မန္းစက္ေတာ္ရာဘုရားပြဲရွိ ေရႊသမင္ေဘးမဲ့ေတာဥယ်ာဥ္ၿခံတြင္ လမ္းညႊန္ျပသထားမႈမ်ားမရွိ၍ ၀င္ေရာက္ၾကည့္ရႈသူနည္းပါးေန

မန္းစက္ေတာ္ရာဘုရားပြဲရွိ ေရႊသမင္ေဘးမဲ့ေတာဥယ်ာဥ္ၿခံတြင္ လမ္းညႊန္ျပသထားမႈမ်ားမရွိ၍ ၀င္ေရာက္ၾကည့္ရႈသူနည္းပါးေန
ဧပြီ 6, 2019
By Tachileik News Agency

မန္းစက္ေတာ္ရာ ဘုရားပဲြေတာ္ရိွ အခမဲ့၀င္ေရာက္ေလ့လာႏိုင္သည့္ ေရႊသမင္ေဘးမဲ့ေတာဥယ်ာဥ္ျခံတြင္  ဘုရားဖူးျပည္သူမ်ားဝင္ ေရာက္ၾကည့္ရႈႏိုင္ရန္အတြက္ လမ္းညႊန္ျပသထားမႈမ်ား မရွိသည့္အတြက္ ယခု ၂၀၁၉ခုႏွစ္ ပြဲေတာ္ကာလတြင္ ဝင္ေရာက္ၾကည့္ရႈသူ နည္းပါးလွ်က္ရိွေနေၾကာင္း သိရသည္။

ယခင္ႏွစ္မ်ားက  အဆိုပါ ေရႊသမင္ေဘးမဲ့ေတာဥယ်ာဥ္ျခံမွာ ဘုရားဖူးလာျပည္သူမ်ားအား စဲြေဆာင္မႈမရိွ သျဖင့္ ၾကည့္ရႈေလ့လာသူ မရိွသေလာက္ပင္ျဖစ္ခဲ့ေသာေၾကာင့္ ယခုႏွစ္ ဘုရားပဲြေတာ္ကာလမတိုင္မီ ျခံ စည္းရိုးကို အျမင္ျဖင့္ ျခံအတြင္းဝင္ေရာက္ၾကည့္ရႈခ်င္စိတ္ျဖစ္ေပၚရန္ ျပင္ဆင္ကာရံခဲ့ေသာ္လည္း ဝင္ေရာက္ၾကည့္ရႈႏိုင္ရန္ လမ္းညႊန္ျပသ ထားျခင္းမိ်ဳးမရိွ၍ ဝင္ေရာက္လိုသူမ်ားအေနျဖင့္ အခက္အခဲႏွင့္ ႀကံဳေတြ႔ရေၾကာင္း သိရသ့ည္။

“ၿခံတံခါးက အျမဲပိတ္ထားရၿပီး ဘယ္လိုဝင္ရမယ္ဆိုတာ လမ္းညႊန္ဆိုင္းဘုတ္ကလည္းမရိွေတာ့ အထဲဝင္ ၾကည့္ခြင့္ ရိွမွန္းေတာင္ မသိၾကဘူးဗ်။ ဝင္လို႔ရလား၊ ဘယ္လိုဝင္ရမွာလဲလို႔  ကြ်န္ေတာ့္ဆီလာ လာေမးသူေတြ ကိုေတာ့ တာဝန္ခံကို ေျပာဝင္လို႔ရေၾကာင္းေျပာၿပီး တာဝန္ခံရိွရာဆီ လမ္းညႊန္ျပေပးေနရတယ္”ဟု ေရႊသမင္ေဘးမဲ့ေတာဥယ်ာဥ္ျခံအနီးရွိ ေစ်းသည္တစ္ဦးက ဆိုသည္။

