တပ္မေတာ္က စစ္ေရးလႈပ္ရွားမႈရပ္ဆုိင္းကာလ ႏွစ္လထပ္တိုးျခင္းကို ကုလသမဂၢဌာေနညိႇႏိႈင္းေရးမွဴး ႀကိဳဆို

တပ္မေတာ္က စစ္ေရးလႈပ္ရွားမႈရပ္ဆုိင္းကာလ ႏွစ္လထပ္တိုးျခင္းကို ကုလသမဂၢဌာေနညိႇႏိႈင္းေရးမွဴး ႀကိဳဆို
မေ 1, 2019
By 🌸
တပ္မေတာ္က တိုင္းစစ္ဌာနခ်ဳပ္ ( ၅ ) ေနရာတြင္ စစ္ေရးလႈပ္ရွားမႈရပ္ဆုိင္းကာလကို (၂)လထပ္မံ တိုးျမႇင့္လိုက္ျခင္းကို ကုလသမဂၢ ဌာေနညွိႏိႈင္းေရးမႈးႏွင့္ လူသားခ်င္းစာနာမႈဆိုင္ရာ ဌာေနညွိႏိႈင္းေရးမႈး (ယာယီ) ခႏုသ္ေအာ့စဘီက ႀကိဳဆိုေၾကာင္း  ၂၀၁၉ ခုႏွစ္၊ ေမလ (၁) ရက္ေန႔တြင္ ထုတ္ျပန္သည္။

အဆိုပါအပစ္အခတ္ရပ္စဲေရးကာလသည္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလမ္းစဥ္ကို ပိုမိုခုိင္မာေစမည္ဟု မစၥတာ ေအာ့စဘီအေနျဖင့္ ေမွ်ာ္လင့္ထားၿပီး ျမန္မာႏိုင္ငံရွိ ကုလသမဂၢအဖြဲ႕အစည္းမ်ားသည္ သက္ေရာက္မႈရွိေသာ  ေဒသတြင္းရွိ လိုအပ္ခ်က္မ်ားရွိ ေနေသာ လူသားမ်ားအားလံုးကို အေရးေပၚလူသားခ်င္းစာနာမႈ အကူအညီမ်ားေပးႏိုင္ရန္ သက္ဆိုင္ရာ အဖြဲ႔မ်ား အားလံုးႏွင့္အတူ လုပ္ေဆာင္ရန္ အသင့္ရွိေနပါသည္ဟု ထုတ္ျပန္ထားသည္။

သက္ဆိုင္ရာအဖြဲ႔မ်ားအားလံုးအေနျဖင့္လည္း အရပ္သားမ်ားကို အကာအကြယ္ေပးရန္ႏွင့္ ႏိုင္ငံတကာ လူသားခ်င္း စာနာမႈႏွင့္ လူ႔အခြင့္အေရးဆိုင္ရာ ႏိုင္ငံတကာဥပေဒအရခ်မွတ္ထားေသာ တာဝန္ဝတၱရားမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ရန္ကိုလည္း မစၥတာ ေအာ့စဘီက ပန္ၾကားလိုက္သည္။

တပ္မေတာ္က တိုင္းစစ္ဌာနခ်ဳပ္ ( ၅ ) ေနရာတြင္ (၄)လတာ စစ္ေရးလႈပ္ရွားမႈရပ္ဆုိင္းသည့္ကာလအတြင္း NCA လက္မွတ္ထုိးရန္က်န္ေနသည့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား ရိွခဲ့ၿပီး အပစ္အခတ္ရပ္စဲေရးကာလထပ္မံတိုးျမႇင့္ေပးရန္ ေတာင္းဆိုခ်က္အရ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၃၀)ရက္ေန႔အထိ ထပ္မံတိုးျမႇင့္မည္ျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက ဧၿပီလ (၃၀)ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။

တပ္မေတာ္က တုိင္းစစ္ဌာနခ်ဳပ္ (၅)ေနရာျဖစ္သည့္ ေျမာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမႏွင့္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားတြင္ စစ္ေရးဆိုင္ရာလႈပ္ရွားမႈအားလံုးကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၁)ရက္ေန႔မွ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃၀)ရက္ေန႔အထိ ေလးလတာရပ္ဆုိင္းခဲ့ရာမွ ဇြန္လ (၃၀)ရက္ေန႔အထိ ႏွစ္လတာ ထပ္တိုးလုိက္ျခင္းျဖစ္သည္။

