ဟိုတယ္မ်ား၌ မႈခင္းျဖစ္ပြားပါက အျမန္ဆံုးအေၾကာင္းၾကားရန္ တာခ်ီလိတ္မွ ဟိုတယ္လုပ္ငန္းရွင္မ်ားအား ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေခၚယူသတိေပး

ဟိုတယ္မ်ား၌ မႈခင္းျဖစ္ပြားပါက အျမန္ဆံုးအေၾကာင္းၾကားရန္ တာခ်ီလိတ္မွ ဟိုတယ္လုပ္ငန္းရွင္မ်ားအား ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေခၚယူသတိေပး
ဧပြီ 25, 2019
By 🌸
ျမန္မာ-ထိုင္းနယ္စပ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ဟိုတယ္ႏွင့္တည္းခိုခန္းမ်ားတြင္ မႈခင္းျဖစ္ပြားပါက ရဲတပ္ဖြဲ႕သို႔ အျမန္ဆံုးအေၾကာင္းၾကားရန္ ဟိုတယ္လုပ္ငန္းရွင္မ်ားကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၃) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ ေခၚယူသတိေပးထားေၾကာင္း သိရသည္။

"ႏိုင္ငံျခားသားေတြ စနစ္တက်တည္းခိုေနထိုင္ဖို႔၊ ဧည့္သည္လာရင္လည္း ဧည့္ေဆာင္မွာပဲေတြ႕ဖို႔၊ အခန္းလာငွားတာက (၁) ေယာက္၊ တည္းခိုတာ (၁) ေယာက္မျဖစ္ဖို႔၊ ထူးျခားျဖစ္စဥ္ျဖစ္ရင္ ရဲစခန္းခ်က္ခ်င္းအေၾကာင္းၾကားဖို႔၊ ႏိုင္ငံျခားသားတည္းခိုလို႔မရတဲ့ တည္းခိုခန္းေတြက ႏိုင္ငံျခားသားလက္မခံဖို႔ သတိေပးထားပါတယ္။ ႏိုင္ငံျခားသားက ဟိုတယ္ေတြမွာပဲ တည္းလို႔ရတာ။ တည္းခိုခန္းတည္းလို႔မရဘူး"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ရိွ တည္းခိုခန္းတစ္ခုတြင္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၃) ရက္ေန႔က အခန္းတံခါးမွားဖြင့္ရာမွ ေသနတ္ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ တည္းခိုခန္းတာဝန္ရိွသူက ရဲတပ္ဖြဲ႕ထံအေၾကာင္းမၾကားဘဲ ေသနတ္ ပစ္ခတ္ခံရသူ ေဆးရံုသို႔ေရာက္ရိွခ်ိန္မွသာ ရဲတပ္ဖြဲ႕မွသိရိွသျဖင့္ အခင္းျဖစ္ေနရာအား သြားေရာက္စစ္ေဆးရာတြင္လည္း အခင္းျဖစ္ေနရာကိုရွင္းလင္းထားသည္ကိုေတြ႔ရကာ ေသနတ္ျဖင့္ပစ္ခတ္သူ ထိုင္းႏိုင္ငံသားမွာ အခန္းတြင္း စိတ္ၾကြေဆးျပားမ်ားခ်န္ခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"အဓိကေဆြးေႏြးတာက လံုၿခံဳေရးေပါ့။ ျဖစ္စဥ္မႈခင္းတစ္ခုခုျဖစ္တာနဲ႔ ဟိုတယ္မွာတာ၀န္ရိွတဲ့ဝန္ထမ္း၊ မန္ေနဂ်ာက ရဲစခန္းကို အခ်ိန္မီသတင္းပို႔ဖို႔ေပါ့ေနာ္။ အခုဟာက ေရွ႕မွာျဖစ္သြားတဲ့ကိစၥေတြဆိုလို႔ရိွရင္ ျဖစ္တာက (၇) နာရီေလာက္ျဖစ္တယ္။ သတင္းပို႔တာက (၁၀) ေလာက္မွ။ အဲဒီလိုမ်ိဳး သတင္းေပးတာ ေနာက္က်တဲ့ဟာမ်ိဳးေလးေတြေပါ့။ ႏိုင္ငံျခားသားကေတာ့ ဟိုတယ္မွာပဲ အိပ္ခြင့္ရိွတာေပါ့။ တစ္ခ်ိဳ႕ ႏိုင္ငံျခားသားေတြက ဟိုတယ္မွာ မအိပ္ၾကတာရိွတယ္။ သူဘယ္မွာ သြားအိပ္သလဲဆိုတာ ကၽြန္ေတာ္တို႔က လိုက္စစ္လို႔မွ မရတာ။ အဓိကကေတာ့ သတင္းပို႔တာ ျမန္ျမန္ဆန္ဆန္ပို႔ဖို႔။ တစ္ခုခုျဖစ္ရင္ သူတို႔ကို ျမန္ျမန္ဆန္ဆန္ အကူအညီေတာင္းဖို႔ေပါ့။ ၾကာသြားရင္ သူတို႔လည္း ဖမ္းဆီးရတာခက္တာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕ ဟိုတယ္လုပ္ငန္းရွင္မ်ားဥကၠဌ ကိုအာကာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ ဟိုတယ္ႏွင့္ တည္းခိုရိပ္သာေပါင္း (၄၁) လံုးရိွၿပီး အခန္းေပါင္း (၁၉၀၀) ေက်ာ္၊ လူဦးေရ (၃၅၀၀) ေက်ာ္တည္းခိုႏိုင္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု #ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဟိုတယ်များ၌ မှုခင်းဖြစ်ပွားပါက အမြန်ဆုံးအကြောင်းကြားရန် တာချီလိတ်မှ ဟိုတယ်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ခေါ်ယူသတိပေး
*************
မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင် မှုခင်းဖြစ်ပွားပါက ရဲတပ်ဖွဲ့သို့ အမြန်ဆုံးအကြောင်းကြားရန် ဟိုတယ်လုပ်ငန်းရှင်များကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့က တာချီလိတ်မြို့မရဲစခန်း၌ ခေါ်ယူသတိပေးထားကြောင်း သိရသည်။