အက်ယ္အဝန္း (၂)ဧကခြဲ၀န္းက်င္ရွိသည့္ ေရႊသမင္ေဘးမဲ့ေတာဥယ်ာဥ္ျခံအား ၂၀၁၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ပိုင္းက ေရႊသမင္(၁၃)ေကာင္ ႏွင့္ စတင္ ဖြင့္လွစ္ခဲ့ကာ လက္ရိွ (၂၅) ေကာင္အထိ တိုးပြားလာခဲ့ေၾကာင္း သိရၿပီး ယခုႏွစ္ ေရႊစက္ေတာ္ဘုရားပဲြေတာ္ကာလအတြင္း သမင္(၂)ေကာင္ ေသဆံုးခဲ့ေၾကာင္းလည္း သိရသည္။

“သမင္ အမ တစ္ေကာင္က ရာသီဥတုေၾကာင့္ ဆီးခ်ဳပ္ဝမ္းခ်ဳပ္ျဖစ္ ေသဆံုးခဲ့ၿပီး တစ္ေကာင္က မိတ္လိုက္ ရာသီဆိုေတာ့ တစ္ေကာင္နဲ႔တစ္ေကာင္ ဗိုလ္လုတိုက္ခိုက္ရင္း ဦးခိ်ဳနဲ႔ထိုးမိၿပီး ေသဆံုးရတာပါ။ ေဂါပက အဖဲြ႔နဲ႔ သစ္ေတာအရာရိွေတြ တိ/ေမြးကုဆရာဝန္ေတြက ဝမ္းဘိုက္ခဲြေဆးစစ္ခ်က္ရယူၿပီး ဓာတ္ဆီေလာင္း ေျမျမွဳပ္လိုက္ပါတယ္”ဟု ေရႊစက္ေတာ္ ေရႊသမင္ေဘးမဲ႔ေတာဥယ်ာဥ္ၿခံလုပ္သား ကိုၿငိမ္းခ်မ္းဦးက ေျပာသည္။

ေရႊသမင္မ်ား မိတ္လိုက္ခ်ိန္မွာ ေဖေဖာ္ဝါရီလမွ ေမလအတြင္းျဖစ္ၿပီး  ေအာက္တိုဘာလမွ ႏိုဝင္ဘာလအ တြင္း ေပါက္ဖြားေလ့ရိွကာ (၂၀)ႏွစ္မွ (၂၅)ႏွစ္အထိ သက္တမ္းရိွေၾကာင္း သိရၿပီး ေရႊစက္ေတာ္ ေရႊသမင္ ေဘးမဲ႔ေတာဥယ်ာဥ္ၿခံအတြင္းသို႔ အခမဲ့ဝင္ေရာက္ေလ့လာႏိုင္ေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္အား ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၉)ရက္ေန႔က စ၍ က်င္းပျပဳလုပ္ေနလ်က္ရွိၿပီး  ဧၿပီလ(၁၇)ရက္ေန႔အထိ ရက္ေပါင္း(၆၉)ရက္အၾကာ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးဧည့္သည္မ်ား လာေရာက္သူ မ်ားျပားလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မန်းစက်တော်ရာ ဘုရားပွဲတော်ရှိ အခမဲ့ဝင်ရောက်လေ့လာနိုင်သည့် ရွှေသမင်ဘေးမဲ့တောဥယျာဉ်ခြံတွင် ဘုရားဖူးပြည်သူများဝင် ရောက်ကြည့်ရှုနိုင်ရန်အတွက် လမ်းညွှန်ပြသထားမှုများ မရှိသည့်အတွက် ယခု ၂၀၁၉ခုနှစ် ပွဲတော်ကာလတွင် ဝင်ရောက်ကြည့်ရှုသူ နည်းပါးလျှက်ရှိနေကြောင်း သိရသည်။

