မေကြးၿမိဳ႕နယ္ဂီတအစည္္းအရံုးဥကၠဌကို တာဝန္မွရုတ္သိမ္း၍ အလုပ္အမႈေဆာင္အဖဲြ႔သစ္ ျပန္လည္ဖဲြ႔စည္း

မေကြးၿမိဳ႕နယ္ဂီတအစည္္းအရံုးဥကၠဌကို တာဝန္မွရုတ္သိမ္း၍ အလုပ္အမႈေဆာင္အဖဲြ႔သစ္ ျပန္လည္ဖဲြ႔စည္း
ဧပြီ 8, 2019
By Tachileik News Agency

မေကြးၿမိဳ႕နယ္ဂီတအစည္္းအရံုးဥကၠဌကို တာဝန္မွရုတ္သိမ္း၍ အလုပ္အမႈေဆာင္အဖဲြ႔သစ္ ျပန္လည္ဖဲြ႔စည္းရန္ မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ ညႊန္ၾကားခ်က္အရ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၇)ရက္ေန႔တြင္
ဥကၠဌသစ္ျပန္လည္ေရြးခ်ယ္ၿပီး အလုပ္အမႈေဆာင္အဖြဲ႕သစ္ ျပန္လည္ဖြဲ႕စည္းတာဝန္ေပးလုိက္ေၾကာင္း သိရသည္။

“လက္ရိွ ဥကၠဌ ကို တာဝန္က ရပ္နားၿပီး အျခား သင့္ေလ်ာ္တဲ့သူနဲ႔ အစားထိုးတာဝန္ေပးဖို႔ဆိုၿပီး စာဝင္လာပါတယ္။ ဒါ့ေၾကာင့္ ဒု ဥကၠဌကို ယာယီ ဥကၠဌတာဝန္ေပးၿပီး အမႈေဆာင္အစည္းအေဝးေခၚ၊ ေထြအုပ္နဲ႔ေပါင္းစပ္ညိႇႏိွဳင္းၿပီး  မေကြး ၿမိဳ႕နယ္ဂီတအစည္းအရံုး လ်ာထား အမႈေဆာင္အသစ္ကို ဖဲြ႔စည္းေစခဲ့ပါတယ္။ ဒီေန႔ ကၽြန္ေတာ္နဲ႔ ဗဟိုအမႈေဆာင္အဖဲြ႔က တာဝန္ရိွသူေတြဆင္းလာၿပီး အဲဒီ လ်ာထားအမႈေဆာင္အဖဲြ႔ကို အတည္ျပဳေပးတာပါ” ဟု ျမန္မာႏိုင္ငံ ဂီတအစည္းအရံုး (ဗဟို) ဥကၠဌ ဦးတင္ဦးေလး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံဂီတအစည္းအရံုး (ဗဟို) သို႔ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၂၂) ရက္ေန႔က မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ထံမွ ညႊန္ၾကားလႊာေပးပို႔လာသျဖင့္ အလုပ္အမႈေဆာင္အဖြဲ႕သစ္အား ျပန္လည္ဖြဲ႕စည္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆိုင္းဘုတ္ႀကီးတင္ထားၿပီး ဘာအလုပ္မွ မလုပ္လို႔ မျဖစ္ပါဘူး။ ေခါင္းေဆာင္ဆိုတာ အလုပ္လုပ္ေပးရတဲ့ လမ္းေၾကာင္းမွာ ေပါက္ဖြားရျခင္းျဖစ္လို႔ အလုပ္ လုပ္ဖို႔လိုပါတယ္။ အဖဲြ႔အစည္းျဖစ္လို႔ စည္းစနစ္တက်လုပ္ဖို႔လိုပါတယ္။ ဒီေန႔ ဒီ ျပႆနာ သမိုင္း မေကြးမွာ ရိွၿပီးသြားပါၿပီ။ ဥကၠဌ တို႔ အတြင္းေရးမွဴးတို႔ဟာ  အာဏာပိုင္ေတြ မဟုတ္ပါဘူး။ ေကာ္မတီမွာပဲ အာဏာရိွပါတယ္။ ဥကၠဌ တို႔ အတြင္းေရးမွဴးတို႔က ဦးေဆာင္ၿပီး တာဝန္ယူရတာျဖစ္ပါတယ္။ ဥကၠဌဆိုၿပီး ငါ အာဏာရိွတယ္ဆိုၿပီး လုပ္လို႔မရပါဘူး”ဟု ျမန္မာႏိုင္ငံဂီတအစည္း အရံုး(ဗဟို) ဒု ဥကၠဌ ဦးလြင္ျမင့္ က  ၿမိဳ႕နယ္ဂီတအစည္းအရံုး ဖြ႔ဲစည္းတာဝန္ေပးအပ္ျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းရာတြင္ ထည့္သြင္းေျပာၾကားသြားသည္။ 

မေကြးၿမိဳ႕နယ္ဂီတအစည္းအရံုးအလုပ္အမႈေဆာင္အဖြဲ႕သစ္အျဖစ္ ဥကၠဌ ဦးေအာင္သိန္း (မိုးဟိန္း)၊ ဒုဥကၠဌ(၁) ဦးေဇာ္ လင္း၊ ဒုဥကၠဌ(၂) ဦးသက္ေဆြ၊ အတြင္းေရးမွဴး ဦးရန္မ်ိဳးေအာင္၊ အတြင္းေရးမွဴး(၁) ဦးေနလင္းေအာင္၊ အတြင္းေရးမွဴး(၂) ဦးေဇာ္မ်ိဳးသက္၊ ဘ႑ာေရးမွဴး ဦးသန္းစိုး၊ စာရင္းစစ္ ဦးမိုးေဇာ္ျမင့္၊ စည္းရံုးေရးမွဴး ဦးေအာင္ေတဇာဝင္း၊ ျပန္ၾကားေရးမွဴး ဦးေဆြေမာင္ ႏွင့္ အမႈေဆာင္အဖဲြ႔ဝင္ (၅)ဦး တို႔ပါဝင္သည့္အဖြဲ႕ကို တာဝန္ေပးအပ္လိုက္ေၾကာင္း သိရသည္။

