မီးေလာင္သြားသည့္ ျပင္သစ္ႏိုင္ငံမွ ႏွစ္ေပါင္း (၈၀၀)ေက်ာ္ ေနာ့ထာဒမ္းဘုရားေက်ာင္းကို ရွင္းလင္းမႈမ်ား လုပ္ေဆာင္ေနဆဲ

မီးေလာင္သြားသည့္ ျပင္သစ္ႏိုင္ငံမွ ႏွစ္ေပါင္း (၈၀၀)ေက်ာ္ ေနာ့ထာဒမ္းဘုရားေက်ာင္းကို ရွင္းလင္းမႈမ်ား လုပ္ေဆာင္ေနဆဲ
ဧပြီ 16, 2019
By 🌸
ျပင္သစ္ႏုိင္ငံ၊ ပါရီၿမိဳ႕မွ ႏွစ္ေပါင္း (၈၀၀)ေက်ာ္သက္တမ္းရိွ ေနာ့ထာဒမ္းကတ္သလစ္ဘုရားေက်ာင္း မီးေလာင္ရျခင္းအေၾကာင္းရင္းကို မသိရေသးဘဲ မီးသတ္သမားေပါင္း (၄၀၀)ေက်ာ္က ရွင္းလင္းမႈမ်ား ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း ဧၿပီလ (၁၆)ရက္ေန႔ CNN သတင္းအရ သိရသည္။

နာရီေပါင္းမ်ားစြာမီးေလာင္မႈအတြင္း အေရးႀကီးဘာသာေရးပစၥည္းမ်ားကို ေဘးကင္းရာ ေရႊ႕ေျပာင္းသိမ္းဆည္းႏုိင္ခဲ့ၿပီး မီးေလာင္သည့္အစိတ္အပိုင္းမ်ားကို ျပန္လည္တည္ေဆာက္သြားမည္ဟု ျပင္သစ္သမၼတက ေျပာၾကားထားသည္။

ကမၻာ့ေရွးေဟာင္းအေမြအႏွစ္ျဖစ္သည့္ ပါရီၿမိဳ႕၏ အထင္ကရ ေနာ့ထာဒမ္းဘုရားေက်ာင္းမွာ ကမၻာတစ္လႊားမွ ကတ္သလစ္ဘာသာဝင္တုိ႔၏ ဘာသာေရးအေမြအႏွစ္မ်ားလည္း ကိန္းေအာင္းရာျဖစ္သည့္အတြက္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၅)ရက္ေန႔က နာရီေပါင္းမ်ားစြာ မီးေလာင္မႈကို ျပင္သစ္ႏုိင္ငံသူ၊ ႏိုင္ငံသားမ်ားႏွင့္အတူ ကမၻာတစ္လႊားမွ ဘာသာဝင္မ်ား၊ ကမၻာ့ေခါင္းေဆာင္မ်ားက ဝမ္းနည္းေၾကာင္းေဖၚျပခဲ့ၾကသည္။

မီးေလာင္မႈျဖစ္ပြားရာ ဘုရားေက်ာင္းအျပင္ဘက္တြင္ လူေပါင္းမ်ားစြာစုရံုးကာ ဝမ္းနည္းေၾကာင္းဆုေတာင္းျခင္းကို ႏွစ္နာရီနီးပါး လုပ္ေဆာင္ခဲ့ၾကသည္ကို ေတြ႔ရသည္။

(၁၃)ရာစုက တည္ေဆာက္ခဲ့သည့္ ဘုရားေက်ာင္းမွာ သစ္သားမ်ားစြာအသံုးျပဳထားသျဖင့္ ဘုရားေက်ာင္းထိပ္ပိုင္းတြင္ ေလာင္ကၽြမ္းေနသည့္မီးကို မီးသတ္ကားရာႏွင့္ခ်ီ၍ နာရီေပါင္းမ်ားစြာ ၿငိမ္းသတ္ခဲ့ရျခင္းျဖစ္ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အႀကံျပဳသကဲ့သို႔ ေကာင္းကင္မွၿငိႇမ္းသတ္သည့္နည္းမွာ ေရွးေဟာင္းဘုရားေက်ာင္းတစ္ခုလံုး ပ်က္စီးသြားႏုိင္သျဖင့္ အသံုးျပဳ၍မရေၾကာင္းကိုလည္း တုန္႔ျပန္ထားသည္ကို ေတြ႔ရသည္။

အဆိုပါ ဘုရားေက်ာင္းကို ဝက္သစ္ခ်သားအမ်ားစုျဖင့္တည္ေဆာက္ထားၿပီး သစ္သားဘုရားေက်ာင္းေဆာင္ကို သစ္ပင္ေပါင္း (၁၁၆၀)မွ (၁၁၇၀)ၾကား ခုတ္လွဲအသံုးျပဳခဲ့ရသျဖင့္ သစ္ေတာတစ္ေတာစာအသံုးျပဳထားသည္ဟု ေျပာစမွတ္ျပဳၾကျခင္းျဖစ္သည္။

ေနာ့တာဒမ္းဘုရားေက်ာင္းတည္ေဆာက္ရန္ ၁၁၆၃ ခုႏွစ္တြင္ ပုပ္အလက္ဇႏၵား(၃)က အုတ္ျမစ္ခ်ခဲ့ျခင္းျဖစ္ၿပီး ပါရီတြင္ ေရွးအက်ဆံုးအေဆာက္အဦျဖစ္ေၾကာင္း သိရသည္။

