ထုိင္းနို္င္ငံတြင္ မုဒိမ္းမႈကို အျမင့္ဆံုးျပစ္ဒဏ္ ေသဒဏ္အထိ ျပင္ဆင္သတ္မွတ္

ထုိင္းနို္င္ငံတြင္ မုဒိမ္းမႈကို အျမင့္ဆံုးျပစ္ဒဏ္ ေသဒဏ္အထိ ျပင္ဆင္သတ္မွတ္
မေ 29, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ လူေသဆံုးမႈျဖစ္ပြားသည့္ မုဒိမ္းမႈကို ေသဒဏ္ခ်မွတ္ျခင္းအပါအဝင္ မုဒိမ္းမႈႏွင့္ လိင္ပိုင္းဆုိင္ရာအဓမၼမႈမ်ားကို ျပစ္ဒဏ္အသီးသီး တိုးျမႇင့္သတ္မွတ္လုိက္ၿပီျဖစ္သည္။


အဆိုပါဥပေဒျပင္ဆင္ခ်က္ကို ၂၀၁၉ ခုနွစ္ ေမလ (၂၇)ရက္ေန႔က ေတာ္ဝင္ေဂဇက္သတင္းစာတြင္ ေဖၚျပခဲ့ျခင္းျဖစ္သည္။


ျပင္ဆင္လုိက္သည့္ ဥပေဒပုဒ္မမ်ားအရ မုဒိမ္းမႈအျပင္ စီးပြားေရးအတြက္လည္းေကာင္း၊ ပုဂၢိဳလ္ေရးတုိက္ခုိက္ရန္ လည္းေကာင္း၊ အျခားေသာ မတရားေသာနည္းလမ္းျဖင့္အသံုးျပဳရန္ ရည္ရြယ္ခ်က္ျဖင့္ လိင္ပိုင္းဆုိင္ရာ ညစ္ညမ္းဗီဒီယိုရိုက္ကူးမႈမ်ား၊ ယင္းကဲ့ဗီဒီယိုမ်ားကို အျခားသူမ်ားထံ ျဖန္႔ေဝသူမ်ားကိုပါ ျပစ္ဒဏ္မ်ား တိုးျမႇင့္လိုက္ျခင္းျဖစ္သည္။


မိဘ၊ ေမာင္ႏွမ၊ အျခားေဆြမ်ိဳးေတာ္စပ္သူ၊ ၾသဇာအာဏာလႊမ္းမိုးသူမ်ားစသည္တို႔၏ မုဒိမ္းမႈ က်ဴးလြန္ခံရႏုိင္သည့္ မိမိကိုယ္ကိုမကာကြယ္ႏုိင္ေသးသည့္ အသက္အရြယ္ႏွင့္ အေျခအေနတြင္ ရိွေနသူမ်ားကို မုဒိမ္းက်ဴးလြန္ပါက အနည္းဆံုးျပစ္ဒဏ္မွာ ေထာင္ဒဏ္ႏွစ္(၂၀)ႏွင့္ ေငြဒဏ္ဘတ္(၄)သိန္း သတ္မွတ္ထားေၾကာင္း သိရသည္။


ဥပေဒျပင္ဆင္ခ်က္တြင္ မုဒိမ္းမႈဟုသတ္မွတ္ရာ၌ စအိုႏွင့္ ပါးစပ္တို႔ကိုအသံုးျပဳၿပီး လိင္ပိုင္းဆုိင္ရာ အဓမၼျပဳက်င့္မႈမ်ားကိုပါ ထည့္သြင္းသတ္မွတ္ထားကာ အျခားသူတစ္ဦးတစ္ေယာက္၏ လိင္အဂၤါအတြင္းသို႔ အျခားပစၥည္းတစ္ခုခုအသံုးျပဳ၍ အဓမၼထုိးသြင္းျခင္းကို မုဒိမ္းမႈတြင္ ထည့္သြင္းမထားေသာ္လည္း  မုဒိမ္းမႈကဲ့သို႔ ျပစ္ဒဏ္သတ္မွတ္ထားေၾကာင္း သိရသည္။


Tachileik News Agency

Ref: Bangkok Post
[ပံုအညႊန္း - မုဒိမ္းမႈဆန္႔က်င္ေရးလႈပ္ရွားမႈ ဘန္ေကာက္တြင္ ေဆာင္ရြက္ခဲ့စဥ္]


~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနို်င်ငံတွင် မုဒိမ်းမှုကို အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ပြင်ဆင်သတ်မှတ်
*************
ထိုင်းနိုင်ငံတွင် လူသေဆုံးမှုဖြစ်ပွားသည့် မုဒိမ်းမှုကို သေဒဏ်ချမှတ်ခြင်းအပါအဝင် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာအဓမ္မမှုများကို ပြစ်ဒဏ်အသီးသီး တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်သည်။

အဆိုပါဥပဒေပြင်ဆင်ချက်ကို ၂၀၁၉ ခုနှစ် မေလ (၂၇)ရက်နေ့က တော်ဝင်ဂေဇက်သတင်းစာတွင် ဖေါ်ပြခဲ့ခြင်းဖြစ်သည်။

ပြင်ဆင်လိုက်သည့် ဥပဒေပုဒ်မများအရ မုဒိမ်းမှုအပြင် စီးပွားရေးအတွက်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရန် လည်းကောင်း၊ အခြားသော မတရားသောနည်းလမ်းဖြင့်အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဗီဒီယိုရိုက်ကူးမှုများ၊ ယင်းကဲ့ဗီဒီယိုများကို အခြားသူများထံ ဖြန့်ဝေသူများကိုပါ ပြစ်ဒဏ်များ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

မိဘ၊ မောင်နှမ၊ အခြားဆွေမျိုးတော်စပ်သူ၊ သြဇာအာဏာလွှမ်းမိုးသူများစသည်တို့၏ မုဒိမ်းမှု ကျူးလွန်ခံရနိုင်သည့် မိမိကိုယ်ကိုမကာကွယ်နိုင်သေးသည့် အသက်အရွယ်နှင့် အခြေအနေတွင် ရှိနေသူများကို မုဒိမ်းကျူးလွန်ပါက အနည်းဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်နှစ်(၂၀)နှင့် ငွေဒဏ်ဘတ်(၄)သိန်း သတ်မှတ်ထားကြောင်း သိရသည်။

ဥပဒေပြင်ဆင်ချက်တွင် မုဒိမ်းမှုဟုသတ်မှတ်ရာ၌ စအိုနှင့် ပါးစပ်တို့ကိုအသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုများကိုပါ ထည့်သွင်းသတ်မှတ်ထားကာ အခြားသူတစ်ဦးတစ်ယောက်၏ လိင်အင်္ဂါအတွင်းသို့ အခြားပစ္စည်းတစ်ခုခုအသုံးပြု၍ အဓမ္မထိုးသွင်းခြင်းကို မုဒိမ်းမှုတွင် ထည့်သွင်းမထားသော်လည်း  မုဒိမ်းမှုကဲ့သို့ ပြစ်ဒဏ်သတ်မှတ်ထားကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net