အပူခ်ိန္ျမင့္မားေနသည့္ မေကြးတိုင္းအတြင္း အပူေရွာင္စခန္း (၄၄)ခု ဖြင့္လွစ္ေပးထားမည္

အပူခ်ိန္ျမင့္မားေနသည့္ မေကြးတိုင္းအတြင္း အပူေရွာင္စခန္း (၄၄)ခု ဖြင့္လွစ္ေပးထားမည္
မေ 13, 2019
By Tachileik News Agency

မေကြးတိုင္းတြင္ အပူခ်ိန္ျမင့္မားလွ်က္ရိွေနသျဖင့္ သက္ႀကီးရြယ္အို အဘိုးအဖြားမ်ား အပူဒဏ္ကာကြယ္ ႏိုင္ေရး အတြက္ အပူေရွာင္စခန္းမ်ား ဖြင့္လွစ္ေပးထားေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခဲြမႈဦးစီးဌာနမွ သိရသည္။

“အပူခ်ိန္ေတြ တအားျမင့္ေနလို႔ သက္ႀကီးရြယ္အို အဘိုးအဖြားေတြ အပူဒဏ္သက္သာေရး အတြက္ လာ ေရာက္နားေနႏိုင္ဖို႔ ရည္ရြယ္ပါတယ္။ ရာသီဥတုက ပူျပင္းတဲ့အတြက္ လူကယ္ျပန္ဝန္ႀကီးက ဒါေလးေတြ ဖြင့္ေပးဖို႔ လိုမယ္လို႔ လမ္းညႊန္တဲ့အတြက္ ကြ်န္ေတာ္တို႔က အေကာင္အထည္ေဖာ္လိုက္တာပါ။ ရတဲ့အခ်ိန္ ေလးမွာ အခ်ိန္လုလုပ္ရတာျဖစ္ေပမယ့္ အဖိုးအဖြားမ်ားရဲ႕ စားေရး ေသာက္ေရး၊ က်န္းမာေရးအတြက္ပါ ျပဳစုကုသေပးႏိုင္ေအာင္ က်န္းမာေရးအဖဲြ႔မ်ားနဲ႔ ေပါင္းစပ္ေဆာင္ရြက္ေပးသြားမွာ ျဖစ္ပါတယ္”ဟု မေကြးတိုင္း ေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခဲြမႈဦးစီးဌာန တိုင္းေဒသႀကီးညႊန္ၾကားေရးမွဴး ဦးျမင့္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕တြင္ အပူေရွာင္စခန္းမ်ားကို  ေအာင္ေမတၱာရပ္ကြက္ရိွ ရတနာသိဒၶိစာသင္္ေက်ာင္းတိုက္တြင္ လည္းေကာင္း၊ ၿမိဳ႕မ အိုးဘိုရပ္ကြက္ရိွ မဟာဓမၼိကာရာမေက်ာင္းတိုက္တြင္ လည္းေကာင္း၊ ေအာင္မဂၤလာရပ္ကြက္ရိွ သာသနာဗိမၼာန္ေက်ာင္းတိုက္တြင္ လည္းေကာင္း၊ ေအာင္ခ်မ္းသာရပ္ကြက္ရိွ ေက်ာင္းထိုင္ဘုန္းႀကီးသင္တန္းေက်ာင္းတို႔တြင္ လည္းေကာင္း စခန္းတစ္ခုလွ်င္ အဘိုး အဖြား (၈၀)ခန္႔ နားခိုႏုိင္ရန္ ဖြင့္လွစ္ေပးသြားမည္ျဖစ္ၿပီး အပူေရွာင္ေရာက္ရိွလာသည့္ အဘိုး အဖြားမ်ားအား ထမင္း၊ အခ်ိဳရည္မ်ားတိုက္ေကၽြးျခင္း၊ သြား လာေရးအတြက္ လိုအပ္ပါက သံုးဘီးဆိုင္ကယ္မ်ားျဖင့္ ႀကိဳ/ပို႔ လုပ္ေပးေဆာင္ေပးျခင္းမ်ားကို ဌာနဘတ္ ဂ်က္ျဖင့္ စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“အပူေရွာင္စခန္းက ဒီေန႔ညေနပိုင္းေလာက္ဆိုရင္ အၿပီးအစီးျဖစ္မွာပါ။ အပူေရွာင္စခန္းကို လာေရာက္နား ခိုၾကဖို႔ ရပ္ကြက္က ရာအိမ္မွဴး၊ ဆယ္အိမ္မွဴးေတြကို အသိေပးဖိတ္ေခၚဖို႔ေျပာထားပါတယ္။ ေဖ့စ္ဘုတ္ လူမႈကြန္ယက္စာမ်က္ႏွာေတြကလည္း ဖိတ္ေခၚထားပါတယ္။ လံုးလံုး မၿပီးေသးလို႔ အသံခ်ဲ႕စက္နဲ႔ လိုက္ လံၿပီး အသိေပးတာမ်ိဳးေတာ့ မလုပ္ရေသးပါဘူး”ဟု ေက်ာင္းထိုင္ဘုန္းႀကီးသင္တန္းေက်ာင္း၌ အပူေရွာင္ စခန္းဖြင့္ႏိုင္ရန္ ျပင္ဆင္မႈမ်ားျပဳလုပ္ေနသည့္ ေအာင္ခ်မ္းသာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ေဇာ္ က ေျပာသည္။