(၁၃)ရာစုတြင္ စတင္တည္ေဆာက္ခဲ့သည့္ဘုရားေက်ာင္းကို (၁၉)ရာစုတြင္ မြမ္းမံတည္ေဆာက္ခဲ့ၿပီး ဘုရားေက်ာင္းသို႔ ကမၻာတစ္လႊားမွ လာေရာက္လည္ပတ္ၾကသူမ်ားမွာ တစ္ႏွစ္လွ်င္ (၁၃)သန္းခန္႔ရိွေၾကာင္း သိရသည္။

လက္ရိွတြင္ မီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ ေနာ့တာဒမ္းသို႔ ဝင္ေရာက္လည္ပတ္ရန္ ပါရီသို႔ေရာက္ရိွေနသည့္ ခရီးသြားမ်ားမွာ ရက္ေရႊ႕ဆုိင္းလုိက္ၾကရေၾကာင္း သိရသည္။

Tachileik News Agency
Ref:CNN

Photo: CNN,NBC News

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မီးလောင်သွားသည့် ပြင်သစ်နိုင်ငံမှ နှစ်ပေါင်း (၈၀၀)ကျော် နော့ထာဒမ်းဘုရားကျောင်းကို ရှင်းလင်းမှုများ လုပ်ဆောင်နေဆဲ
************
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှ နှစ်ပေါင်း (၈၀၀)ကျော်သက်တမ်းရှိ နော့ထာဒမ်းကတ်သလစ်ဘုရားကျောင်း မီးလောင်ရခြင်းအကြောင်းရင်းကို မသိရသေးဘဲ မီးသတ်သမားပေါင်း (၄၀၀)ကျော်က ရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဧပြီလ (၁၆)ရက်နေ့ CNN သတင်းအရ သိရသည်။

နာရီပေါင်းများစွာမီးလောင်မှုအတွင်း အရေးကြီးဘာသာရေးပစ္စည်းများကို ဘေးကင်းရာ ရွှေ့ပြောင်းသိမ်းဆည်းနိုင်ခဲ့ပြီး မီးလောင်သည့်အစိတ်အပိုင်းများကို ပြန်လည်တည်ဆောက်သွားမည်ဟု ပြင်သစ်သမ္မတက ပြောကြားထားသည်။

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် ပါရီမြို့၏ အထင်ကရ နော့ထာဒမ်းဘုရားကျောင်းမှာ ကမ္ဘာတစ်လွှားမှ ကတ်သလစ်ဘာသာဝင်တို့၏ ဘာသာရေးအမွေအနှစ်များလည်း ကိန်းအောင်းရာဖြစ်သည့်အတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့က နာရီပေါင်းများစွာ မီးလောင်မှုကို ပြင်သစ်နိုင်ငံသူ၊ နိုင်ငံသားများနှင့်အတူ ကမ္ဘာတစ်လွှားမှ ဘာသာဝင်များ၊ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းနည်းကြောင်းဖေါ်ပြခဲ့ကြသည်။

မီးလောင်မှုဖြစ်ပွားရာ ဘုရားကျောင်းအပြင်ဘက်တွင် လူပေါင်းများစွာစုရုံးကာ ဝမ်းနည်းကြောင်းဆုတောင်းခြင်းကို နှစ်နာရီနီးပါး လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။

(၁၃)ရာစုက တည်ဆောက်ခဲ့သည့် ဘုရားကျောင်းမှာ သစ်သားများစွာအသုံးပြုထားသဖြင့် ဘုရားကျောင်းထိပ်ပိုင်းတွင် လောင်ကျွမ်းနေသည့်မီးကို မီးသတ်ကားရာနှင့်ချီ၍ နာရီပေါင်းများစွာ ငြိမ်းသတ်ခဲ့ရခြင်းဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အကြံပြုသကဲ့သို့ ကောင်းကင်မှငြှိမ်းသတ်သည့်နည်းမှာ ရှေးဟောင်းဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားနိုင်သဖြင့် အသုံးပြု၍မရကြောင်းကိုလည်း တုန့်ပြန်ထားသည်ကို တွေ့ရသည်။

အဆိုပါ ဘုရားကျောင်းကို ဝက်သစ်ချသားအများစုဖြင့်တည်ဆောက်ထားပြီး သစ်သားဘုရားကျောင်းဆောင်ကို သစ်ပင်ပေါင်း (၁၁၆၀)မှ (၁၁၇၀)ကြား ခုတ်လှဲအသုံးပြုခဲ့ရသဖြင့် သစ်တောတစ်တောစာအသုံးပြုထားသည်ဟု ပြောစမှတ်ပြုကြခြင်းဖြစ်သည်။

နော့တာဒမ်းဘုရားကျောင်းတည်ဆောက်ရန် ၁၁၆၃ ခုနှစ်တွင် ပုပ်အလက်ဇန္ဒား(၃)က အုတ်မြစ်ချခဲ့ခြင်းဖြစ်ပြီး ပါရီတွင် ရှေးအကျဆုံးအဆောက်အဦဖြစ်ကြောင်း သိရသည်။
(၁၃)ရာစုတွင် စတင်တည်ဆောက်ခဲ့သည့်ဘုရားကျောင်းကို (၁၉)ရာစုတွင် မွမ်းမံတည်ဆောက်ခဲ့ပြီး ဘုရားကျောင်းသို့ ကမ္ဘာတစ်လွှားမှ လာရောက်လည်ပတ်ကြသူများမှာ တစ်နှစ်လျှင် (၁၃)သန်းခန့်ရှိကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နော့တာဒမ်းသို့ ဝင်ရောက်လည်ပတ်ရန် ပါရီသို့ရောက်ရှိနေသည့် ခရီးသွားများမှာ ရက်ရွှေ့ဆိုင်းလိုက်ကြရကြောင်း သိရသည်။

Tachileik News Agency
Ref:CNN
Photo: CNN,NBC News

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net