တပ္မေတာ္က စစ္ေရးလႈပ္ရွားမႈရပ္ဆုိင္းမႈ ႏွစ္လတာထပ္တိုးသည့္ ေၾကညာခ်က္ထြက္လာသည့္ကာလအတြင္း ၂၀၁၉ ခုႏွစ္၊ ေမလ (၁)ရက္ေန႔တြင္ KIO(ကခ်င္ျပည္လြတ္ေျမာက္ေရးအဖြဲ႔) ၊ MNTJP(ျမန္မာႏိုင္ငံအမွန္တရားႏွင့္ တရားမွ်တေသာအမ်ိဳးသားပါတီ) ၊ PSLF (ပေလာင္ျပည္နယ္လြတ္ ေျမာက္ေရးတပ္ဦး) ႏွင့္ ULA (ရခိုင္အမ်ိဳးသားအဖြဲ႔ခ်ဳပ္) တို႔သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕ရိွ မူဆယ္-နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရး ကုန္သည္မ်ားအသင္းတြင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) ကိုယ္စားလွယ္အဖြဲ႔ ႏွင့္ ေတြ႔ဆံုေဆြးေႏြးေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~
တပ်မတော်က စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းကာလ နှစ်လထပ်တိုးခြင်းကို ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး ကြိုဆို
***********
တပ်မတော်က တိုင်းစစ်ဌာနချုပ် ( ၅ ) နေရာတွင် စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းကာလကို (၂)လထပ်မံ တိုးမြှင့်လိုက်ခြင်းကို ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှုးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဌာနေညှိနှိုင်းရေးမှုး (ယာယီ) ခနုသ်အော့စဘီက ကြိုဆိုကြောင်း  ၂၀၁၉ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါအပစ်အခတ်ရပ်စဲရေးကာလသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းစဉ်ကို ပိုမိုခိုင်မာစေမည်ဟု မစ္စတာ အော့စဘီအနေဖြင့် မျှော်လင့်ထားပြီး မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများသည် သက်ရောက်မှုရှိသော  ဒေသတွင်းရှိ လိုအပ်ချက်များရှိ နေသော လူသားများအားလုံးကို အရေးပေါ်လူသားချင်းစာနာမှု အကူအညီများပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့များ အားလုံးနှင့်အတူ လုပ်ဆောင်ရန် အသင့်ရှိနေပါသည်ဟု ထုတ်ပြန်ထားသည်။

သက်ဆိုင်ရာအဖွဲ့များအားလုံးအနေဖြင့်လည်း အရပ်သားများကို အကာအကွယ်ပေးရန်နှင့် နိုင်ငံတကာ လူသားချင်း စာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေအရချမှတ်ထားသော တာဝန်ဝတ္တရားများကို ထိန်းသိမ်းစောင့်ရှောက်ရန်ကိုလည်း မစ္စတာ အော့စဘီက ပန်ကြားလိုက်သည်။

တပ်မတော်က တိုင်းစစ်ဌာနချုပ် ( ၅ ) နေရာတွင် (၄)လတာ စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းသည့်ကာလအတွင်း NCA လက်မှတ်ထိုးရန်ကျန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကာလထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုချက်အရ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့အထိ ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တပ်မတော်က တိုင်းစစ်ဌာနချုပ် (၅)နေရာဖြစ်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ လေးလတာရပ်ဆိုင်းခဲ့ရာမှ ဇွန်လ (၃၀)ရက်နေ့အထိ နှစ်လတာ ထပ်တိုးလိုက်ခြင်းဖြစ်သည်။

တပ်မတော်က စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းမှု နှစ်လတာထပ်တိုးသည့် ကြေညာချက်ထွက်လာသည့်ကာလအတွင်း ၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် KIO(ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့) ၊ MNTJP(မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ) ၊ PSLF (ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး) နှင့် ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net