မိုးရြာၿပီးဆည္ေရဝင္သည္အထိ မေကြးတုိင္းေဒသႀကီးအတြင္း လွ်ပ္စစ္မီးအလွည့္က်စနစ္ျဖင့္သာ ေပးေဝႏုိင္မည္

မိုးရြာၿပီးဆည္ေရဝင္သည္အထိ မေကြးတုိင္းေဒသႀကီးအတြင္း လွ်ပ္စစ္မီးအလွည့္က်စနစ္ျဖင့္သာ ေပးေဝႏုိင္မည္
မေ 8, 2019
By 🌸
မေကြးတုိင္းေဒသႀကီးအတြင္း လွ်ပ္စစ္မီးျဖန္႔ေဝျခင္းကို မိုးရြာၿပီး ဆည္ေရဝင္သည့္အခ်ိန္ထိ လက္ရိွအေျခအေနအတုိင္း ခရိုင္အလိုက္အုပ္စု(၃)စုခဲြ၍ အလွည့္က်စနစ္ျဖင့္သာ ေပးသြားႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

“ေႏြကာလမွာ ဆည္ေရဝင္ေရာက္မႈက မရိွသေလာက္ ေလ်ာ့နည္းတာေၾကာင့္ လက္က်န္ေရနဲ႔ ဓာတ္အား ထုတ္လုပ္မႈကို ေဆာင္ရြက္ေနရပါတယ္။ နဂို ဆည္ေရျပည့္ေနတုန္းက ေရလယ္ဗယ္ထက္ ေလ်ာ့က်လာ ေနတာေၾကာင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈကလည္း ေလ်ာ့က်လာပါတယ္။ လံုးဝ ေရလယ္ဗယ္မရိွေတာ့လို႔ စက္ထိုးရပ္သြားတာမ်ိဳးမျဖစ္ရေအာင္ ဝင္ေရကိုထိန္းညိွၿပီး ေဆာင္ရြက္ေနရတာျဖစ္ပါတယ္”ဟု မေကြးတိုင္းေဒသႀကီး လွ်ပ္စစ္အင္ဂ်င္နီယာ ဦးေထာင္းဇိုခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ လွ်ပ္စစ္ဝန္အားေလွ်ာ့ခ်လွ်က္ရိွေနရာ မေကြးတိုင္းတြင္လည္း ေမလ(၁)ရက္ေန႔မွစတင္၍ ခရိုင္အလိုက္ အုပ္စု(၃)စုခဲြကာ အလွည့္က် လွ်ပ္စစ္မီး ေပးေဝလွ်က္ရိွေနေၾကာင္း မေကြးတိုင္းေဒသႀကီး လွ်ပ္စစ္အင္ဂ်င္နီယာရံုးမွ သိရသည္။

ဆည္ေရေသာက္ စိုက္ခင္းမ်ား စိုက္ပ်ိဳးေရ လိုအပ္ခ်က္ရိွ၍ ေရေပးသည့္အခ်ိန္တြင္သာ လွ်ပ္စစ္ထုတ္လုပ္ ရျခင္းျဖစ္ၿပီး ဆည္သို႔ ေရဝင္မႈမွာ မရိွသေလာက္နည္းပါး၍ လွ်ပ္စစ္ထုတ္လုပ္မႈ က်ဆင္းေနခ်ိန္တြင္ ရာသီ ဥတုေၾကာင့္ လွ်ပ္စစ္သံုးစဲြမႈ ျမင့္တက္ေနသျဖင့္ ထုတ္လုပ္မႈႏွင့္ သံုးစဲြမႈ မွ်တျခင္းမရိွေတာ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"မီးပံုမွန္ျပန္ေပးႏိုင္ဖို႔က မိုးကိုပဲ ေမ်ွာ္ရမွာပါ။ မိုးရမွ ဆည္ကို ေရဝင္မွာ၊ ဆည္ကိုေရဝင္မွ စက္ကို အျပည့္ေမာင္း ႏိုင္မွာျဖစ္လို႔ ဆည္မွာ လံုေလာက္တဲ့အထိ ေရဝင္ၿပီဆိုရင္ေတာ့ ပံုမွန္ျပန္ေပးႏိုင္မွာပါ။ လ်ွပ္စစ္ရရိွဖို႔က Solar တို႔ Wind တို႔က အားျပဳဖို႔မလြယ္ကူပါဘူး။ ကၽြန္ေတာ္တို႔ႏိုင္ငံအေနနဲ႔ လ်ွပ္စစ္ထုတ္လုပ္မႈရဲ႕ (၆၀) ရာခိုင္ႏႈန္းေက်ာ္က ေရေလွာင္တမံေတြက ထုတ္လုပ္ေနရတာျဖစ္ပါတယ္။ သဘာဝပတ္ဝန္းက်င္ကိုေတာ့ ထိခိုက္မႈ နည္းပါးေအာင္ ေဆာင္ရြက္ရမွာေပါ့။ ျမစ္ဆံုကို မေထာက္ခံတာက တစ္က႑၊ ေရေလွာင္တမံအားလံုးကို မလုပ္သင့္ဘူးဆိုၿပီး ဆန္႔က်င္ေနတာမ်ိဳးလည္း မလုပ္သင့့္ဘူးလို႔ ျမင္ပါတယ္"ဟု မေကြးတိုင္းေဒသၾကီး လ်ွပ္စစ္အင္ဂ်င္နီယာ ဦးေထာင္းဇိုခိုင္ က ေျပာသည္။

