ရန္ကုန္ၿမိဳ႕ရိွ ေထာက္ခံခ်က္ရထားၿပီးေရသန္႔လုပ္ငန္းအခ်ိဳ႕ သန္႔ရွင္းမႈမရိွ၍ စက္ရံုပိတ္သိမ္းအေရးယူခံရ

ရန္ကုန္ၿမိဳ႕ရိွ ေထာက္ခံခ်က္ရထားၿပီးေရသန္႔လုပ္ငန္းအခ်ိဳ႕ သန္႔ရွင္းမႈမရိွ၍ စက္ရံုပိတ္သိမ္းအေရးယူခံရ
မေ 9, 2019
By 🌸
ရန္ကုန္ၿမိဳ႕အတြင္း ၿမိဳ႕နယ္(၂)ခုမွ ေထာက္ခံရထားသည့္ ေရသန္႔လုပ္ငန္းအခ်ိဳ႕ သန္႔ရွင္းမႈမရိွ၊ ေကာင္းမြန္ေသာထုတ္လုပ္မႈက်င့္စဥ္ (GMP)ႏွင့္မကိုက္ညီ၍ စက္ရံုမ်ားပိတ္သိမ္းျပင္ဆင္ေစျခင္းျဖင့္ အေရးယူခံထားရေၾကာင္း သိရသည္။

တာေမြၿမိဳ႕နယ္ႏွင့္ သဃၤန္းကၽြန္းၿမိဳ႕နယ္မ်ားရိွ ေထာက္ခံခ်က္ရထားသည့္ ေသာက္ေရသန္႔လုပ္ငန္းမ်ားကို ေရွာင္တခင္ဝင္ေရာက္စစ္ေဆးရာ ေသာက္ေရသန္႔လုပ္ငန္းအခ်ိဳ႕မွာ စက္႐ုံဖြဲ႔စည္းပံုကိုက္ညီမွုမရွိျခင္း၊ စက္ရံုအတြင္း/အျပင္ သန္႔႐ွင္းမွုမရွိျခင္း၊ ေကာင္းမြန္ေသာ သိုေလွာင္မႈအေလ့အက်င့္တို႔မ႐ွိျခင္း၊ ဝန္ထမ္းမ်ား လုပ္ငန္းခြင္သံုးဝတ္စံုမ်ား ဝတ္ဆင္ထားျခင္းမ႐ွိျခင္းတို႔ေၾကာင့္ ေကာင္းမြန္ေသာထုတ္လုပ္မႈက်င့္စဥ္ (GMP)အညီ လိုက္နာေဆာင္ရြက္ျခင္းမရွိေၾကာင္းေတြ႔႐ွိရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေရသန္႔စက္ရံုမ်ားကို အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနခြဲ-ရန္ကုန္မွ တာဝန္ရိွသူမ်ားသည္ ျမိဳ ့နယ္အစားအေသာက္နွင့္ ေဆးဝါးျကီးၾကပ္ကြပ္ကဲေရးေကာ္မတီဝင္မ်ားနွင့္အတူ ၂၀၁၉ ခုႏွစ္၊ ေမလ (၇)ရက္ေန႔က ဝင္ေရာက္စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Photo: FDA

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရန်ကုန်မြို့ရှိ ထောက်ခံချက်ရထားပြီးရေသန့်လုပ်ငန်းအချို့ သန့်ရှင်းမှုမရှိ၍ စက်ရုံပိတ်သိမ်းအရေးယူခံရ
****************
ရန်ကုန်မြို့အတွင်း မြို့နယ်(၂)ခုမှ ထောက်ခံရထားသည့် ရေသန့်လုပ်ငန်းအချို့ သန့်ရှင်းမှုမရှိ၊ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)နှင့်မကိုက်ညီ၍ စက်ရုံများပိတ်သိမ်းပြင်ဆင်စေခြင်းဖြင့် အရေးယူခံထားရကြောင်း သိရသည်။

တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များရှိ ထောက်ခံချက်ရထားသည့် သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ စက်ရုံဖွဲ့စည်းပုံကိုက်ညီမှုမရှိခြင်း၊ စက်ရုံအတွင်း/အပြင် သန့်ရှင်းမှုမရှိခြင်း၊ ကောင်းမွန်သော သိုလှောင်မှုအလေ့အကျင့်တို့မရှိခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်သုံးဝတ်စုံများ ဝတ်ဆင်ထားခြင်းမရှိခြင်းတို့ကြောင့် ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)အညီ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်းတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရေသန့်စက်ရုံများကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှ တာဝန်ရှိသူများသည် မြို ့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်အတူ ၂၀၁၉ ခုနှစ်၊ မေလ (၇)ရက်နေ့က ဝင်ရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo: FDA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net