ထိုင်းနိုင်ငံအတွင်း စိုက်ပျိုးမြေများအတွက် တောင်ယာမီးရှို့မှုမှာ နိုင်ငံအတွက် ပြဿနာဖြစ်လာကြောင်း ထိုင်းတော်ဝင်မင်းသမီး မှတ်ချက်ပြု

ထိုင်းနိုင်ငံအတွင်း စိုက်ပျိုးမြေများအတွက် တောင်ယာမီးရှို့မှုမှာ နိုင်ငံအတွက် ပြဿနာဖြစ်လာကြောင်း ထိုင်းတော်ဝင်မင်းသမီး မှတ်ချက်ပြု
ဧပွီ 2, 2019
By Tachileik News Agency



ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မီးခိုးမြူထူထပ်နေခြင်းနှင့်အတူ ရေရှားပါးမည့်အရေးနှင့်လည်း ကြုံတွေ့နေရကြောင်း ထပ်လောင်း သတိပေးလိုက်ပြီး စိုက်ပျိုးမြေများအတွက် မီးရှို့မှုများသည်လည်း နိုင်ငံအတွက် ကြီးထွားလာနေသည့် ပြဿနာဖြစ်လာသည်ဟု ပြောကြားလိုက်သည်။

မြောက်ပိုင်းဒေသတွင် ကြာလရှည်မီးခိုးမြူထူထပ်ပြီး လေထုအရည်အသွေးကျဆင်းနေသော်လည်း အစိုးရအနေဖြင့် ထိရောက်စွာဖြေရှင်းပေးခြင်းမရှိကြောင်း ဝေဖန်မှုများမြင့်တက်နေရာ ဧပြီလ (၁)ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်က နိုင်ငံမြောက်ပိုင်းရောက်ရှိလာပြီး ဧပြီလ (၂)ရက်နေ့တွင် ဒေသတွင်းတာဝန်ရှိသူများနှင့် မီးခိုးကိစ္စဖြေရှင်းရန် အစည်းအဝေးပြုလုပ်နေခြင်းဖြစ်သည်။

ဒေသတွင်း ပြောင်းစိုက်ခင်းများက မီးရှို့သည့်ပမာဏပိုများသဖြင့် ပြောင်းစိုက်ပျိုးရေးနှင့်ဆက်စပ်နေသည့် ကုမ္ပဏီများအနေဖြင့်လည်း တာဝန်ရှိသည်ဟု သဘာဝပတ်ဝန်းကျင်အရေးကျွမ်းကျင်သူများက အစိုးရ၏ပြောင်းစိုက်ပျိုးရေးစီမံကိန်းကို ဝေဖန်ပြစ်တင်လိုက်ပြီး ဝန်ကြီးချုပ် ပရာယွတ်၏ခရီးမှာလည်း နိုင်ငံရေးစတန့်ထွင်သည့်လုပ်ရပ်မဖြစ်သင့်ဘဲ ထိထိရောက်ရောက်အဖြေရှာရန်လိုကြောင်း ပြောကြားထားကြသည်။

Tachileik News Agency
Ref: The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း စိုက်ပျိုးမြေအများအပြားရှိသည့် မြောက်ပိုင်းဒေသမှ မီးခိုးထူထပ်မှုနှင့်ပတ်သက်၍ ထိုင်းတော်ဝင်မိသားစုမှ ပထမဆုံးထုတ်ဖော်ပြောကြားမှုအဖြစ် မင်းသမီးကြီး မဟာချက်ကရီသီရိဒုံက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် ထုတ်ဖော်ပြောကြားလာသည်။

“လွိုင်ကနေ ဆာ့ခွန်နမ်ခွန်းကို ရဟတ်ယာဉ်နဲ့သွားတုန်းက ကိုယ်တိုင်ခံစားခဲ့ရပါတယ်။ အောက်ကိုကြည့်လိုက်ရင် မီးရှို့ထားတာတွေ ရာနဲ့ချီပြီး တွေ့နေရတယ်။ မီးခိုးတွေက ဒီလောက်အမြင့်မှာပျံနေတဲ့ ရဟတ်ယာဉ်ထဲထိ ဝင်လာတယ်။ အဲဒါပြီးတော့ ဓာတ်မတည့်သလိုဖြစ်ပြီး ဖျားတော့တာပဲ”ဟု မင်းသမီးကြီးက ပြောသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မီးခိုးမြူထူထပ်နခြေင်းနှင့်အတူ ရေရှားပါးမည့်အရေးနှင့်လည်း ကြုံတွေ့နေရကြောင်း ထပ်လောင်း သတိပေးလိုက်ပြီး စိုက်ပျိုးမြေများအတွက် မီးရှို့မှုများသည်လည်း နိုင်ငံအတွက် ကြီးထွားလာနေသည့် ပြဿနာဖြစ်လာသည်ဟု ပြောကြားလိုက်သည်။

မြောက်ပိုင်းဒေသတွင် ကြာလရှည်မီးခိုးမြူထူထပ်ပြီး လေထုအရည်အသွေးကျဆင်းနေသော်လည်း အစိုးရအနဖြေင့် ထိရောက်စွာဖြေရှင်းပေးခြင်းမရှိကြောင်း ဝေဖန်မှုများမြင့်တက်နေရာ ဧပြီလ (၁)ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်က နိုင်ငံမြောက်ပိုင်းရောက်ရှိလာပြီး ဧပြီလ (၂)ရက်နေ့တွင် ဒေသတွင်းတာဝန်ရှိသူများနှင့် မီးခိုးကိစ္စဖြေရှင်းရန် အစည်းအဝေးပြုလုပ်နခြေင်းဖြစ်သည်။

ဒေသတွင်း ပြောင်းစိုက်ခင်းများက မီးရှို့သည့်ပမာဏပိုများသဖြင့် ပြောင်းစိုက်ပျိုးရေးနှင့်ဆက်စပ်နေသည့် ကုမ္ပဏီများအနဖြေင့်လည်း တာဝန်ရှိသည်ဟု သဘာဝပတ်ဝန်းကျင်အရေးကျွမ်းကျင်သူများက အစိုးရ၏ပြောင်းစိုက်ပျိုးရေးစီမံကိန်းကို ဝေဖန်ပြစ်တင်လိုက်ပြီး ဝန်ကြီးချုပ် ပရာယွတ်၏ခရီးမှာလည်း နိုင်ငံရေးစတန့်ထွင်သည့်လုပ်ရပ်မဖြစ်သင့်ဘဲ ထိထိရောက်ရောက်အဖြေရှာရန်လိုကြောင်း ပြောကြားထားကြသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net