မူးၿပီး အိမ္ေခါင္မိုးေပၚေရာက္ေနသူကို ထိုင္းရဲတပ္ဖြဲ႔က ကူညီကယ္ဆယ္လိုက္ၿပီးေနာက္ ၎မွာ မုဒိမ္းမႈက်ဴးလြန္ရန္ႀကံစည္သူျဖစ္ေၾကာင္း သိရ၍ ဖမ္းဆီး

မူးၿပီး အိမ္ေခါင္မိုးေပၚေရာက္ေနသူကို ထိုင္းရဲတပ္ဖြဲ႔က ကူညီကယ္ဆယ္လိုက္ၿပီးေနာက္ ၎မွာ မုဒိမ္းမႈက်ဴးလြန္ရန္ႀကံစည္သူျဖစ္ေၾကာင္း သိရ၍ ဖမ္းဆီး
ဧပြီ 13, 2019
By Tachileik News Agency
ထုိင္းနိုင္ငံ စကြန္နခြန္ေဒသတြင္ အရက္မူးၿပီး အိမ္ေခါင္မိုးေပၚေရာက္ေနသည့္ အမ်ိဳးသားတစ္ဦးအား ရဲတပ္ဖြဲ႕က ကူညီကယ္ဆယ္ခဲ့ၿပီးေနာက္ ၎မွာ မုဒိမ္းမႈက်ဴးလြန္ရန္ႀကံစည္သူျဖစ္ေၾကာင္းသိရသျဖင့္ ဖမ္းဆီးလုိက္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၃)ရက္ေန႔တြင္ သံုးထပ္အေဆာက္အဦ၏ အမိုးေပၚ၌ အသက္ (၂၂)ႏွစ္အရြယ္အမ်ိဳးသားတစ္ဦး ျပန္ဆင္းရန္ အခက္အခဲျဖစ္ေနသျဖင့္ ေလွကားအကူအညီျဖင့္ ဆင္းလာႏုိင္ရန္ ေဆာင္ရြက္ေပးခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။

ရဲတပ္ဖြဲ႕က ကူညီေပးခဲ့သည့္ အဆိုပါအမ်ိဳးသားသည္ ၎ဆင္းလာသည့္အေဆာက္အဦမွ ေက်ာင္းသူတစ္ဦး၏ အခန္းတြင္း ခိုးဝင္ကာ မုဒိမ္းမႈက်ဴးလြန္ရန္ အားထုတ္သျဖင့္ တုိင္ၾကားခံထားရသူျဖစ္ေၾကာင္း သိရသည္။

ေက်ာင္းသူ၏ အခန္းမွာ ေသာ့ပ်က္ေနၿပီး အေဆာက္အဦရိွ အျခားအခန္းမ်ားမွလူမ်ားမွာလည္း သႀကၤန္သြားလည္ေနၾကသျဖင့္ တံခါးကို ေသာ့မခတ္ဘဲထားရာ နံနက္ (၄)နာရီခြဲခန္႔ ဖုန္းသံုးေနရင္း အခန္းတံခါးေသာ့မ်ားကို လုိက္လွည့္ေနသံႏွင့္ ေျခသံၾကားရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ အမ်ိဳးသားတစ္ဦး အခန္းတြင္းေရာက္လာကာ မုဒိမ္းက်င့္ရန္ (၂)ႀကိမ္ႀကိဳးစားခဲ့ေသာ္လည္း အဆိုပါ အမ်ိဳးသားမွာ အမူးလြန္ေနသျဖင့္ ျပန္လည္တုိက္ခုိက္ ထြက္ေျပးလာႏုိင္ခဲ့ေၾကာင္း သိရသည္။

ေသာ့ကဒ္ရိွသူသာဝင္ႏုိင္သည့္ အေဆာက္အဦအတြင္းသို႔ လူစိမ္းတစ္ဦး ဝင္လာႏုိင္ျခင္းမွာ ထူးဆန္းေနသည္ဟု အဆိုပါေက်ာင္းသူက ရဲတပ္ဖြဲ႕ထံဆက္သြယ္တုိင္ၾကားရာတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ကူညီကယ္တင္ခဲ့သည့္ အမ်ိဳးသားကို မုဒိမ္းက်င့္ရန္ႀကံစည္မႈ၊ ကိုယ္ထိလက္ေရာက္နာက်င္ေစမႈႏွင့္ ပိုင္နက္က်ဴးလြန္မႈတို႔ျဖင့္ အမႈဖြင့္လုိက္ေၾကာင္း သိရသည္။

Tachileik News Agency
Ref; Bangkok Post


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ စကွန်နခွန်ဒေသတွင် အရက်မူးပြီး အိမ်ခေါင်မိုးပေါ်ရောက်နေသည့် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ကူညီကယ်ဆယ်ခဲ့ပြီးနောက်၎င်းမှာ မုဒိမ်းမှုကျူးလွန်ရန်ကြံစည်သူဖြစ်ကြောင်းသိရသဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့တွင် သုံးထပ်အဆောက်အဦ၏ အမိုးပေါ်၌ အသက် (၂၂)နှစ်အရွယ်အမျိုးသားတစ်ဦး ပြန်ဆင်းရန် အခက်အခဲဖြစ်နေသဖြင့် လှေကားအကူအညီဖြင့် ဆင်းလာနိုင်ရန် ဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ရဲတပ်ဖွဲ့က ကူညီပေးခဲ့သည့် အဆိုပါအမျိုးသားသည်၎င်းဆင်းလာသည့်အဆောက်အဦမှ ကျောင်းသူတစ်ဦး၏ အခန်းတွင်း ခိုးဝင်ကာ မုဒိမ်းမှုကျူးလွန်ရန် အားထုတ်သဖြင့် တိုင်ကြားခံထားရသူဖြစ်ကြောင်း သိရသည်။

ကျောင်းသူ၏ အခန်းမှာ သော့ပျက်နပြေီး အဆောက်အဦရှိ အခြားအခန်းများမှလူများမှာလည်း သင်္ကြန်သွားလည်နကြေသဖြင့် တံခါးကို သော့မခတ်ဘဲထားရာ နံနက် (၄)နာရီခွဲခန့် ဖုန်းသုံးနေရင်း အခန်းတံခါးသော့များကို လိုက်လှည့်နေသံနှင့် ခြေသံကြားရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အမျိုးသားတစ်ဦး အခန်းတွင်းရောက်လာကာ မုဒိမ်းကျင့်ရန် (၂)ကြိမ်ကြိုးစားခဲ့သော်လည်း အဆိုပါ အမျိုးသားမှာ အမူးလွန်နေသဖြင့် ပြန်လည်တိုက်ခိုက် ထွက်ပြေးလာနိုင်ခဲ့ကြောင်း သိရသည်။

သော့ကဒ်ရှိသူသာဝင်နိုင်သည့် အဆောက်အဦအတွင်းသို့ လူစိမ်းတစ်ဦး ဝင်လာနိုင်ခြင်းမှာ ထူးဆန်းနေသည်ဟု အဆိုပါကျောင်းသူက ရဲတပ်ဖွဲ့ထံဆက်သွယ်တိုင်ကြားရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ကူညီကယ်တင်ခဲ့သည့် အမျိုးသားကို မုဒိမ်းကျင့်ရန်ကြံစည်မှု၊ ကိုယ်ထိလက်ရောက်နာကျင်စေမှုနှင့် ပိုင်နက်ကျူးလွန်မှုတို့ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

Tachileik News Agency
Ref; Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net