ထိုင္းႏုိင္ငံမွ ေနရပ္ျပန္လိုသည့္ ျမန္မာႏိုင္ငံသားမ်ားကို ေမလကုန္တြင္ စိစစ္လက္ခံႏုိင္ရန္ ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံေဆြးေႏြး

ထိုင္းႏုိင္ငံမွ ေနရပ္ျပန္လိုသည့္ ျမန္မာႏိုင္ငံသားမ်ားကို ေမလကုန္တြင္ စိစစ္လက္ခံႏုိင္ရန္ ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံေဆြးေႏြး
ဧပြီ 23, 2019
By 🌸
ထိုင္းႏိုင္ငံမွ မိမိဆႏၵအေလ်ာက္ ေနရပ္ျပန္လိုသူ ျမန္မာႏိုင္ငံသားမ်ားအား ၂၀၁၉ ခုႏွစ္၊ ေမလကုန္တြင္ ျပန္လည္စိစစ္၍ လက္ခံေရးအတြက္ ျမန္မာ - ထုိင္း ႏွစ္ႏိုင္ငံတာဝန္ရိွသူမ်ားသည္ ဧၿပီလ (၂၂)ရက္ေန႔က ေနျပည္ေတာ္တြင္ ေတြ႔ဆံုေဆြးေႏြးသည္။

ေနရပ္ျပန္လိုသည့္ ျမန္မာႏုိင္ငံသားမ်ားအား စိစစ္လက္ခံမႈ စတုတၳအႀကိမ္အျဖစ္ ေမလကုန္တြင္ ျပန္လည္လက္ခံရာ၌ ႏိုင္ငံသားစိစစ္ေရး၊ တရားဝင္ ျပန္လည္အလုပ္လုပ္ကိုင္ႏိုင္ေရးႏွင့္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈကို အေျခခံ၍ ေနရပ္ျပန္လိုသူမ်ားအား ေနရပ္ျပန္ခြင့္အား ဆက္လက္တိုးျမႇင့္ ေဆာင္႐ြက္သြားရန္ ေဆြးေႏြးၾကေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံမွ မိမိဆႏၵအေလ်ာက္ ေနရပ္ျပန္လိုသူ ျမန္မာႏိုင္ငံသားမ်ားဆိုင္ရာ ပထမအႀကိမ္ ျမန္မာ-ထိုင္း လုပ္ငန္းအေကာင္အထည္ေဖၚေရး ကြၽမ္းက်င္သူမ်ားအဖြဲ႕ အစည္းအေဝးကို ေနျပည္ေတာ္ရိွ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ခ်င္းတြင္းခန္းမ၌ လက္ခံက်င္းပခဲ့ရာ ျမန္မာႏိုင္ငံဘက္မွ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ေကာင္စစ္ေရးရာႏွင့္ ဉပေဒေရးရာဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမ်ိဳးသန႔္ေဖႏွင့္ ထိုင္းႏိုင္ငံဘက္မွ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အျပည္ျပည္ဆိုင္ရာ အဖြဲ႕အစည္းမ်ားဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ Mrs. Kanchana Patarachoke တို႔ ဦးေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

အစည္းအေဝးသို႔ ျမန္မာႏိုင္ငံဘက္မွ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ နယ္စပ္ေရးရာဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ပညာေရးဝန္ႀကီးဌာန၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးမွ ကိုယ္စားလွယ္၊ သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕႐ုံးမ်ားမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၿပီး၊ ထိုင္းႏိုင္ငံဘက္မွ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ထိုင္း အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ၊ အလုပ္သမားဝန္ႀကီးဌာန၊ လူဝင္မႈႀကီးၾကပ္ေရးဌာနမ်ားႏွင့္ ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းသံ႐ုံးမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
Photo: Ministry of Foreign Affair

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို မေလကုန်တွင် စိစစ်လက်ခံနိုင်ရန် မြန်မာ - ထိုင်းနှစ်နိုင်ငံဆွေးနွေး
*************
ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ၂၀၁၉ ခုနှစ်၊ မေလကုန်တွင် ပြန်လည်စိစစ်၍ လက်ခံရေးအတွက် မြန်မာ - ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူများသည် ဧပြီလ (၂၂)ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးသည်။

နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား စိစစ်လက်ခံမှု စတုတ္ထအကြိမ်အဖြစ် မေလကုန်တွင် ပြန်လည်လက်ခံရာ၌ နိုင်ငံသားစိစစ်ရေး၊ တရားဝင် ပြန်လည်အလုပ်လုပ်ကိုင်နိုင်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နေရပ်ပြန်လိုသူများအား နေရပ်ပြန်ခွင့်အား ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားရန် ဆွေးနွေးကြကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများဆိုင်ရာ ပထမအကြိမ် မြန်မာ-ထိုင်း လုပ်ငန်းအကောင်အထည်ဖေါ်ရေး ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမ၌ လက်ခံကျင်းပခဲ့ရာ မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဉပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေနှင့် ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mrs. Kanchana Patarachoke တို့ ဦးဆောင်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ကိုယ်စားလှယ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး၊ ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနများနှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
Photo: Ministry of Foreign Affair

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net