တာခ်ီလိတ္သႀကၤန္အႀကိဳေန႕တြင္ ပါလ်ံ(၃)ေစ်းအနီးရွိ ေနအိမ္လိုင္းခန္းတြင္ မီးေလာင္မႈျဖစ္ပြား

တာခ်ီလိတ္သႀကၤန္အႀကိဳေန႕တြင္ ပါလ်ံ(၃)ေစ်းအနီးရွိ ေနအိမ္လိုင္းခန္းတြင္ မီးေလာင္မႈျဖစ္ပြား
ဧပြီ 13, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္၊ ပါလ်ံ(၃)ေစ်းအေက်ာ္ ေရႊနဂါးတိုက္ခန္းတြင္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၃)ရက္ေန႔ ညေနပိုင္းက မီးေလာင္မႈျဖစ္ပြားေၾကာင္း သိရသည္။

ေရႊနဂါးတိုက္ခန္းရွိ ဆိုင္ကယ္ျပင္ဆိုင္တြင္ ေရေမာ္တာအပူလြန္ကဲရာမွ မီးေလာင္ကြ်မ္းမႈျဖစ္ပြားရျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာန၏ စစ္ေဆးခ်က္အရ သိရသည္။

"လွ်ပ္စစ္ေရေမာ္တာေမာင္းထားတာကေန အပူလြန္ကဲၿပီးေလာင္တာ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေအာင္ေဇာ္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ လူထိခိုက္ျခင္းမရွိေၾကာင္း သိရသည္။

မီးေလာင္မႈ ျဖစ္ပြားရာေနရာသို႔ မီးသတ္ယာဥ္ (၅)စီးႏွင့္အတူ သေႏၶမီးသတ္တပ္ဖြဲ႕၀င္ (၂၀) ဦး၊ အရန္မီးသတ္တပ္ဖြဲ႕၀င္ (၅)ဦးျဖင့္ ၿငိမ္းသတ္ခဲ့ရၿပီး ဆိုင္ကယ္ျပင္ဆိုင္ပိုင္ရွင္ ဦးထက္ေအာင္ကို  ဥပေဒအရ တာခ်ီလိတ္ၿမို႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း -  ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျံ(၃)ဈေးအကျော် ရွှေနဂါးတိုက်ခန်းတွင် ၂၀၁၉ခုနှစ် ဧပြီလ(၁၃)ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ရွှေနဂါးတိုက်ခန်းရှိ ဆိုင်ကယ်ပြင်ဆိုင်တွင် ရေမော်တာအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာန၏ စစ်ဆေးချက်အရ သိရသည်။

"လျှပ်စစ်ရေမော်တာမောင်းထားတာကနေ အပူလွန်ကဲပြီးလောင်တာ"ဟု တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်ခြင်းမရှိကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ် (၅)စီးနှင့်အတူ သန္ဓမေီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးဖြင့် ငြိမ်းသတ်ခဲ့ရပြီး ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် ဦးထက်အောင်ကို ဥပဒေအရ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net