မေကြတိုင္းတြင္ ေမလ(၃)ရက္ေန႔မွစတင္၍ ခရိုင္အလိုက္ အုပ္စု (၃)စုခဲြကာ အုပ္စု(၁)စု တစ္ရက္လွ်င္ (၉)နာရီခန္႔ မီးပိတ္သည့္စနစ္ျဖင့္ ေဆာင္ရြက္လွ်က္ရိွေနၿပီး ျမင္းျခံႏွင့္ သေျပဝ မဟာဓာတ္အားလိုင္းခ်ိဳ႕ ယြင္းမႈ၊ ဂက္စ္ပိုက္ လိုင္းခ်ိဳ႕ယြင္း၍ ဂက္စ္တာဘိုင္မ်ား၏ လွ်ပ္စစ္ထုတ္လုပ္မႈေလ်ာ့က်သြားျခင္းမ်ိဳးမ်ား ရိွ လာပါကလည္း ယခုကဲ့သို႔ အလွည့္က်ဝန္အားေလွ်ာ့အျပင္ အေရးေပၚဝန္အား ေလွ်ာ့ခ်မႈကိုလည္း ေဆာင္ ရြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္ဝန္အား ေလွ်ာ့ခ်ရသည့္ ပမာဏမွာ မေကြးတိုင္းအတြင္းရိွ ျပည္သူမ်ား သံုးစဲြမႈ (၈၅) မဂၢါဝပ္ခန္႔၏ (၅၀) ရာခိုင္ႏွဳန္း အထိ ေလွ်ာ့ခ်ေပးေနရျခင္းျဖစ္ၿပီး ျမန္မာႏုိင္ငံတြင္ ေရအားလွ်ပ္စစ္ကို (၆၀) ရာခိုင္ႏွဳန္း ဝန္းက်င္ မွီခိုေနရကာ က်န္သည့္ရာခိုင္ႏွဳန္းမွာ သဘာဝဓာတ္ေငြ႔သံုးစက္ရံုမ်ားႏွင့္ ေက်ာက္မီးေသြးဓာတ္ အားေပးစက္ရံုအေပၚ မွီခိုေနရေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုးရွာပြီးဆည်ရေဝင်သည်အထိ မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးအလှည့်ကျစနစ်ဖြင့်သာ ပေးဝေနိုင်မည်
************
မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးဖြန့်ဝေခြင်းကို မိုးရွာပြီး ဆည်ရေဝင်သည့်အချိန်ထိ လက်ရှိအခြေအနေအတိုင်း ခရိုင်အလိုက်အုပ်စု(၃)စုခွဲ၍ အလှည့်ကျစနစ်ဖြင့်သာ ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

