မိုင်းဆတ်မြို့ရှိ သဗ္ဗညုစေတီတော်မြတ်ကြီးအား ဘက်စုံမွမ်းမံပြုပြင်ရန်နှင့်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက် အလှူရှင်များ ပါဝင်လှူဒါန်း

မိုင်းဆတ်မြို့ရှိ သဗ္ဗညုစေတီတော်မြတ်ကြီးအား ဘက်စုံမွမ်းမံပြုပြင်ရန်နှင့်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက် အလှူရှင်များ ပါဝင်လှူဒါန်း
ဧပွီ 2, 2019
By Tachileik News Agency


"ကျွန်တော်တို့ စေတီတော်ကြီးကို ရွှေသင်္ကန်းကပ်လှူဖို့ လုပ်လိုက်တဲ့အချိန်မှာ စေတီတော်အောက်ခုံဖိနပ် မှာ ကွဲကြောင်း၊ အက်ကြောင်းရာတွေတွေ့ရှိပြီး အရံစေတီ(၈)ဆူဟာလည်း ပင်မစေတီတော်ကြီးဘက်ကို ငိုက်နေ တာ တွေ့ရပါတယ်၊ ပင်မစေတီတော်အပေါ်မှာလည်း အက်ကြောင်းလိုက်နေတာတွေ့ရပါတယ်၊ ဒီနှစ်မှာအချိန်မီ မပြုပြင်လိုက်နိုင်ရင် အက်ကြောင်းတွေကနေ ရေ၀င်ပြီး ပင်မစေတီတော်ကို ဒုက္ခပေးသွားနိုင်တဲ့အနေအထားဖြစ်ပါ တယ်" ဟု  ဂေါပကအဖွဲ့ ဥက္ကဌ ဦးသန်းဝေက ဧပြီလ(၂)ရက်နေ့တွင် ပြောသည်။


လက်ရှိတွင် အဆိုပါ စေတီတော် မွမ်းမံပြုပြင်ရန်အတွက် လာရောက်လှူဒါန်းလာကြသည့် အလှူငွေစုစုပေါက်းမှာ ကျပ်(၈၆)သိန်းကျော်ရရှိထားကြောင်း နှင့် တတ်နိုင်သည့် ဘက်မှ ပါဝင်လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့်   ဦးသန်းဝေ ( ဖုန်း-၀၉၂၅၀၈၅၈၂၀၉ )၊ ဦးထွန်းလွင်ဦး ( ဖုန်း-၀၉၄၅၃၉၃၉၄၃၉ )၊ ဦးဆန်းညွှန့်အောင် (  ဖုန်း-၀၉၇၇၂၇၅၆၀၇၆ ) နှင့်  ဦးအေးမင်း ( ဖုန်း-၀၉၂၅၀၃၃၈၇၃၈ ) တို့အား ဆက်သွယ်မေးမြန်းကာ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။



 


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့ရှိ သဗ္ဗညုစေတီတော်မြတ်ကြီးအား ဘက်စုံမွမ်းမံပြုပြင်မှုများ နှင့်အတူ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူဒါန်ရန် ဆောင်ရွက်နေလျက်ရှိရာ အလှူရှင်များ လိုအပ်နေလျက်ရှိသည့်အတွက် မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

"ကျွန်တော်တို့ စေတီတော်ကြီးကို ရွှေသင်္ကန်းကပ်လှူဖို့ လုပ်လိုက်တဲ့အချိန်မှာ စေတီတော်အောက်ခုံဖိနပ် မှာ ကွဲကြောင်း၊ အက်ကြောင်းရာတွေတွေ့ရှိပြီး အရံစေတီ(၈)ဆူဟာလည်း ပင်မစေတီတော်ကြီးဘက်ကို ငိုက်နေ တာ တွေ့ရပါတယ်၊ ပင်မစေတီတော်အပေါ်မှာလည်း အက်ကြောင်းလိုက်နေတာတွေ့ရပါတယ်၊ ဒီနှစ်မှာအချိန်မီ မပြုပြင်လိုက်နိုင်ရင် အက်ကြောင်းတွေကနေ ရေဝင်ပြီး ပင်မစေတီတော်ကို ဒုက္ခပေးသွားနိုင်တဲ့အနေအထားဖြစ်ပါ တယ်" ဟု ဂေါပကအဖွဲ့ ဥက္ကဌ ဦးသန်းေဝက ဧပြီလ(၂)ရက်နေ့တွင် ပြောသည်။

ပင်မစေတီတော်ကြီးအား မွမ်းမံပြုပြင်ရန်နှင့် ရွှေသင်္ကန်းကပ်လှူရန် ငွေကျပ်သိန်း(၁၅၀)နှင့် ပင်မစေတီ အောက်ခုံဖိနပ်ပေါ်တွင် တည်ထားသော အရံစေတီ(၈)ဆူမပါ၊ အခြားအရံစေတီ(၂၄)ဆူအတွက် တစ်ဆူလျှင် ကျပ်(၆)သိန်းနှုန်းဖြင့် ကျပ်(၁၄၄)သိန်း၊ ဂြိုဟ်ပြေနံပြေ(၈)ဆူအတွက် တစ်ဆူလျှင်ကျပ်(၅)သိန်းနှုန်းဖြင့် ကျပ်သိန်း (၄၀) ကုန်ကျမည်ဖြစ်ပြီး ပင်မစေတီအောက်ခုံဖိနပ်ပေါ်တွင် တည်ထားသော အရံစေတီ(၈)ဆူမှာ ပြန်လည်တည့်မတ်ရန်နှင့်အောက်ခြေအမာခံရရှိအောင်ဆောင်ရွက်ရမည်ဖြစ်၍ ကုန်ကျစရိတ်အားတွက်ချက်၍ မရသေးကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ စေတီတော် မွမ်းမံပြုပြင်ရန်အတွက် လာရောက်လှူဒါန်းလာကြသည့် အလှူငွေစုစုပေါက်းမှာ ကျပ်(၈၆)သိန်းကျော်ရရှိထားကြောင်း နှင့် တတ်နိုင်သည့် ဘက်မှ ပါဝင်လှူဒါန်းလိုသည့် အလှူရှင်များအနဖြေင့် ဦးသန်းေဝ ( ဖုန်း-ဝ၉၂၅၀၈၅၈၂၀၉ )၊ ဦးထွန်းလွင်ဦး ( ဖုန်း-ဝ၉၄၅၃၉၃၉၄၃၉ )၊ ဦးဆန်းညွှန့်အောင် ( ဖုန်း-ဝ၉၇၇၂၇၅၆၀၇၆ ) နှင့် ဦးအေးမင်း ( ဖုန်း-ဝ၉၂၅၀၃၃၈၇၃၈ ) တို့အား ဆက်သွယ်မေးမြန်းကာ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စေတီတော်အား ၁၉၉၈ခုနှစ်က စတင်တည်ထားခြင်းဖြစ်ပြီး တည်ထားချိန် အချိန်(၄)လအတွင်း အပြီး တည်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net