ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖခင်ဖြစ်သူက ဆေးခြောက်သုံးရန်အတွက် ဆယ်ကျော်သက်သမီးနှစ်ဦးကို အသက် (၆၅)နှစ်အရွယ် အမျိုးသားနှင့် လိင်ဆက်ဆံရန်ခိုင်းစေ

ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖခင်ဖြစ်သူက ဆေးခြောက်သုံးရန်အတွက် ဆယ်ကျော်သက်သမီးနှစ်ဦးကို အသက် (၆၅)နှစ်အရွယ် အမျိုးသားနှင့် လိင်ဆက်ဆံရန်ခိုင်းစေ
ဧပွီ 22, 2019
By Tachileik News Agency




လက်ရှိတွင် ကလေးနှစ်ဦး၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများ လုပ်ဆောင်ပေးနေပြီး ကလေးများကို အဓမ္မပြုကျင့်ခဲ့သည့် အသက် (၆၅)နှစ်အရွယ် အမျိုးသားကိုဖမ်းဆီးရန် သက်သေအထောက်အထားများ စုဆောင်းနေကြောင်း သိရသည်။

Tachileik News Agency
Ref; Nationmultimedia


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆယ်ကျော်သက်သမီးနှစ်ဦးကို ဖခင်ဖြစ်သူက အသက်(၆၅)နှစ်အရွယ် အမျိုးသားထံ ဆေးခြောက်နှင့်လဲလှယ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့က ကယ်တင်ထားပြီး ကလေးနှစ်ဦးကို လူမှုစောင့်ရှောက်ရေးဌာနသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အသက် (၆၂)နှစ်အရွယ် ဖခင်ဖြစ်သူက အသက် (၁၃)နှစ်နှင့် (၁၄)နှစ်အရွယ်သမီးနှစ်ဦးကို တစ်ရပ်ကွက်ထဲတွင်နေထိုင်သည့် အသက် (၆၅)နှစ်အရွယ်အမျိုးသားထံ လိင်ဆက်ဆံရန်ပေးခဲ့ပြီး ဆေးခြောက်ဖြင့်လဲလှယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးများ၏ အကြောင်းကို လူမှုကွန်ယက်စာမျက်နှာတွင်တွေ့ရပြီးနောက် လူကုန်တားရဲတပ်ဖွဲ့က ကလေးများရှိသည့် နေအိမ်ကို ဝင်ရောက်ရှာဖွေကာ လူမှုစောင့်ရှောက်ရေးဌာနသို့ ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကလေးနှစ်ဦး၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများ လုပ်ဆောင်ပေးနပြေီး ကလေးများကို အဓမ္မပြုကျင့်ခဲ့သည့် အသက် (၆၅)နှစ်အရွယ် အမျိုးသားကိုဖမ်းဆီးရန် သက်သေအထောက်အထားများ စုဆောင်းနေကြောင်း သိရသည်။

Tachileik News Agency
Ref; Nationmultimedia

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net