုးသိန်းထွန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျည်ဆံများ လာရောက်စွန့်ပစ်ထားသည့် ကျောက်သားဥယျာဉ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မေလ (၉)ရက်နေ့က တည်းခိုနေထိုင်သွားသည့် နန်းထိုက်သူဟိုတယ်ရှိရာ ကမ်းနားလမ်းတွင်ရှိနခြေင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မကွေးမြို့မှ နတ်မောက်မြို့သို့ ထွက်ခွာသွားပြီး နာရီပိုင်းအတွင်း အဆိုပါကျည်များကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ခဲယမ်းတွေ တွေ့တဲ့နေရာက နိုင်ငံတော်အတိုင်ပင်ခံ လူထုတွေ့ဆုံပွဲလုပ်တဲ့နေရာနဲ့တော့ တစ်ခြားစီပါ။ ရဲတပ်ဖွဲ့က စစ်ဆေးတာ လုပ်နေပါတယ်”ဟု မကွေးတိုင်းအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေက မေလ(၁၀)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကျည်ဆံများအား ကျောက်သားဥယျာဉ်တွင် အုတ်ခုံဆေးသုတ်လုပ်ငန်းဝင်နေသည့် စည်ပင်နေ့ စားဝန်ထမ်း ဆေးသုတ်လုပ်သားများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောက်သားဥယျာဉ် ဆေးသုတ်လုပ်ငန်း ဒီနေ့ လက်စသတ်တဲ့နေ့ပါ။ အရင်နေ့တွေက မတွေ့ရဘဲ ဒီနေ့မနက် (၉) နာရီခွဲလောက်မှာ ကျွန်တော်က အဲဒီကျည်ဆံအိတ်ပေါ်ဖင်ထိုင်ပြီး ဆေးသုတ်နေခဲ့တာပါ။ စူးတယ်ဆိုပြီး သံတွေထင်လို့ အိတ်ကိုဖွင့်ကြည့်လိုက်တော့ ကျည်ဆံတွဖြေစ်နေတာကြောင့် အနားက လက်ဘက်ရည်ဆိုင် ပိုင်ရှင်က တစ်ဆင့် ရပ်ကွက်ကတာဝန်ရှိတဲ့သူတွေကို ဆက်ပြီးအကြောင်းကြားခဲ့တာပါ” ဟု ဆေးသုတ်လုပ်သား ကိုဦးက ပြောသည်။

အဆိုပါ ကျည်ဆံတွေ့ရှိမှုမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် မကွေးမြို့တွင် မေလ (၉)ရက်နေ့က တွေ့ဆုံပွဲပြုလုပ်ပြီး နတ်မောက်မြို့သို့ မေလ(၁၀)ရက်နေ့ နံနက်ပိုင်းက ခရီးစဉ် ဆက်လက်ထွက်ခွာသွားပြီး နာရီပိုင်းအတွင်း တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ- ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net