ယခင်နှစ်များက အဆိုပါ ရွှေသမင်ဘေးမဲ့တောဥယျာဉ်ခြံမှာ ဘုရားဖူးလာပြည်သူများအား စွဲဆောင်မှုမရှိ သဖြင့် ကြည့်ရှုလေ့လာသူ မရှိသလောက်ပင်ဖြစ်ခဲ့သောကြောင့် ယခုနှစ် ဘုရားပွဲတော်ကာလမတိုင်မီ ခြံ စည်းရိုးကို အမြင်ဖြင့် ခြံအတွင်းဝင်ရောက်ကြည့်ရှုချင်စိတ်ဖြစ်ပေါ်ရန် ပြင်ဆင်ကာရံခဲ့သော်လည်း ဝင်ရောက်ကြည့်ရှုနိုင်ရန် လမ်းညွှန်ပြသ ထားခြင်းမျိုးမရှိ၍ ဝင်ရောက်လိုသူများအနဖြေင့် အခက်အခဲနှင့် ကြုံတွေ့ရကြောင်း သိရသ့ည်။

“ခြံတံခါးက အမြဲပိတ်ထားရပြီး ဘယ်လိုဝင်ရမယ်ဆိုတာ လမ်းညွှန်ဆိုင်းဘုတ်ကလည်းမရှိတော့ အထဲဝင် ကြည့်ခွင့် ရှိမှန်းတောင် မသိကြဘူးဗျ။ ဝင်လို့ရလား၊ ဘယ်လိုဝင်ရမှာလဲလို့ ကျွန်တော့်ဆီလာ လာမေးသူတွေ ကိုတော့ တာဝန်ခံကို ပြောဝင်လို့ရကြောင်းပြောပြီး တာဝန်ခံရှိရာဆီ လမ်းညွှန်ပြပေးနေရတယ်”ဟု ရွှေသမင်ဘေးမဲ့တောဥယျာဉ်ခြံအနီးရှိ ဈေးသည်တစ်ဦးက ဆိုသည်။

အကျယ်အဝန်း (၂)ဧကခွဲဝန်းကျင်ရှိသည့် ရွှေသမင်ဘေးမဲ့တောဥယျာဉ်ခြံအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ပိုင်းက ရွှေသမင်(၁၃)ကောင် နှင့် စတင် ဖွင့်လှစ်ခဲ့ကာ လက်ရှိ (၂၅) ကောင်အထိ တိုးပွားလာခဲ့ကြောင်း သိရပြီး ယခုနှစ် ရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း သမင်(၂)ကောင် သေဆုံးခဲ့ကြောင်းလည်း သိရသည်။

“သမင် အမ တစ်ကောင်က ရာသီဥတုကြောင့် ဆီးချုပ်ဝမ်းချုပ်ဖြစ် သေဆုံးခဲ့ပြီး တစ်ကောင်က မိတ်လိုက် ရာသီဆိုတော့ တစ်ကောင်နဲ့တစ်ကောင် ဗိုလ်လုတိုက်ခိုက်ရင်း ဦးချိုနဲ့ထိုးမိပြီး သေဆုံးရတာပါ။ ဂေါပက အဖွဲ့နဲ့ သစ်တောအရာရှိတွေ တိ/မွေးကုဆရာဝန်တွေက ဝမ်းဘိုက်ခွဲဆေးစစ်ချက်ရယူပြီး ဓာတ်ဆီလောင်း မြမြှေုပ်လိုက်ပါတယ်”ဟု ရွှေစက်တော် ရွှေသမင်ဘေးမဲ့တောဥယျာဉ်ခြံလုပ်သား ကိုငြိမ်းချမ်းဦးက ပြောသည်။

ရွှေသမင်များ မိတ်လိုက်ချိန်မှာ ဖေဖော်ဝါရီလမှ မေလအတွင်းဖြစ်ပြီး အောက်တိုဘာလမှ နိုဝင်ဘာလအ တွင်း ပေါက်ဖွားလေ့ရှိကာ (၂၀)နှစ်မှ (၂၅)နှစ်အထိ သက်တမ်းရှိကြောင်း သိရပြီး ရွှေစက်တော် ရွှေသမင် ဘေးမဲ့တောဥယျာဉ်ခြံအတွင်းသို့ အခမဲ့ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်အား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့က စ၍ ကျင်းပပြုလုပ်နေလျက်ရှိပြီး ဧပြီလ(၁၇)ရက်နေ့အထိ ရက်ပေါင်း(၆၉)ရက်အကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ လာရောက်သူ များပြားလျက်ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net