ရွှေစက်တော်တွင် ဆယ့်နှစ်ရာသီပတ်လုံး လွယ်လင့်တကူ ဖူးမြှော်နိုင်ရန်အတွက် ဓာတ်လှေကား နှင့် စက်လှေကား တပ်ဆင်ရန် စီစဉ်နေ
ရွှေစက်တော်တွင် ဆယ့်နှစ်ရာသီပတ်လုံး လွယ်လင့်တကူ ဖူးမြှော်နိုင်ရန်အတွက် ဓာတ်လှေကား နှင့် စက်လှေကား တပ်ဆင်ရန် စီစဉ်နေ
ဧပွီ 8, 2019
By Tachileik News Agency
မန်းစက်တော်ရာဘုရားတွင် ဘုရားဖူးများ ဆယ့်နှစ်ရာသီကာလပတ်လုံး လွယ်လင့်တကူ ဖူးမြှော်နိုင်ရေးအတွက် ဓာတ်လှေကား နှင့် စက်လှေကား တပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ဘုရားဖူးများ ဆယ့်နှစ်ရာသီ လာရောက်ဖူးမြှော်နိုင်ရန် ဟိုတယ်၊ စားသောက်ဆိုင်နှင့် အခြားအဆောက်အဦများ မည်သည့်နေရာတွင် တည်ဆောက်ထားရှိမည်ကို ရွှေစက်တော်ဘုရားပွဲတော်ကွင်း၌ SUNTAC ကုမ္ပဏီ နှင့် ဆာဗေး လုပ်သည့်ကုမ္ပဏီများ ပေါင်းစပ်၍ တစ်ကွင်းလုံးအား Architect အဖွဲ့၊ တိုင်းတာရေးအဖွဲ့တို့ဖြင့် ဒီဇိုင်းဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိနေပြီဖြစ်ရာ ဘုရားကြီး၏ ရန်ပုံငွေအခြေအနေအရ နှစ်အလိုက် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေစက်တော်ဘုရားသို့ ယခင်က မိုးတွင်းအခါကာလများတွင် မန်းချောင်းရေကျဆင်းမှုကြောင့် သွားလာရန် အခက်အခဲရှိခဲ့ပြီး ယခုအခါတွင်မူ မန်းချောင်းကို ဖြတ်ကူးသည့် လှေတင်တံတားကြီး ရှိနေပြီဖြစ်၍ ဘုရားဖူးများ ဆယ့်နှစ် ရာသီလာရောက်ဖူးမြှော်နိုင်ရန် ရွှေစက်တော်ဘုရားဂေါပကအဖွဲ့လုပ်ငန်းကော်မတီနှင့် တိုင်းအစိုးရအဖွဲ့တို့ ညှိနှိုင်း ဆောင်ရွက် နေကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မန်းစက်တော်ရာဘုရားတွင် ဘုရားဖူးများ ဆယ့်နှစ်ရာသီကာလပတ်လုံး လွယ်လင့်တကူ ဖူးမြှော်နိုင်ရေးအတွက် ဓာတ်လှေကား နှင့် စက်လှေကား တပ်ဆင်ရန် စီစဉ်ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။
“ကျန်းမာရေး မကောင်းတဲ့ ဘုရားဖူးတွေ၊ သက်ကြီးရွယ်အိုနဲ့ မသန်မစွမ်းဖြစ်နေတဲ့ ဘုရားဖူးတွေ အတွက် လွယ်လင့်တကူ ဘုရားဖူးနိုင်ဖို့ သုံးထပ်ဗိမ္မာန်အခြေနားမှာရှိတဲ့ ကားကွင်းကနပြေီး အထက်စက်တော်ရာ တစ်ဝက် လောက်မှာရှိတဲ့ ကိုးခန်းကြီးတန်ဆောင်းအထိ ဓာတ်လှေကား တပ်ဆင်ဖို့နဲ့ ကိုးခန်းကြီးတန်ဆောင်းကနေ အထက်စက် တော်ရာအထိ ရွေ့လျားစက်လှေကား တပ်ဆင်ဖို့ စီစဉ်နေပါပြီ။ ဒါ့အပြင် မိုးတွင်းအခါမှာ ချောင်းတစ်ဖက် ကမ်းမှာရှိတဲ့ အောက်စက်တော်ရာကိုလည်း သွားရောက်ဖူးမြှော်နိုင်ဖို့ အတွက် ကြိုးတံတားတစ်စင်းကိုလည်း တည်ဆောက်ဖို့ အစီအစဉ်ရှိပါတယ်”ဟု ရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌ ဦးအောင်သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဘုရားဖူးများ ဆယ့်နှစ်ရာသီ လာရောက်ဖူးမြှော်နိုင်ရန် ဟိုတယ်၊ စားသောက်ဆိုင်နှင့် အခြားအဆောက်အဦများ မည်သည့်နေရာတွင် တည်ဆောက်ထားရှိမည်ကို ရွှေစက်တော်ဘုရားပွဲတော်ကွင်း၌ SUNTAC ကုမ္ပဏီ နှင့် ဆာဗေး လုပ်သည့်ကုမ္ပဏီများ ပေါင်းစပ်၍ တစ်ကွင်းလုံးအား Architect အဖွဲ့၊ တိုင်းတာရေးအဖွဲ့တို့ဖြင့် ဒီဇိုင်းဆွဲနို်င်ရန် ဆောင်ရွက်လျက်ရှိနပြေီဖြစ်ရာ ဘုရားကြီး၏ ရန်ပုံငွေအခြေအနေအရ နှစ်အလိုက် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“စက်လှေကားက ၂၀၂၀ မှာ အပြီးတပ်ဆင်နိုင်ဖို့ မသေချာပေမယ့် ဓာတ်လှေကားကတော့ အပြီးတပ်ဆင်သွားမှာပါ။ အဲဒီလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက်က ဘုရားကြီးရဲ့ စေတီရသန္တကငွေက သုံးစွဲမှာမဟုတ်ဘဲ ဓာတ်လှေကား တည်ဆောက်နို်င်ဖို့အတွက် ထားရှိတဲ့ အလှူခံဌာနမှာ အလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့ နဝကမ္မငွေများထဲက သုံးစွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးအောင်သိန်းက ဆက်လက်ပြောကြားသည်။
ရွှေစက်တော်ဘုရားသို့ ယခင်က မိုးတွင်းအခါကာလများတွင် မန်းချောင်းရေကျဆင်းမှုကြောင့် သွားလာရန် အခက်အခဲရှိခဲ့ပြီး ယခုအခါတွင်မူ မန်းချောင်းကို ဖြတ်ကူးသည့် လှေတင်တံတားကြီး ရှိနပြေီဖြစ်၍ ဘုရားဖူးများ ဆယ့်နှစ် ရာသီလာရောက်ဖူးမြှော်နိုင်ရန် ရွှေစက်တော်ဘုရားဂေါပကအဖွဲ့လုပ်ငန်းကော်မတီနှင့် တိုင်းအစိုးရအဖွဲ့တို့ ညှိနှိုင်း ဆောင်ရွက် နကြခြေင်းဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မင်းဘူး (စကု)မြို့နယ်ရှိ မန်းစက်တော်ရာတွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် မန်းစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲသို့ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net