တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္(ခ)ရပ္ကြက္အတြင္းရွိ တယ္လီေနာတာ၀ါတိုင္ မီးေလာင္မႈျဖစ္ပြား

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္(ခ)ရပ္ကြက္အတြင္းရွိ တယ္လီေနာတာ၀ါတိုင္ မီးေလာင္မႈျဖစ္ပြား
ဧပြီ 12, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမို႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ၀မ္မိုင္ရြာအတြင္း စိုက္ထူထားရွိသည့္ တယ္လီေနာတာ၀ါတိုင္တြင္ မီးေလာင္ကြ်မ္းမႈ ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၂)ရက္ေန႔ ေန႔လယ္(၁)နာရီခြဲေက်ာ္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာေနရာသို႔ တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးဌာနမွ ဦးစီးဌာနမွဴး ဦးေက်ာ္ကိုကို၊ ၿမဳိ႕နယ္မီးသတ္ဦးစီးဌာနမွဴး ဦးေအာင္ေဇာ္လင္းႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ား၊  ၿမိဳ႕နယ္အရန္ မီးသတ္တပ္ဖြဲ႔ရင္းမွ ဒုတပ္ရင္းမွဴး ဦးရဲနႏၵာလင္း ႏွင့္ အရန္မီးသတ္တပ္ဖြဲ႔၀င္မ်ားမွ သြားေရာက္ ၿငိမ္းသတ္ခ့ဲၾကၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးမ်ုိးခိုင္ႏွင့္တပ္ဖြဲ႔၀င္မ်ား ဆန္ဆိုင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေက်ာက္ႏွင့္ အဖြဲ႔၀င္မ်ားကလည္း သြားေရာက္ စစ္ေဆးခဲ့ၾကသည္။

မီးေလာင္ကြ်မ္းမႈေၾကာင့္ အဆိုပါ တာ၀ါတိုင္တြင္ တပ္ဆင္ထားသည့္ စက္ပစၥည္းမ်ားႏွင့္ မီးစက္တို႔မွာ မီးေလာင္ကြ်မ္းခဲ့ၿပီး မီးေလာင္ကြ်မ္းမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ မီးသတ္တပ္ဖြဲ႔ႏွင့္ရဲတပ္ဖြဲ႔က စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

"ဒီေနရာက ၿခံ၀ိုင္း အလႊတ္ဆိုေတာ့ ေဆးသမားေတြလည္း လာလာေနၾကတယ္၊ ရပ္ကြက္က ရွင္းထုတ္လည္းမႏိုင္ဘူး ေတာ္ၾကာေနေတာ့ သူတို႔ေတြ ေရာက္္ေရာက္လာၾကတယ္၊ ထိုင္းဘက္ကလို တာ၀ါတိုင္၀န္းက်င္ကို ၿခံေလးခတ္ထားသင့္တာ။ အခုေတာ့ မီးက ဘယ္လိုေၾကာင့္ ေလာင္တာလည္းေတာ့မသိဘူး၊ ေဘးအိမ္ကေတာ့ ၀ုန္းဆိုၿပီးေတာ့ အသံေတာ့ ၾကားလိုက္တယ္လို႔ ေျပာတယ္၊ "ဟု ၀မ္မိုင္ရြာတြင္းေန အမ်ုိးသားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခုမီးေလာင္မႈျဖစ္ပြားသည့္ တယ္လီေနာတာ၀ါတိုင္တြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလအတြင္းကလည္း  ဘထၳရီခိုးယူၿပီး ဆီပိုက္လိုင္း ဖ်က္ဆီးသြားမႈ ျဖစ္ပြားခ့ဲဖူးေၾကာင္း သိသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ဆက္သြယ္ေရးတာ၀ါတိုင္မ်ားကို လူမေနသည့္ ၿခံလြတ္အတြင္း စိုက္ထူထားမႈမ်ားရွိရာတြင္ တာ၀ါတိုုင္ႏွင့္ သက္ဆိုင္သည့္ တာ၀န္ခံမ်ားက တာ၀ါတိုင္၏ အေျခအေနမ်ားကိုလည္း မၾကာမၾကာ လာေရာက္ၾကည့္ရႈ႕မႈနည္းပါးေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာအတွင်း စိုက်ထူထားရှိသည့် တယ်လီနောတာဝါတိုင်တွင် မီးလောင်ကျွမ်းမှု ၂၀၁၉ခုနှစ် ဧပြီလ(၁၂)ရက်နေ့ နေ့လယ်(၁)နာရီခွဲကျော်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒါလင်း နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက် ငြိမ်းသတ်ခဲ့ကြပြီးနောက် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင်နှင့်တပ်ဖွဲ့ဝင်များ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်နှင့် အဖွဲ့ဝင်များကလည်း သွားရောက် စစ်ဆေးခဲ့ကြသည်။

မီးလောင်ကျွမ်းမှုကြောင့် အဆိုပါ တာဝါတိုင်တွင် တပ်ဆင်ထားသည့် စက်ပစ္စည်းများနှင့် မီးစက်တို့မှာ မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

"ဒီနေရာက ခြံဝိုင်း အလွှတ်ဆိုတော့ ဆေးသမားတွေလည်း လာလာနကြေတယ်၊ ရပ်ကွက်က ရှင်းထုတ်လည်းမနိုင်ဘူး တော်ကြာနေတော့ သူတို့တွေ ရောက်ရောက်လာကြတယ်၊ ထိုင်းဘက်ကလို တာဝါတိုင်ဝန်းကျင်ကို ခြံလေးခတ်ထားသင့်တာ။ အခုတော့ မီးက ဘယ်လိုကြောင့် လောင်တာလည်းတော့မသိဘူး၊ ဘေးအိမ်ကတော့ ဝုန်းဆိုပြီးတော့ အသံတော့ ကြားလိုက်တယ်လို့ ပြောတယ်၊ "ဟု ဝမ်မိုင်ရွာတွင်းနေ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုမီးလောင်မှုဖြစ်ပွားသည့် တယ်လီနောတာဝါတိုင်တွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဘထ္ထရီခိုးယူပြီး ဆီပိုက်လိုင်း ဖျက်ဆီးသွားမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိသည်။

တာချီလိတ်မြို့တွင် ဆက်သွယ်ရေးတာဝါတိုင်များကို လူမနေသည့် ခြံလွတ်အတွင်း စိုက်ထူထားမှုများရှိရာတွင် တာဝါတိုင်နှင့် သက်ဆိုင်သည့် တာဝန်ခံများက တာဝါတိုင်၏ အခြေအနေများကိုလည်း မကြာမကြာ လာရောက်ကြည့်ရှု့မှုနည်းပါးကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net