ရွမ္းျပည္နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ ၂၀၁၉ ခုႏွစ္ ပထမသံုးလတြင္ တုိက္ပြဲေရွာင္ဦးေရ(၁၁,ဝဝဝ)ခန္႔ရိွခဲ့ၿပီး ဧၿပီလအတြင္း တုိက္ပြဲေရွာင္ရသူမရိွ

ရွမ္းျပည္နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ ၂၀၁၉ ခုႏွစ္ ပထမသံုးလတြင္ တုိက္ပြဲေရွာင္ဦးေရ(၁၁,ဝဝဝ)ခန္႔ရိွခဲ့ၿပီး ဧၿပီလအတြင္း တုိက္ပြဲေရွာင္ရသူမရိွ
ဧပြီ 27, 2019
By 🌸
ရွမ္းျပည္နယ္အတြင္း လက္နက္ကိုင္အဖြဲ႔မ်ားအၾကား တိုက္ပြဲမ်ားျဖစ္ပြားျခင္းေၾကာင့္ အရပ္သားမ်ား ေနရပ္စြန္႔ခြာတိိမ္းေရွာင္ရမႈမွာ ၂ဝ၁၉ ခုႏွစ္၏ ပထမ(၃)တာကာလတြင္ လူဦးေရ (၁၁,ဝဝဝ) ခန္႔ရိွခဲ့ေသာ္လည္း ဧၿပီလအတြင္း ေနရပ္စြန္႔ခြာတိမ္းေရွာင္သူထပ္တုိးလာျခင္းမရိွေၾကာင္း လူသားခ်င္းစာနာမႈဆိုင္ရာ ညွိႏႈိင္းေရးရံုးမွထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ သိရသည္။

ရွမ္းျပည္နယ္အတြင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလမွ မတ္လအထိ ၿမိဳ႕နယ္ (၆) ၿမိဳ႕နယ္၌ ယာယီေနရပ္စြန္႔ခြာတိမ္းေရွာင္လာရသူမ်ားရိွခဲ့ၿပီး ၎တို႔အားလံုးမွာ မတ္လအတြင္း ေနရပ္ေဒသအသီးသီးသို႔ ျပန္သြားၾကၿပီျဖစ္ေၾကာင္း ေဖၚျပထားသည္။

OCHA ၏ ျမန္မာႏိုင္ငံ လူသားခ်င္းစာနာမႈဆိုင္ရာရန္ပံုေငြမွ ျမန္မာႏိုင္ငံတြင္း ေနရပ္စြန္႔ခြာတိမ္းေရွာင္ေနရသူမ်ားကို ကူညီေနရာ ၂၀၁၈ ခုႏွစ္တြင္ အလွဴရွင္ႏိုင္ငံ (၁၀) ႏိုင္ငံမွ ထည့္ဝင္လွဴဒါန္းသည့္ရန္ပံုေငြ အေမရိကန္ေဒၚလာ (၁၄.၃) သန္းလက္ခံရရိွခဲ့သည့္အနက္ အေမရိကန္ေဒၚလာ (၁၀.၃)သန္းကို ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားလ်က္ရွိေသာ ပဋိပကၡမ်ား အၾကမ္းဖက္မႈမ်ားႏွင့္ သဘာဝေဘးအႏၲရာယ္မ်ားေၾကာင့္ ထိခိုက္ခံစားရေသာ လူဦးေရ (၄၀၀,၀၀၀) ေက်ာ္အတြက္ ျပည္တြင္းႏွင့္ ႏိုင္ငံတကာမွ လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီေပးေရးအဖြဲ႕အစည္းမ်ားမွတစ္ဆင့္ ပံ့ပိုးေပးထားေၾကာင္း သိရသည္။

Tachileik News Agency
Photo:OCHA

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ၂၀၁၉ ခုနှစ် ပထမသုံးလတွင် တိုက်ပွဲရှောင်ဦးရေ(၁၁,ဝဝဝ)ခန့်ရှိခဲ့ပြီး ဧပြီလအတွင်း တိုက်ပွဲရှောင်ရသူမရှိ
***************
ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် အရပ်သားများ နေရပ်စွန့်ခွာတိိမ်းရှောင်ရမှုမှာ ၂ဝ၁၉ ခုနှစ်၏ ပထမ(၃)တာကာလတွင် လူဦးရေ (၁၁,ဝဝဝ) ခန့်ရှိခဲ့သော်လည်း ဧပြီလအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူထပ်တိုးလာခြင်းမရှိကြောင်း လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ မြို့နယ် (၆) မြို့နယ်၌ ယာယီနေရပ်စွန့်ခွာတိမ်းရှောင်လာရသူများရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ မတ်လအတွင်း နေရပ်ဒေသအသီးသီးသို့ ပြန်သွားကြပြီဖြစ်ကြောင်း ဖေါ်ပြထားသည်။

OCHA ၏ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေမှ မြန်မာနိုင်ငံတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများကို ကူညီနေရာ ၂၀၁၈ ခုနှစ်တွင် အလှူရှင်နိုင်ငံ (၁၀) နိုင်ငံမှ ထည့်ဝင်လှူဒါန်းသည့်ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၄.၃) သန်းလက်ခံရရှိခဲ့သည့်အနက် အမေရိကန်ဒေါ်လာ (၁၀.၃)သန်းကို မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ အကြမ်းဖက်မှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရသော လူဦးရေ (၄၀၀,၀၀၀) ကျော်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများမှတစ်ဆင့် ပံ့ပိုးပေးထားကြောင်း သိရသည်။

Tachileik News Agency
Photo:OCHA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net