မိုင်းဆတ်မြို့ ဗဟိုမဏ္ဍပ်နှင့် တပ်နယ်မဏ္ဍပ်များတွင် သင်္ကြန်အတက်နေ့အထိ ဖျော်ဖြေပွဲများနှင့် စတုဒီသာကျွေးမွေးမည်

မိုင်းဆတ်မြို့ ဗဟိုမဏ္ဍပ်နှင့် တပ်နယ်မဏ္ဍပ်များတွင် သင်္ကြန်အတက်နေ့အထိ ဖျော်ဖြေပွဲများနှင့် စတုဒီသာကျွေးမွေးမည်
ဧပွီ 14, 2019
By 🌸
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ မယ်ဆွမ်မြောက်ရပ်ကွက်တွင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲနှင့် မိုင်းဆတ်တပ်နယ်တွင် တပ်နယ် သင်္ကြန်မိုး ဗဟိုမဏ္ဍပ်ဖွင့်ပွဲများကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့က ကျင်းပသည်။

တပ်နယ်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ညနေ (၄)နာရီတွင်ကျင်းပပြီး မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ညနေ (၅) နာရီတွင် ကျင်းပသည်။

မယ်ဆွမ်မြောက်ရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အတက်နေ့ထိ နေ့စဉ် နံနက်ပိုင်းနှင့် ညပိုင်းတွင် ယိမ်းအဖွဲ့(၁၁)ဖွဲ့က ယိမ်းအကများ၊ LMC တီးဝိုင်းအဖွဲ့က စင်တင်တေးဂီတများဖြင့် ဖျော်ဖြေကာ စတုဒိတာကျွေးမွေးခြင်းနှင့် နေ့လယ်စာ သင်္ကြန်ထမင်းတို့ဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။

 တပ်နယ်သင်္ကြန်မဏ္ဍပ်တွင်လည်း သင်္ကြန်အတက်နေ့အထိ ယိမ်းအကများနှင့် စင်တင်တေးဂီတများဖြင့် ဖျော်ဖြေမှုများအပြင် စတုဒိတာလည်း ကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းဆတ်မြို့ ဗဟိုမဏ္ဍပ်နှင့် တပ်နယ်မဏ္ဍပ်များတွင် သြင်္ကန်အတက်နေ့အထိ ဖျော်ဖြေပွဲများနှင့် စတုဒီသာကျွေးမွေးမည်
********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ မယ်ဆွမ်မြောက်ရပ်ကွက်တွင် မဟာသြင်္ကန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲနှင့် မိုင်းဆတ်တပ်နယ်တွင် တပ်နယ် သြင်္ကန်မိုး ဗဟိုမဏ္ဍပ်ဖွင့်ပွဲများကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့က ကျင်းပသည်။

တပ်နယ်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ညနေ (၄)နာရီတွင်ကျင်းပပြီး မဟာသြင်္ကန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ညနေ (၅) နာရီတွင် ကျင်းပသည်။

မယ်ဆွမ်မြောက်ရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်တွင် သြင်္ကန်အတက်နေ့ထိ နေ့စဉ် နံနက်ပိုင်းနှင့် ညပိုင်းတွင် ယိမ်းအဖွဲ့(၁၁)ဖွဲ့က ယိမ်းအကများ၊ LMC တီးဝိုင်းအဖွဲ့က စင်တင်တေးဂီတများဖြင့် ဖျော်ဖြေကာ စတုဒိတာကျွေးမွေးခြင်းနှင့် နေ့လယ်စာ သြင်္ကန်ထမင်းတို့ဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။

 တပ်နယ်သြင်္ကန်မဏ္ဍပ်တွင်လည်း သြင်္ကန်အတက်နေ့အထိ ယိမ်းအကများနှင့် စင်တင်တေးဂီတများဖြင့် ဖျော်ဖြေမှုများအပြင် စတုဒိတာလည်း ကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။

မဏ္ဍပ်ဖွင့်ပွဲများသို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး မျိုးမင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်းနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ နယ်မြေခံ တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်နယ်မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ # ဦးသန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net