တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုအတြင္းမွ မီးေဘးသင့္ျပည္သူ(၁၃)ဦးအတြက္ ေထာက္ပံ့ေငြ ႏွင့္ ပစၥည္းမ်ား ေပးအပ္

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုအတြင္းမွ မီးေဘးသင့္ျပည္သူ(၁၃)ဦးအတြက္ ေထာက္ပံ့ေငြ ႏွင့္ ပစၥည္းမ်ား ေပးအပ္
ဧပြီ 23, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမို႕ နယ္၊ မိုင္းကိုးေက်းရြာအုပ္စုအတြင္း အားရဲ႕ေက်းရြာတြင္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၉)ရက္ေန႔က ျဖစ္ပြားခဲ့သည့္ မီးေလာင္ေၾကာင့္ မီးေဘးသင့္ခဲ့ရသည့္ (၁၃)ဦးအတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဦးစီးဌာနက ေထာက္ပံ့ပစၥည္းမ်ားကို ဧၿပီလ(၂၃)ရက္ေန႔တြင္ ေပးအပ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဦးစီးဌာနမွ ဒုဦးစီးမွဴး ေဒၚနန္းေမႊးေမႊးခင္ ႏွင့္ မိုင္းကိုးေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရွိသူတို႔က မိုင္းကိုးေက်းရြာအုပ္စု၊ အားရဲဲ႕ေက်းရြာမွ မီးေဘးသင့္အိမ္ေထာင္စု(၂)စုတြင္ ပါ၀င္သည့္ မီးေဘးသင့္ ျပည္သူ (၁၃)ဦးအတြက္  ကယ္ဆယ္ေရးပစၥည္း(၁၆)မ်ဳိး ႏွင့္ အမ်ဳိးသား(၃)ဦး ႏွင့္ အမ်ဳိးသမီး(၁၀)ဦး စုစုေပါင္း (၁၃)ဦးအတြက္ ဆန္ရိကၡာဖိုး (၇)ရက္စာ အျဖစ္ က်ပ္(၂၇,၃၀၀)အား ေထာက္ပံ့ေငြအျဖစ္ လည္းေကာင္း၊ အိမ္ေဆာက္ပစၥည္းဖိုးအတြက္ စုစုေပါင္းက်ပ္(၃)သိန္းတို႔အား ဧၿပီလ(၂၃)ရက္ေန႔ ေန႔လည္(၁၁)နာရီအခ်ိန္က ေပးအပ္ျခင္းျဖစ္သည္။

မိုင္းကိုးေက်းရြာအုပ္စု၊ အားရဲဲ႕ေက်းရြာမွတြင္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၉)ရက္ေန႔ ည(၆)နာရီ၀န္းက်င္အခ်ိန္က ေတာမီးမွတဆင့္ ကူးစက္ေလာင္ကြ်မ္းရာမွ သြပ္မိုးပ်ဥ္ေထာင္အိမ္ (၁)လံုး ႏွင့္ သကၠယ္မိုးပ်ဥ္ကာ ေနအိမ္(၁)လံုး အျပင္ လူေနထိုင္ျခင္းမရွိသည့္ အိမ္ပ်က္(၁)လံုးတို႔ မီးေလာင္ကြ်မ္းခဲ့ရာမွ လူ(၁၃)ဦး မီးေဘးသင့္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း အားရဲ့ကျေးရွာတွင် ၂၀၁၉ခုနှစ် ဧပြီလ(၁၉)ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်ကြောင့် မီးဘေးသင့်ခဲ့ရသည့် (၁၃)ဦးအတွက် တာချီလိတ်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပစ္စည်းများကို ဧပြီလ(၂၃)ရက်နေ့တွင် ပေးအပ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နန်းမွှေးမွှေးခင် နှင့် မိုင်းကိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတို့က မိုင်းကိုးကျေးရွာအုပ်စု၊ အားရဲ့ကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စု(၂)စုတွင် ပါဝင်သည့် မီးဘေးသင့် ပြည်သူ (၁၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး နှင့် အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၁၀)ဦး စုစုပေါင်း (၁၃)ဦးအတွက် ဆန်ရိက္ခါဖိုး (၇)ရက်စာ အဖြစ် ကျပ်(၂၇,၃၀၀)အား ထောက်ပံ့ငွေအဖြစ် လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးအတွက် စုစုပေါင်းကျပ်(၃)သိန်းတို့အား ဧပြီလ(၂၃)ရက်နေ့ နေ့လည်(၁၁)နာရီအချိန်က ပေးအပ်ခြင်းဖြစ်သည်။

မိုင်းကိုးကျေးရွာအုပ်စု၊ အားရဲ့ကျေးရွာမှတွင် ၂၀၁၉ခုနှစ် ဧပြီလ(၁၉)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က တောမီးမှတဆင့် ကူးစက်လောင်ကျွမ်းရာမှ သွပ်မိုးပျဉ်ထောင်အိမ် (၁)လုံး နှင့် သက္ကယ်မိုးပျဉ်ကာ နေအိမ်(၁)လုံး အပြင် လူနေထိုင်ခြင်းမရှိသည့် အိမ်ပျက်(၁)လုံးတို့ မီးလောင်ကျွမ်းခဲ့ရာမှ လူ(၁၃)ဦး မီးဘေးသင့်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net