ငွက္ေပ်ာသီးစားေနသည့္ အမ်ိဳးသမီးပံုကို ဝါေဆာအမ်ိဳးသားျပတုိက္မွဖယ္ရန္ဆံုးျဖတ္၍ ကန္႔ကြက္မႈမ်ား ထြက္ေပၚ

ငွက္ေပ်ာသီးစားေနသည့္ အမ်ိဳးသမီးပံုကို ဝါေဆာအမ်ိဳးသားျပတုိက္မွဖယ္ရန္ဆံုးျဖတ္၍ ကန္႔ကြက္မႈမ်ား ထြက္ေပၚ
ဧပြီ 30, 2019
By 🌸
ပိုလန္တြင္ အမ်ိဳးသားျပတုိက္ ပန္းခ်ီျပခန္းမွ အမ်ိဳးသမီးတစ္ဦး ငွက္ေပ်ာသီးစားေနသည့္ ဖန္တီးမႈကို ဖယ္ရွားမည့္ဆံုးျဖတ္ခ်က္ ျပင္ဆင္ေရးအတြက္ ႏုိင္ငံေရးသမားမ်ားႏွင့္ ပန္းခ်ီအႏုပညာရွင္မ်ား လူမႈကြန္ယက္စာမ်က္ႏွာမွေန၍ လုပ္ေဆာင္ေနၾကသည္။

ဝါေဆာအမ်ိဳးသားျပတုိက္က ၁၉၇၃ ခုႏွစ္လက္ရာျဖစ္သည့္ ပန္းခ်ီပညာရွင္ Natalia LL ၏ ဝတ္လစ္စလစ္အမ်ိဳးသမီးတစ္ဦး ငွက္ေပ်ာသီးစားေနသည့္ပံုစံကြဲမ်ားကို ေဖၚညႊန္းထားသည့္လက္ရာအား ဖယ္ရွားမည္ဟု လြန္ခဲ့သည့္တစ္ပတ္က ထုတ္ျပန္ေၾကညာလုိက္ျခင္းျဖစ္သည္။

လူငယ္မ်ားအတြက္ အဆိုပါပံုကို ဖယ္ရွားလိုျခင္းျဖစ္သည္ဟု ျပတိုက္ ညႊန္ၾကားေရးမွဴးက ထုတ္ေဖၚေျပာၾကားလုိက္ရာ ျပတုိက္၏ ဆင္ဆာႏွင့္ပတ္သက္၍ ဆန္႔က်င္ဆႏၵထုတ္ေဖၚသည့္အေနျဖင့္ ငွက္ေပ်ာသီးျဖင့္ဓါတ္ပံုရိုက္ၿပီး လူမႈကြန္ယက္တြင္ တင္ေနၾကျခင္းျဖစ္သည္။

အဆိုပါပံုမ်ား၏ဖန္တီးရွင္ Natalia LL သည္ ထင္ရွားလွသည့္အႏုပညာရွင္တစ္ဦးျဖစ္ၿပီး ယေန႔ေခတ္ကာလအခ်ိန္တြင္ လူတစ္ဦးတစ္ေယာက္က အႏုပညာတစ္ရပ္အေပၚတြင္ လိင္မႈကိစၥအျမင္ျဖင့္ ကန္႔သတ္ျခင္းမွာ မွန္းဆ၍ပင္မရေၾကာင္း ကန္႔ကြက္သူမ်ားက ဆိုသည္။

Natalia က အဆိုပါပံုကို  ပိုလန္ႏုိင္ငံ ကြန္ျမဴနစ္စနစ္အုပ္စိုးစဥ္က ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါပံုအားဖယ္ထုတ္ရန္ အမ်ိဳးသားယာဥ္ေက်းမႈအေမြအႏွစ္ႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနအေနျဖင့္ သိရိွျခင္းမရိွဘဲ ညႊန္ၾကားေရးမွဴး၏ ဆံုးျဖတ္ခ်က္သာျဖစ္ေၾကာင္းႏွင့္ ကန္႔ကြက္မႈမ်ားေၾကာင့္ ဖယ္ရွားျခင္းမျပဳေတာ့ဘဲ ၂၀ ရာစုမွ ၂၁ ရာစု ျပခန္းတြင္ ေရႊ႕ေျပာင္းထားေၾကာင္း သိရသည္။

