မေကြးတိုင္းေဒသႀကီးအတြင္း လွ်ပ္စစ္မီးအျပည့္အ၀ ရရွိေစရန္ (၂)ႏွစ္ (၃)ႏွစ္အတြင္း ႀကိဳးစားေပးသြားမည္ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေျပာၾကား

မေကြးတိုင္းေဒသႀကီးအတြင္း လွ်ပ္စစ္မီးအျပည့္အ၀ ရရွိေစရန္ (၂)ႏွစ္ (၃)ႏွစ္အတြင္း ႀကိဳးစားေပးသြားမည္ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေျပာၾကား
မေ 10, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း လွ်ပ္စစ္မီးလိုအပ္ခ်က္ႏွင့္ ပတ္သက္၍ လာမည္ (၂)ႏွစ္ (၃)ႏွစ္အတြင္း လွ်ပ္စစ္မီးအျပည့္အ၀ ရရွိရန္ ႀကိဳးစားေပးသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က မေကြးခရီးစဥ္တြင္ ေျပာၾကားခဲ့သည္။

၂၀၁၉ခုႏွစ္ ေမလ(၉)ရက္ေန႔တြင္ မေကြးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမ၌ ျပဳလုပ္သည့္ ေတြ႔ဆံုပဲြ၌  ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသြားခဲ့ျခင္း ျဖစ္သည္္။

“ပထမႏွစ္ေတြမွာ ကြ်န္မတို႔ လိုအပ္ခ်က္ေတြအရ အထူးသျဖင့္ တိုင္းရင္းသားျပည္သူေတြကို ဦးစားေပး ရတဲ့ ကိစၥေတြရိွခဲ့ပါတယ္။ ဒီလိုလုပ္ခဲ့ရတဲ့ အေျခအေနမွာ မေကြးတိုင္းက  ျပည္သူျပည္သားေတြဟာ သည္း ညည္းခံၿပီးေတာ့ စိတ္ရွည္ရွည္နဲ႔ အေျခအေနကို လက္ခံခဲ့တာေၾကာင့္ ကြ်န္မ အင္မတန္မွ ေက်းဇူးတင္ တယ္လို႔ ေျပာပါရေစ။ လွ်ပ္စစ္မရေသးပါလား။ ဘာလို႔မရတာလဲ ဆိုၿပီးေတာ့ တဂ်ီဂ်ီနဲ႔ ေတာင္းဆို ေနတာေတြမရိွဘူး။ လိုခ်င္လို႔ေတာ့ ေတာင္းတယ္။ ေတာင္းတဲ့အခါ ကြ်န္မတို႔က ရွင္းျပတယ္။ အခ်ိန္နဲ႔ တေျပးညီႀကိဳးစားပါမယ္ ဆိုတဲ့အေပၚ လက္ခံေပးၾကပါတယ္။ ေဖေဖတို႔ရပ္ရြာျဖစ္တဲ့ အညာကလူေတြဟာ  အလုပ္ကို ႀကိဳးစားလုပ္တယ္။ အပင္ပန္း ခံႏိုင္တယ္။ ရိုးရိုးက်င့္ ျမင့္ျမင့္ၾကံတယ္။ မလိုအပ္တဲ့ေနရာေတြမွာ ညည္းျငဴေနတာမ်ိဳး၊ ဆူပူေနတာမ်ိဳး မရိွဘူး။ ဒါဟာ မေကြးရဲ႕ အင္မတန္မွ ေကာင္းတဲ့ဂုဏ္က်က္သေရ၊ သိကၡာနဲ႔ျပည္စံုတဲ့ အေလ့အက်င့္တစ္ခုလို႔ ကြ်န္မေျပာခ်င္ပါတယ္”ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မေကြးျပည္သူမ်ားကို ခ်ီးက်ဴးေျပာၾကားသြားသည္။

၂၀၁၉ခုႏွစ္ မကုန္မီ ႏိုင္ငံ၏လွ်ပ္စစ္လိုအပ္ခ်က္ (၅၀ရာခိုင္ႏႈန္း) ကို ျဖည့္ဆည္းေပးႏိုင္မည္ဟု ေမွ်ာ္မွန္း ထားသည့္အျပင္ ေနာက္လာမည့္ (၂)ႏွစ္၊(၃)ႏွစ္ ကာလအတြင္း မေကြးတိုင္းတြင္ လွ်ပ္စစ္မီး အျပည့္အ၀ ရ႐ွိေစရန္ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားသြားသည္။