“နွေကာလမှာ ဆည်ရေဝင်ရောက်မှုက မရှိသလောက် လျော့နည်းတာကြောင့် လက်ကျန်ရေနဲ့ ဓာတ်အား ထုတ်လုပ်မှုကို ဆောင်ရွက်နေရပါတယ်။ နဂို ဆည်ရေပြည့်နေတုန်းက ရေလယ်ဗယ်ထက် လျော့ကျလာ နေတာကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကလည်း လျော့ကျလာပါတယ်။ လုံးဝ ရေလယ်ဗယ်မရှိတော့လို့ စက်ထိုးရပ်သွားတာမျိုးမဖြစ်ရအောင် ဝင်ရေကိုထိန်းညှိပြီး ဆောင်ရွက်နေရတာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးထောင်းဇိုခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဝန်အားလျှော့ချလျှက်ရှိနေရာ မကွေးတိုင်းတွင်လည်း မေလ(၁)ရက်နေ့မှစတင်၍ ခရိုင်အလိုက် အုပ်စု(၃)စုခွဲကာ အလှည့်ကျ လျှပ်စစ်မီး ပေးဝေaလျှက်ရှိနေကြောင်း မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
ဆည်ရေသောက် စိုက်ခင်းများ စိုက်ပျိုးရေ လိုအပ်ချက်ရှိ၍ ရေပေးသည့်အချိန်တွင်သာ လျှပ်စစ်ထုတ်လုပ် ရခြင်းဖြစ်ပြီး ဆည်သို့ ရေဝင်မှုမှာ မရှိသလောက်နည်းပါး၍ လျှပ်စစ်ထုတ်လုပ်မှု ကျဆင်းနေချိန်တွင် ရာသီ ဥတုကြောင့် လျှပ်စစ်သုံးစွဲမှု မြင့်တက်နေသဖြင့် ထုတ်လုပ်မှုနှင့် သုံးစွဲမှု မျှတခြင်းမရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

"မီးပုံမှန်ပြန်ပေးနိုင်ဖို့က မိုးကိုပဲ မျှော်ရမှာပါ။ မိုးရမှ ဆည်ကို ရေဝင်မှာ၊ ဆည်ကိုရေဝင်မှ စက်ကို အပြည့်မောင်း နိုင်မှာဖြစ်လို့ ဆည်မှာ လုံလောက်တဲ့အထိ ရေဝင်ပြီဆိုရင်တော့ ပုံမှန်ပြန်ပေးနိုင်မှာပါ။ လျှပ်စစ်ရရှိဖို့က Solar တို့ Wind တို့က အားပြုဖို့မလွယ်ကူပါဘူး။ ကျွန်တော်တို့နိုင်ငံအနေနဲ့ လျှပ်စစ်ထုတ်လုပ်မှုရဲ့ (၆၀) ရာခိုင်နှုန်းကျော်က ရေလှောင်တမံတွေက ထုတ်လုပ်နေရတာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကိုတော့ ထိခိုက်မှု နည်းပါးအောင် ဆောင်ရွက်ရမှာပေါ့။ မြစ်ဆုံကို မထောက်ခံတာက တစ်ကဏ္ဍ၊ ရေလှောင်တမံအားလုံးကို မလုပ်သင့်ဘူးဆိုပြီး ဆန့်ကျင်နေတာမျိုးလည်း မလုပ်သင့့်ဘူးလို့ မြင်ပါတယ်"ဟု မကွေး
တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးထောင်းဇိုခိုင် က ပြောသည်။

မကွေတိုင်းတွင် မေလ(၃)ရက်နေ့မှစတင်၍ ခရိုင်အလိုက် အုပ်စု (၃)စုခွဲကာ အုပ်စု(၁)စု တစ်ရက်လျှင် (၉)နာရီခန့် မီးပိတ်သည့်စနစ်ဖြင့် ဆောင်ရွက်လျှက်ရှိနေပြီး မြင်းခြံနှင့် သပြေဝ မဟာဓာတ်အားလိုင်းချို့ ယွင်းမှု၊ ဂက်စ်ပိုက် လိုင်းချို့ယွင်း၍ ဂက်စ်တာဘိုင်များ၏ လျှပ်စစ်ထုတ်လုပ်မှုလျော့ကျသွားခြင်းမျိုးများ ရှိ လာပါကလည်း ယခုကဲ့သို့ အလှည့်ကျဝန်အားလျှော့အပြင် အရေးပေါ်ဝန်အား လျှော့ချမှုကိုလည်း ဆောင် ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဝန်အား လျှော့ချရသည့် ပမာဏမှာ မကွေးတိုင်းအတွင်းရှိ ပြည်သူများ သုံးစွဲမှု (၈၅) မဂ္ဂါဝပ်ခန့်၏ (၅၀) ရာခိုင်နှုန်း အထိ လျှော့ချပေးနေရခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ကို (၆၀) ရာခိုင်နှုန်း ဝန်းကျင် မှီခိုနေရကာ ကျန်သည့်ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့သုံးစက်ရုံများနှင့် ကျောက်မီးသွေးဓာတ် အားပေးစက်ရုံအပေါ် မှီခိုနေရကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net