ကေလးမ်ားကို လိင္လုပ္သားအျဖစ္ခုိင္းေစေနသည့္ ကာရာအိုေကအား ဝင္ဖမ္းရာ တာဝန္ရိွသူမ်ားကို လစဥ္ေငြေၾကးေပးရသည့္ ေငြစာရင္းမွတ္တမ္းပါ ရွာေဖြေတြ႔ရိွ

ကေလးမ်ားကို လိင္လုပ္သားအျဖစ္ခုိင္းေစေနသည့္ ကာရာအိုေကအား ဝင္ဖမ္းရာ တာဝန္ရိွသူမ်ားကို လစဥ္ေငြေၾကးေပးရသည့္ ေငြစာရင္းမွတ္တမ္းပါ ရွာေဖြေတြ႔ရိွ
ဧပြီ 4, 2019
By 🌸
ထုိင္းႏုိင္ငံ၊ ခ်င္းရိုင္းၿမိဳ႕တြင္ ကေလးလိင္လုပ္သားမ်ားအသံုးျပဳေနသည့္ ကာရာအိုေကဘားအား ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးရာ လိင္ကၽြန္ျပဳခံထားရသည့္ ျမန္မာကေလးငယ္(၂)ဦးကို ေတြ႔ရိွကယ္တင္ႏုိင္ခဲ့ၿပီး အဆိုပါဆုိင္က တာဝန္ရိွသူမ်ားအား လစဥ္ေပးရသည့္ ေငြစာရင္းမွတ္တမ္းစာအုပ္ကိုပါ သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

အဆိုပါကာရာအိုေကဆုိင္သည္ အသက္ (၁၈)ႏွစ္ေအာက္ မိန္းကေလးငယ္မ်ားအား လိင္လုပ္သားအျဖစ္ ခိုင္းေစေနျခင္းျဖစ္ၿပီး လုပ္ငန္းလုပ္ကိုင္ႏုိင္ရန္အတြက္ ေဒသမွအက်င့္ပ်က္ျခစားရဲတပ္ဖြဲ႕ဝင္မ်ား၊ အရာရိွမ်ားအား လစဥ္ေငြေၾကးေပးထားသည့္မွတ္တမ္းအရ ရဲအရာရိွတစ္ဦးလွ်င္ တစ္လ ဘတ္ႏွစ္ေသာင္းအထိေပးထားသည္ကို ေတြ႔ရေၾကာင္း သိရသည္။

ေဖ်ာ္ေျဖေရးလုပ္ငန္းအျဖစ္ လုပ္ငန္းခြင့္ျပဳခ်က္မယူဘဲလုပ္ကိုင္ေနသည့္အျပင္ ကာရာအိုေကႏွင့္တြဲလ်က္ ဟိုတယ္ခန္းမ်ားကိုပါ ဖြင့္လွစ္ၿပီး ျပည့္တန္ဆာလုပ္ငန္းကို လုပ္ကိုင္ေနေၾကာင္းကို ရဲတပ္ဖြဲ႕က ဝင္ေရာက္မဖမ္းဆီးမီ စံုစမ္းေထာက္လွမ္းျခင္းကို တစ္လၾကာေဆာင္ရြက္ခဲ့ရေၾကာင္း သိရသည္။

လက္ရိွတြင္ ကာရာအိုေကဘားပိုင္ရွင္ကို လိင္လုပ္သားမ်ား ခိုင္းေစမႈ၊ လူကုန္ကူးမႈႏွင့္ အရာရိွမ်ားအား ေငြေၾကးေပးထားသည့္ကိစၥမ်ားႏွင့္ပတ္သက္၍ စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

Tachileik News Agency

Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကလေးများကို လိင်လုပ်သားအဖြစ်ခိုင်းစေနေသည့် ကာရာအိုကေအား ဝင်ဖမ်းရာ တာဝန်ရှိသူများကို လစဉ်ငွေကြေးပေးရသည့် ငွေစာရင်းမှတ်တမ်းပါ ရှာဖွေတွေ့ရှိ
**********
ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့တွင် ကလေးလိင်လုပ်သားများအသုံးပြုနေသည့် ကာရာအိုကေဘားအား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ လိင်ကျွန်ပြုခံထားရသည့် မြန်မာကလေးငယ်(၂)ဦးကို တွေ့ရှိကယ်တင်နိုင်ခဲ့ပြီး အဆိုပါဆိုင်က တာဝန်ရှိသူများအား လစဉ်ပေးရသည့် ငွေစာရင်းမှတ်တမ်းစာအုပ်ကိုပါ သိမ်းဆည်းရမိထားကြောင်း သိရသည်။

အဆိုပါကာရာအိုကေဆိုင်သည် အသက် (၁၈)နှစ်အောက် မိန်းကလေးငယ်များအား လိင်လုပ်သားအဖြစ် ခိုင်းစေနေခြင်းဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက် ဒေသမှအကျင့်ပျက်ခြစားရဲတပ်ဖွဲ့ဝင်များ၊ အရာရှိများအား လစဉ်ငွေကြေးပေးထားသည့်မှတ်တမ်းအရ ရဲအရာရှိတစ်ဦးလျှင် တစ်လ ဘတ်နှစ်သောင်းအထိပေးထားသည်ကို တွေ့ရကြောင်း သိရသည်။

ဖျော်ဖြေရေးလုပ်ငန်းအဖြစ် လုပ်ငန်းခွင့်ပြုချက်မယူဘဲလုပ်ကိုင်နေသည့်အပြင် ကာရာအိုကေနှင့်တွဲလျက် ဟိုတယ်ခန်းများကိုပါ ဖွင့်လှစ်ပြီး ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေကြောင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်မဖမ်းဆီးမီ စုံစမ်းထောက်လှမ်းခြင်းကို တစ်လကြာဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ကာရာအိုကေဘားပိုင်ရှင်ကို လိင်လုပ်သားများ ခိုင်းစေမှု၊ လူကုန်ကူးမှုနှင့် အရာရှိများအား ငွေကြေးပေးထားသည့်ကိစ္စများနှင့်ပတ်သက်၍ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net