Tachileik News Agency
Ref: CNN

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ငှက်ပျောသီးစားနေသည့် အမျိုးသမီးပုံကို ဝါဆောအမျိုးသားပြတိုက်မှဖယ်ရန်ဆုံးဖြတ်၍ ကန့်ကွက်မှုများ ထွက်ပေါ်
*************
ပိုလန်တွင် အမျိုးသားပြတိုက် ပန်းချီပြခန်းမှ အမျိုးသမီးတစ်ဦး ငှက်ပျောသီးစားနေသည့် ဖန်တီးမှုကို ဖယ်ရှားမည့်ဆုံးဖြတ်ချက် ပြင်ဆင်ရေးအတွက် နိုင်ငံရေးသမားများနှင့် ပန်းချီအနုပညာရှင်များ လူမှုကွန်ယက်စာမျက်နှာမှနေ၍ လုပ်ဆောင်နေကြသည်။

ဝါဆောအမျိုးသားပြတိုက်က ၁၉၇၃ ခုနှစ်လက်ရာဖြစ်သည့် ပန်းချီပညာရှင် Natalia LL ၏ ဝတ်လစ်စလစ်အမျိုးသမီးတစ်ဦး ငှက်ပျောသီးစားနေသည့်ပုံစံကွဲများကို ဖေါ်ညွှန်းထားသည့်လက်ရာအား ဖယ်ရှားမည်ဟု လွန်ခဲ့သည့်တစ်ပတ်က ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

လူငယ်များအတွက် အဆိုပါပုံကို ဖယ်ရှားလိုခြင်းဖြစ်သည်ဟု ပြတိုက် ညွှန်ကြားရေးမှူးက ထုတ်ဖေါ်ပြောကြားလိုက်ရာ ပြတိုက်၏ ဆင်ဆာနှင့်ပတ်သက်၍ ဆန့်ကျင်ဆန္ဒထုတ်ဖေါ်သည့်အနေဖြင့် ငှက်ပျောသီးဖြင့်ဓါတ်ပုံရိုက်ပြီး လူမှုကွန်ယက်တွင် တင်နေကြခြင်းဖြစ်သည်။

အဆိုပါပုံများ၏ဖန်တီးရှင် Natalia LL သည် ထင်ရှားလှသည့်အနုပညာရှင်တစ်ဦးဖြစ်ပြီး ယနေ့ခေတ်ကာလအချိန်တွင် လူတစ်ဦးတစ်ယောက်က အနုပညာတစ်ရပ်အပေါ်တွင် လိင်မှုကိစ္စအမြင်ဖြင့် ကန့်သတ်ခြင်းမှာ မှန်းဆ၍ပင်မရကြောင်း ကန့်ကွက်သူများက ဆိုသည်။

Natalia က အဆိုပါပုံကို  ပိုလန်နိုင်ငံ ကွန်မြူနစ်စနစ်အုပ်စိုးစဉ်က ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပုံအားဖယ်ထုတ်ရန် အမျိုးသားယာဉ်ကျေးမှုအမွေအနှစ်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် သိရှိခြင်းမရှိဘဲ ညွှန်ကြားရေးမှူး၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်းနှင့် ကန့်ကွက်မှုများကြောင့် ဖယ်ရှားခြင်းမပြုတော့ဘဲ ၂၀ ရာစုမှ ၂၁ ရာစု ပြခန်းတွင် ရွှေ့ပြောင်းထားကြောင်း သိရသည်။

Tachileik News Agency
Ref: CNN

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net