ထိုင္းႏုိင္ငံတြင္ သႀကၤန္ကာလ အရွိန္လြန္ေမာင္းျခင္းႏွင့္ အရက္ေသာက္ေမာင္းျခင္းေၾကာင့္ ယာဥ္တိုက္မႈျဖစ္ကာ လူေသဆံုးပါက လူသတ္မႈျဖင့္ တရားစြဲမည္လ

ထိုင္းႏုိင္ငံတြင္ သႀကၤန္ကာလ အရွိန္လြန္ေမာင္းျခင္းႏွင့္ အရက္ေသာက္ေမာင္းျခင္းေၾကာင့္ ယာဥ္တိုက္မႈျဖစ္ကာ လူေသဆံုးပါက လူသတ္မႈျဖင့္ တရားစြဲမည္လ
ဧပြီ 7, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံတြင္ ၂၀၁၉ ခုႏွစ္ သႀကၤန္ကာလအတြင္း အရွိန္လြန္ေမာင္းႏွင္ျခင္းႏွင့္ အရက္မူးၿပီး ေမာင္းႏွင္ျခင္းမ်ားေၾကာင့္ ေမာ္ေတာ္ယာဥ္တုိက္မႈျဖစ္ပြားကာ လူေသပါက လူသတ္မႈျဖင့္ တရားစြဲဆိုသြားရန္ ရဲတပ္ဖြဲ႕အားညႊန္ၾကားထားေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ သႀကၤန္ကာလတြင္ အရက္ေသာက္၍ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူ (၃၀၀)ဦးကို စစ္ေဆးေတြ႔ရိွခဲ့ရာ ၎တို႔အား ရဲစခန္းတြင္ေခၚယူၿပီး ေနာက္ေနာင္အရက္ေသာက္ၿပီး ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္ျခင္းမျပဳရန္ သစၥာေရေသာက္၍ က်မ္းက်ိန္ေစခဲ့ေၾကာင္း သိရသည္။

သႀကၤန္ကာလအတြင္း ေမာ္ေတာ္ယာဥ္မေတာ္တဆမႈေၾကာင့္ ေသဆံုးမႈမ်ားေလွ်ာ့ခ်ရန္ သတ္မွတ္မိုင္ႏႈန္း ေက်ာ္လြန္ေမာင္းႏွင္ျခင္း သို႔မဟုတ္ အရက္ေသစာေသာက္စား၍ ေမာင္းႏွင္ျခင္းေၾကာင့္ ယာဥ္တုိက္မႈျဖစ္ပြားကာ လူေသဆံုးပါက လူသတ္မႈအျဖစ္ စြဲခ်က္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္သႀကၤန္ကာလအတြင္း ယာဥ္၊လမ္းလံုၿခံဳေရးအတြက္ စည္းကမ္းခ်က္မ်ား ထုတ္ျပန္ျခင္းႏွင့္အတူ ေနာက္ဖြင့္ကားမ်ား၏ ေနာက္ခန္းတြင္ လူလုိက္ပါစီးနင္းခြင့္ကိုလည္း ခြင့္ျပဳလုိက္ျခင္းျဖစ္သည္။

သႀကၤန္ကာလအတြင္း ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလုိက္နာေရးအတြက္ ပညာေပးလုပ္ငနး္မ်ား လုပ္ေဆာင္ေသာ္လည္း ႏွစ္စဥ္ မေတာ္တဆမႈေၾကာင့္ လူေသဆံုးမႈမွာ ေလ်ာ့က်ျခင္းမရိွဘဲ ၂၀၁၈ ခုႏွစ္ သႀကၤန္ကာလအတြင္းက ယာဥ္မေတာ္တဆမႈေပါင္း (၃,၇၂၄)မႈအတြင္း လူေပါင္း (၄၁၈)ဦးေသဆံုးကာ (၃,၈၉၇)ဦး ဒဏ္ရာရသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ယာဥ္မေတာ္တဆမႈမ်ား၏ အမ်ားစုမွာ အရက္ေသစာေသာက္စား ေမာင္းႏွင္ျခင္းႏွင့္ အရွိန္လြန္ေမာင္းႏွင္ျခင္းမ်ားေၾကာင့္ ျဖစ္ပြားရျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံတြင္ ၂၀၁၈ ခုႏွစ္က ယာဥ္မေတာ္တဆမႈမ်ားေၾကာင့္ လူေသဆံုးမႈ (၂၀၁၆၉)ဦးရိွခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း အရှိန်လွန်မောင်းနှင်ခြင်းနှင့် အရက်မူးပြီး မောင်းနှင်ခြင်းများကြောင့် မော်တော်ယာဉ်တိုက်မှုဖြစ်ပွားကာ လူသေပါက လူသတ်မှုဖြင့် တရားစွဲဆိုသွားရန် ရဲတပ်ဖွဲ့အားညွှန်ကြားထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် သင်္ကြန်ကာလတွင် အရက်သောက်၍ မော်တော်ယာဉ်မောင်းနှင်သူ (၃၀၀)ဦးကို စစ်ဆေးတွေ့ရှိခဲ့ရာ၎င်းတို့အား ရဲစခန်းတွင်ခေါ်ယူပြီး နောက်နောင်အရက်သောက်ပြီး မော်တော်ယာဉ် မောင်းနှင်ခြင်းမပြုရန် သစ္စာရေသောက်၍ ကျမ်းကျိန်စေခဲ့ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း မော်တော်ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုများလျှော့ချရန် သတ်မှတ်မိုင်နှုန်း ကျော်လွန်မောင်းနှင်ခြင်း သို့မဟုတ် အရက်သေစာသောက်စား၍ မောင်းနှင်ခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ပွားကာ လူသေဆုံးပါက လူသတ်မှုအဖြစ် စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်သင်္ကြန်ကာလအတွင်း ယာဉ်၊လမ်းလုံခြုံရေးအတွက် စည်းကမ်းချက်များ ထုတ်ပြန်ခြင်းနှင့်အတူ နောက်ဖွင့်ကားများ၏ နောက်ခန်းတွင် လူလိုက်ပါစီးနင်းခွင့်ကိုလည်း ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

သင်္ကြန်ကာလအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးအတွက် ပညာပေးလုပ်ငနး်များ လုပ်ဆောင်သော်လည်း နှစ်စဉ် မတော်တဆမှုကြောင့် လူသေဆုံးမှုမှာ လျော့ကျခြင်းမရှိဘဲ ၂၀၁၈ ခုနှစ် သင်္ကြန်ကာလအတွင်းက ယာဉ်မတော်တဆမှုပေါင်း (၃,၇၂၄)မှုအတွင်း လူပေါင်း (၄၁၈)ဦးသေဆုံးကာ (၃,၈၉၇)ဦး ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်မတော်တဆမှုများ၏ အများစုမှာ အရက်သေစာသောက်စား မောင်းနှင်ခြင်းနှင့် အရှိန်လွန်မောင်းနှင်ခြင်းများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၈ ခုနှစ်က ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးမှု (၂၀၁၆၉)ဦးရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net