မေကြးတိုင္း၏ လမ္းပမ္းဆက္သြယ္ေရးေကာင္းမြန္မႈကို အားရမႈ႐ွိေသာ္လည္း  လွ်ပ္စစ္မီးရ႐ွိေရးမွာ ျဖစ္ေစခ်င္ သေလာက္ မျဖစ္ေသးေၾကာင္း၊ ယင္းသို႔ မျဖစ္ရျခင္းမွာလည္း မေကြးတိုင္း၏ အျပစ္မဟုတ္ဘဲ တစ္ႏိုင္ငံလံုးတြင္ လွ်ပ္စစ္လိုအပ္ခ်က္ ရိွေန၍ ျဖစ္သည္ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံက ေျပာၾကားသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္သည္ ၂၀၁၉ ခုႏွစ္ ေမလ(၉)ရက္ေန႔ နံနက္ပိုင္းက မေကြးၿမိဳ႕သို႔ ေရာက္ရိွၿပီး မင္းဘူး(စကု)ၿမိဳ႕နယ္ရိွ ေရႊစက္ေတာ္သို႔ သြားေရာက္ဖူးေျမာ္ကာ ဆင္စခန္းကို ေလ့လာ၍ ညေနပိုင္းတြင္ မေကြးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ လူထုေတြ႔ဆံုပဲြျပဳလုပ္ခဲ့ၿပီး ေနာက္တစ္ေန႔ ေမလ(၁၀)ရက္ နံနက္ပိုင္းတြင္ နတ္ေမာက္ၿမိဳ႕ ႏွင့္ ေရွးေဟာင္းၿမိဳ႕ေတာ္ ဗိႆႏိုးသို႔ ဆက္လက္ထြက္ခြာသြားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးလိုအပ်ချက်နှင့် ပတ်သက်၍ လာမည် (၂)နှစ် (၃)နှစ်အတွင်း လျှပ်စစ်မီးအပြည့်အဝ ရရှိရန် ကြိုးစားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မကွေးခရီးစဉ်တွင် ပြောကြားခဲ့သည်။

၂၀၁၉ခုနှစ် မေလ(၉)ရက်နေ့တွင် မကွေးမြို့ရှိ မြို့တော်ခန်းမ၌ ပြုလုပ်သည့် တွေ့ဆုံပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

“ပထမနှစ်တွေမှာ ကျွန်မတို့ လိုအပ်ချက်တွေအရ အထူးသဖြင့် တိုင်းရင်းသားပြည်သူတွေကို ဦးစားပေး ရတဲ့ ကိစ္စတွေရှိခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့ရတဲ့ အခြေအနေမှာ မကွေးတိုင်းက ပြည်သူပြည်သားတွေဟာ သည်း ညည်းခံပြီးတော့ စိတ်ရှည်ရှည်နဲ့ အခြေအနေကို လက်ခံခဲ့တာကြောင့် ကျွန်မ အင်မတန်မှ ကျေးဇူးတင် တယ်လို့ ပြောပါရစေ။ လျှပ်စစ်မရသေးပါလား။ ဘာလို့မရတာလဲ ဆိုပြီးတော့ တဂျီဂျီနဲ့ တောင်းဆို နေတာတွေမရှိဘူး။ လိုချင်လို့တော့ တောင်းတယ်။ တောင်းတဲ့အခါ ကျွန်မတို့က ရှင်းပြတယ်။ အချိန်နဲ့ တပြေးညီကြိုးစားပါမယ် ဆိုတဲ့အပေါ် လက်ခံပေးကြပါတယ်။ ဖေဖေတို့ရပ်ရွာဖြစ်တဲ့ အညာကလူတွေဟာ အလုပ်ကို ကြိုးစားလုပ်တယ်။ အပင်ပန်း ခံနိုင်တယ်။ ရိုးရိုးကျင့် မြင့်မြင့်ကြံတယ်။ မလိုအပ်တဲ့နေရာတွေမှာ ညည်းငြူနေတာမျိုး၊ ဆူပူနေတာမျိုး မရှိဘူး။ ဒါဟာ မကွေးရဲ့ အင်မတန်မှ ကောင်းတဲ့ဂုဏ်ကျက်သရေ၊ သိက္ခါနဲ့ပြည်စုံတဲ့ အလေ့အကျင့်တစ်ခုလို့ ကျွန်မပြောချင်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကွေးပြည်သူများကို ချီးကျူးပြောကြားသွားသည်။

၂၀၁၉ခုနှစ် မကုန်မီ နိုင်ငံ၏လျှပ်စစ်လိုအပ်ချက် (၅၀ရာခိုင်နှုန်း) ကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်မှန်း ထားသည့်အပြင် နောက်လာမည့် (၂)နှစ်၊(၃)နှစ် ကာလအတွင်း မကွေးတိုင်းတွင် လျှပ်စစ်မီး အပြည့်အဝ ရရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

မကွေးတိုင်း၏ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်မှုကို အားရမှုရှိသော်လည်း လျှပ်စစ်မီးရရှိရေးမှာ ဖြစ်စေချင် သလောက် မဖြစ်သေးကြောင်း၊ ယင်းသို့ မဖြစ်ရခြင်းမှာလည်း မကွေးတိုင်း၏ အပြစ်မဟုတ်ဘဲ တစ်နိုင်ငံလုံးတွင် လျှပ်စစ်လိုအပ်ချက် ရှိနေ၍ ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၉ ခုနှစ် မေလ(၉)ရက်နေ့ နံနက်ပိုင်းက မကွေးမြို့သို့ ရောက်ရှိပြီး မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်သို့ သွားရောက်ဖူးမြော်ကာ ဆင်စခန်းကို လေ့လာ၍ ညနေပိုင်းတွင် မကွေးမြို့ရှိ မြို့တော်ခန်းမတွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး နောက်တစ်နေ့ မေလ(၁၀)ရက် နံနက်ပိုင်းတွင် နတ်မောက်မြို့ နှင့် ရှေးဟောင်းမြို့တော် ဗိဿနိုးသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net