ျမန္မာႏိုင္ငံ၏ပထမဆံုး စက္ရုပ္ၿပိဳင္ပြဲ ရန္ကုန္ၿမိဳ႕တြင္ က်င္းပမည္

ျမန္မာႏိုင္ငံ၏ပထမဆံုး စက္ရုပ္ၿပိဳင္ပြဲ ရန္ကုန္ၿမိဳ႕တြင္ က်င္းပမည္
မေ 21, 2019
By Tachileik News Agency

ျမန္မာႏိုင္ငံ၏ ပထမဆုံး ႏိုင္ငံအဆင့္ စက္႐ုပ္ၿပိဳင္ပြဲကို ရန္ကုန္ၿမိဳ႕ရိွ သိမ္ျဖဴ မိုးလုံေလလုံ အားကစားကြင္းတြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁) ရက္ေန႔၊ နံနက္ (၁၀) နာရီမွ ေန႔လယ္(၂)နာရီအထိ က်င္းပမည္ျဖစ္၍ မည္သူမဆို အခမဲ့စာရင္းေပးၿပီး လာေရာက္ၾကည့္ရႈႏုိင္ေၾကာင္း သိရသည္။

အဆိုပါၿပိဳင္ပြဲမွာ ေက်ာင္းအဆင့္၊ ျပည္နယ္ႏွင့္တိုင္းအဆင့္မ်ား ယွဥ္ၿပိဳင္ခဲ့ၾကသည့္ ျပည္နယ္ႏွင့္တုိင္းကိုယ္စားျပဳအသင္း (၁၄)သင္း ယွဥ္ၿပိဳင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

ဒူဘိုင္းၿမိဳ႕ရွိ ႏိုင္ငံတကာ စက္႐ုပ္ၿပိဳင္ပြဲ FIRST Global Robotics Competition သို႔ ျမန္မာႏိုင္ငံကိုယ္စားျပဳ ယွဥ္ၿပိဳင္ရမည့္ ေက်ာင္းသားေက်ာင္းသူမ်ားကို ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲစုစုေပါင္း (၁၁)ခု ပါဝင္မည္ျဖစ္ကာ ေက်ာင္းသားေက်ာင္းသူမ်ား ကိုယ္တိုင္တည္ေဆာက္ထားသည့္ သဘာဝေဘးအႏၲရာယ္ ကယ္ဆယ္ေရးစက္႐ုပ္မ်ားက ေရႀကီးျခင္းကယ္ဆယ္ေရးကို (၆)မိနစ္အတြင္း လုပ္ေဆာင္ရမည္ျဖစ္ၿပီး လုပ္ေဆာင္ခ်က္မ်ားအေပၚ အမွတ္ေပးေရြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ Myanmar RoboLeague ၿပိဳင္ပြဲကို ၾကည့္ရႈလုိသူမ်ားအေနျဖင့္ https://www.eventnook.com/event/mmroboleague/home တြင္ အခမဲ့စာရင္းေပးသြင္းႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သိမ်ဖြူ မိုးလုံလေလုံ အားကစားကွင်းတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့၊ နံနက် (၁၀) နာရီမှ နေ့လယ်(၂)နာရီအထိ ကျင်းပမည်ဖြစ်၍ မည်သူမဆို အခမဲ့စာရင်းပေးပြီး လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲမှာ ကျောင်းအဆင့်၊ ပြည်နယ်နှင့်တိုင်းအဆင့်များ ယှဉ်ပြိုင်ခဲ့ကြသည့် ပြည်နယ်နှင့်တိုင်းကိုယ်စားပြုအသင်း (၁၄)သင်း ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဒူဘိုင်းမြို့ရှိ နိုင်ငံတကာ စက်ရုပ်ပြိုင်ပွဲ FIRST Global Robotics Competition သို့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရမည့် ကျောင်းသားကျောင်းသူများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲစုစုပေါင်း (၁၁)ခု ပါဝင်မည်ဖြစ်ကာ ကျောင်းသားကျောင်းသူများ ကိုယ်တိုင်တည်ဆောက်ထားသည့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးစက်ရုပ်များက ရကြေီးခြင်းကယ်ဆယ်ရေးကို (၆)မိနစ်အတွင်း လုပ်ဆောင်ရမည်ဖြစ်ပြီး လုပ်ဆောင်ချက်များအပေါ် အမှတ်ပေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Myanmar RoboLeague ပြိုင်ပွဲကို ကြည့်ရှုလိုသူများအနဖြေင့် https://www.eventnook.com/event/mmroboleague/home တွင် အခမဲ့စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net