"နိုင်ငံခြားသားတွေ စနစ်တကျတည်းခိုနေထိုင်ဖို့၊ ဧည့်သည်လာရင်လည်း ဧည့်ဆောင်မှာပဲတွေ့ဖို့၊ အခန်းလာငှားတာက (၁) ယောက်၊ တည်းခိုတာ (၁) ယောက်မဖြစ်ဖို့၊ ထူးခြားဖြစ်စဉ်ဖြစ်ရင် ရဲစခန်းချက်ချင်းအကြောင်းကြားဖို့၊ နိုင်ငံခြားသားတည်းခိုလို့မရတဲ့ တည်းခိုခန်းတွေက နိုင်ငံခြားသားလက်မခံဖို့ သတိပေးထားပါတယ်။ နိုင်ငံခြားသားက ဟိုတယ်တွေမှာပဲ တည်းလို့ရတာ။ တည်းခိုခန်းတည်းလို့မရဘူး"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် ၂၀၁၉ ခုနှစ် ဧပြီလ (၃) ရက်နေ့က အခန်းတံခါးမှားဖွင့်ရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တည်းခိုခန်းတာဝန်ရှိသူက ရဲတပ်ဖွဲ့ထံအကြောင်းမကြားဘဲ သေနတ် ပစ်ခတ်ခံရသူ ဆေးရုံသို့ရောက်ရှိချိန်မှသာ ရဲတပ်ဖွဲ့မှသိရှိသဖြင့် အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာတွင်လည်း အခင်းဖြစ်နေရာကိုရှင်းလင်းထားသည်ကိုတွေ့ရကာ သေနတ်ဖြင့်ပစ်ခတ်သူ ထိုင်းနိုင်ငံသားမှာ အခန်းတွင်း စိတ်ကြွဆေးပြားများချန်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဓိကဆွေးနွေးတာက လုံခြုံရေးပေါ့။ ဖြစ်စဉ်မှုခင်းတစ်ခုခုဖြစ်တာနဲ့ ဟိုတယ်မှာတာဝန်ရှိတဲ့ဝန်ထမ်း၊ မန်နေဂျာက ရဲစခန်းကို အချိန်မီသတင်းပို့ဖို့ပေါ့နော်။ အခုဟာက ရှေ့မှာဖြစ်သွားတဲ့ကိစ္စတွေဆိုလို့ရှိရင် ဖြစ်တာက (၇) နာရီလောက်ဖြစ်တယ်။ သတင်းပို့တာက (၁၀) လောက်မှ။ အဲဒီလိုမျိုး သတင်းပေးတာ နောက်ကျတဲ့ဟာမျိုးလေးတွေပေါ့။ နိုင်ငံခြားသားကတော့ ဟိုတယ်မှာပဲ အိပ်ခွင့်ရှိတာပေါ့။ တစိချို့ နိုင်ငံခြားသားတွေက ဟိုတယ်မှာ မအိပ်ကြတာရှိတယ်။ သူဘယ်မှာ သွားအိပ်သလဲဆိုတာ ကျွန်တော်တို့က လိုက်စစ်လို့မှ မရတာ။ အဓိကကတော့ သတင်းပို့တာ မြန်မြန်ဆန်ဆန်ပို့ဖို့။ တစ်ခုခုဖြစ်ရင် သူတို့ကို မြန်မြန်ဆန်ဆန် အကူအညီတောင်းဖို့ပေါ့။ ကြာသွားရင် သူတို့လည်း ဖမ်းဆီးရတာခက်တာပေါ့"ဟု တာချီလိတ်မြို့ ဟိုတယ်လုပ်ငန်းရှင်များဥက္ကဌ ကိုအာကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း (၄၁) လုံးရှိပြီး အခန်းပေါင်း (၁၉၀၀) ကျော်၊ လူဦးရေ (၃၅၀၀) ကျော်တည်းခိုနိုင်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net