ထုိင္းနိုင္ငံတြင္ ဘုန္းေတာ္ႀကီးတစ္ပါးကို ေငြေၾကးခဝါခ်မႈ၊ ေငြေၾကးအလြဲသံုးစားမႈျဖင့္ ေထာင္ဒဏ္ (၂၆)ႏွစ္ ခ်မွတ္

ထုိင္းနိုင္ငံတြင္ ဘုန္းေတာ္ႀကီးတစ္ပါးကို ေငြေၾကးခဝါခ်မႈ၊ ေငြေၾကးအလြဲသံုးစားမႈျဖင့္ ေထာင္ဒဏ္ (၂၆)ႏွစ္ ခ်မွတ္
ဧပြီ 19, 2019
By 🌸
ေငြေၾကးခဝါခ်မႈအပါအဝင္ ေငြေၾကးအလြဲသံုးစားမႈမ်ားျဖင့္ တရားရင္ဆိုင္ေနရသည့္ ထုိင္းႏုိင္ငံ၊ ဖတ္ခ်ဘန္မွ ဘုန္းေတာ္ႀကီး Phra Khru Kitti Phacharakhun ကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၇)ရက္ေန႔တြင္ တရားရံုးက ေထာင္ဒဏ္ (၂၆)ႏွစ္ ခ်မွတ္လုိက္ေၾကာင္း သိရသည္။

တရားရံုးက ျပစ္ဒဏ္ခ်မွတ္လုိက္ၿပီးျဖစ္သျဖင့္ သကၤန္းဝတ္ျဖင့္ တရားရင္ဆုိင္ေနသည့္ ဘုန္းေတာ္ႀကီးမွာ လူဝတ္လဲၿပီး ျပစ္ဒဏ္က်ခံရမည္ျဖစ္ၿပီး လက္ရိွတြင္ ဘုန္းေတာ္ႀကီး၏ ေရွ႕ေန႔က အယူခံတင္ထားေၾကာင္း သိရသည္။

ခြ်ိဳင္ဒန္ခရိုင္ရိွ ဘုန္းေတာ္ႀကီးမ်ား၏ အႀကီးအကဲျဖစ္သည့္ အဆိုပါဘုန္းေတာ္ႀကီးႏွင့္ ႏိုင္ငံသံဃာအဖြဲ႕အစည္း ညႊန္ၾကားေရးမွဴးတို႔ႏွစ္ဦးကို၂၀၁၈ ခုႏွစ္၊ ေဖေဖၚဝါရီလက တရားစြဲဆိုထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒသတြင္း ဘုန္းေတာ္ႀကီးေက်ာင္း(၁၂)ေက်ာင္းသို႔ ေပးအပ္ရမည့္ ဘတ္ေငြ (၂၈)သန္းကို အလြဲသံုးစားျပဳမႈ၊ ေငြေၾကးခဝါခ်မႈတုိ႔လုပ္ေဆာင္ေၾကာင္း စစ္ေဆးသိရိွရသျဖင့္ ဘုန္းေတာ္ႀကီးအား ျပစ္ဒဏ္ခ်မွတ္လုိက္ျခင္းျဖစ္ၿပီး ဆက္စပ္သူမ်ားကို ဆက္လက္စစ္ေဆးဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post


~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် ဘုန်းတော်ကြီးတစ်ပါးကို ငွေကြေးခဝါချမှု၊ ငွေကြေးအလွဲသုံးစားမှုဖြင့် ထောင်ဒဏ် (၂၆)နှစ် ချမှတ်
************
ငွေကြေးခဝါချမှုအပါအဝင် ငွေကြေးအလွဲသုံးစားမှုများဖြင့် တရားရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံ၊ ဖတ်ချဘန်မှ ဘုန်းတော်ကြီး Phra Khru Kitti Phacharakhun ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် (၂၆)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ပြီးဖြစ်သဖြင့် သင်္ကန်းဝတ်ဖြင့် တရားရင်ဆိုင်နေသည့် ဘုန်းတော်ကြီးမှာ လူဝတ်လဲပြီး ပြစ်ဒဏ်ကျခံရမည်ဖြစ်ပြီး လက်ရှိတွင် ဘုန်းတော်ကြီး၏ ရှေ့နေ့က အယူခံတင်ထားကြောင်း သိရသည်။

ချွိုင်ဒန်ခရိုင်ရှိ ဘုန်းတော်ကြီးများ၏ အကြီးအကဲဖြစ်သည့် အဆိုပါဘုန်းတော်ကြီးနှင့် နိုင်ငံသံဃာအဖွဲ့အစည်း ညွှန်ကြားရေးမှူးတို့နှစ်ဦးကို၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလက တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ဘုန်းတော်ကြီးကျောင်း(၁၂)ကျောင်းသို့ ပေးအပ်ရမည့် ဘတ်ငွေ (၂၈)သန်းကို အလွဲသုံးစားပြုမှု၊ ငွေကြေးခဝါချမှုတို့လုပ်ဆောင်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဘုန်းတော်ကြီးအား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ပြီး ဆက်စပ်သူများကို ဆက်လက်စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net