မေကြးတိုင္းေဒသႀကီးအတြင္း မေကြးၿမိဳ႕တြင္ အပူေရွာင္စခန္း(၄)ခု၊ ပခုကၠဴၿမိဳ႕တြင္ အပူေရွာင္စခန္း အခု (၂၀) ဌာနမွ ဖြင့္လွစ္ေပးသြားမည္ျဖစ္ၿပီး ေခ်ာက္ၿမိဳ႕ရိွ ဓမၼာရံုမ်ားတြင္လည္း ပရဟိတအဖဲြ႔မ်ားမွ အပူေရွာင္ စခန္း အခု(၂၀) ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မကွေးတိုင်းတွင် အပူချိန်မြင့်မားလျှက်ရှိနေသဖြင့် သက်ကြီးရွယ်အို အဘိုးအဖွားများ အပူဒဏ်ကာကွယ် နိုင်ရေး အတွက် အပူရှောင်စခန်းများ ဖွင့်လှစ်ပေးထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

“အပူချိန်တွေ တအားမြင့်နေလို့ သက်ကြီးရွယ်အို အဘိုးအဖွားတွေ အပူဒဏ်သက်သာရေး အတွက် လာ ရောက်နားနေနိုင်ဖို့ ရည်ရွယ်ပါတယ်။ ရာသီဥတုက ပူပြင်းတဲ့အတွက် လူကယ်ပြန်ဝန်ကြီးက ဒါလေးတွေ ဖွင့်ပေးဖို့ လိုမယ်လို့ လမ်းညွှန်တဲ့အတွက် ကျွန်တော်တို့က အကောင်အထည်ဖော်လိုက်တာပါ။ ရတဲ့အချိန် လေးမှာ အချိန်လုလုပ်ရတာဖြစ်ပေမယ့် အဖိုးအဖွားများရဲ့ စားရေး သောက်ရေး၊ ကျန်းမာရေးအတွက်ပါ ပြုစုကုသပေးနိုင်အောင် ကျန်းမာရေးအဖွဲ့များနဲ့ ပေါင်းစပ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမြင့်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့တွင် အပူရှောင်စခန်းများကို အောင်မေတ္တာရပ်ကွက်ရှိ ရတနာသိဒ္ဓိစာသင်ကျောင်းတိုက်တွင် လည်းကောင်း၊ မြို့မ အိုးဘိုရပ်ကွက်ရှိ မဟာဓမ္မိကာရာမကျောင်းတိုက်တွင် လည်းကောင်း၊ အောင်မင်္ဂလာရပ်ကွက်ရှိ သာသနာဗိမ္မာန်ကျောင်းတိုက်တွင် လည်းကောင်း၊ အောင်ချမ်းသာရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတို့တွင် လည်းကောင်း စခန်းတစ်ခုလျှင် အဘိုး အဖွား (၈၀)ခန့် နားခိုနိုင်ရန် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အပူရှောင်ရောက်ရှိလာသည့် အဘိုး အဖွားများအား ထမင်း၊ အချိုရည်များတိုက်ကျွေးခြင်း၊ သွား လာရေးအတွက် လိုအပ်ပါက သုံးဘီးဆိုင်ကယ်များဖြင့် ကြို/ပို့ လုပ်ပေးဆောင်ပေးခြင်းများကို ဌာနဘတ် ဂျက်ဖြင့် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အပူရှောင်စခန်းက ဒီနေ့ညနေပိုင်းလောက်ဆိုရင် အပြီးအစီးဖြစ်မှာပါ။ အပူရှောင်စခန်းကို လာရောက်နား ခိုကြဖို့ ရပ်ကွက်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို အသိပေးဖိတ်ခေါ်ဖို့ပြောထားပါတယ်။ ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာတွေကလည်း ဖိတ်ခေါ်ထားပါတယ်။ လုံးလုံး မပြီးသေးလို့ အသံချဲ့စက်နဲ့ လိုက် လံပြီး အသိပေးတာမျိုးတော့ မလုပ်ရသေးပါဘူး”ဟု ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ အပူရှောင် စခန်းဖွင့်နိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေသည့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း မကွေးမြို့တွင် အပူရှောင်စခန်း(၄)ခု၊ ပခုက္ကူမြို့တွင် အပူရှောင်စခန်း အခု (၂၀) ဌာနမှ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ချောက်မြို့ရှိ ဓမ္မာရုံများတွင်လည်း ပရဟိတအဖွဲ့များမှ အပူရှောင် စခန်း အခု(၂၀) ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net