“စုစည္းညီညြတ္မႈ အားနည္းတယ္လို႔ သိရပါတယ္။ အမႈေဆာင္အစည္းအေဝးလည္း သိပ္မလုပ္ၾကဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ေတြ႔ဆံုမႈနည္းၿပီးေတာ့ ေပါင္းစပ္မႈအားနည္းတယ္လို႔ ျမင္ပါတယ္။ အတည္မျပဳႏိုင္တဲ့ အျပင္သတင္းေတြအရေတာ့ ၾကားထားတာေတြ ရိွပါတယ္။ ကၽြန္ေတာ့္ကို ဗဟိုအလုပ္အမႈေဆာင္ဆိုၿပီးေတာ့ ဖုန္းနဲ႔လွမ္းေျပာတာေတြရိွတယ္။ သို႔ေသာ္ ကိုယ္တိုင္ၾကံဳေတြ႔ရတာမဟုတ္လို႔ အတည္ျပဳႏိုင္ျခင္း မရိွပါဘူး။ ေျပာေရးဆိုတာ ဆက္ဆံေရးအားနည္းလို႔ ဒီအေပၚမွာ အျပစ္ျမင္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္”ဟု ဥကၠဌ အျဖစ္ အသစ္ ေရြးခ်ယ္တင္ေျမွာက္ခံရသူ ဦးေအာင္သိန္း(မိုဟိန္း)က ယခင္ဥကၠဌေဟာင္းအား တာဝန္မွရပ္စဲျခင္းႏွင့္ပတ္သက္၍ ေျပာသည္။             

အလုပ္အမႈေဆာင္အဖြဲ႕သစ္သို႔ တာဝန္ေပးအပ္ပြဲသို႔ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဦးျမင့္ေဆြ၊ ျမန္မာႏိုင္ငံဂီတအစည္းအရံုး (ဗဟို)ဥကၠဌ ဦးတင္ဦးေလး၊ ဒု ဥကၠဌ ဦးလြင္ျမင့္၊ စီမံခန္႔ခဲြေရးမွဴး ဦးညြန္႔လိႈင္လိႈင္တို႔ တက္ေရာက္ေၾကာင္း သိရသည္။                                                                                                                     

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးမြို့နယ်ဂီတအစည်းအရုံးဥက္ကဌကို တာဝန်မှရုတ်သိမ်း၍ အလုပ်အမှုဆောင်အဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားချက်အရ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင်

ဥက္ကဌသစ်ပြန်လည်ရွေးချယ်ပြီး အလုပ်အမှုဆောင်အဖွဲ့သစ် ပြန်လည်ဖွဲ့စည်းတာဝန်ပေးလိုက်ကြောင်း သိရသည်။

“လက်ရှိ ဥက္ကဌ ကို တာဝန်က ရပ်နားပြီး အခြား သင့်လျော်တဲ့သူနဲ့ အစားထိုးတာဝန်ပေးဖို့ဆိုပြီး စာဝင်လာပါတယ်။ ဒါ့ကြောင့် ဒု ဥက္ကဌကို ယာယီ ဥက္ကဌတာဝန်ပေးပြီး အမှုဆောင်အစည်းအဝေးခေါ်၊ ထွေအုပ်နဲ့ပေါင်းစပ်ညှိနှိုင်းပြီး မကွေး မြို့နယ်ဂီတအစည်းအရုံး လျာထား အမှုဆောင်အသစ်ကို ဖွဲ့စည်းစေခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်နဲ့ ဗဟိုအမှုဆောင်အဖွဲ့က တာဝန်ရှိသူတွေဆင်းလာပြီး အဲဒီ လျာထားအမှုဆောင်အဖွဲ့ကို အတည်ပြုပေးတာပါ” ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဌ ဦးတင်ဦးလေး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) သို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ ညွှန်ကြားလွှာပေးပို့လာသဖြင့် အလုပ်အမှုဆောင်အဖွဲ့သစ်အား ပြန်လည်ဖွဲ့စည်းပေးခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်းဘုတ်ကြီးတင်ထားပြီး ဘာအလုပ်မှ မလုပ်လို့ မဖြစ်ပါဘူး။ ခေါင်းဆောင်ဆိုတာ အလုပ်လုပ်ပေးရတဲ့ လမ်းကြောင်းမှာ ပေါက်ဖွားရခြင်းဖြစ်လို့ အလုပ် လုပ်ဖို့လိုပါတယ်။ အဖွဲ့အစည်းဖြစ်လို့ စည်းစနစ်တကျလုပ်ဖို့လိုပါတယ်။ ဒီနေ့ ဒီ ပြဿနာ သမိုင်း မကွေးမှာ ရှိပြီးသွားပါပြီ။ ဥက္ကဌ တို့ အတွင်းရေးမှူးတို့ဟာ အာဏာပိုင်တွေ မဟုတ်ပါဘူး။ ကော်မတီမှာပဲ အာဏာရှိပါတယ်။ ဥက္ကဌ တို့ အတွင်းရေးမှူးတို့က ဦးဆောင်ပြီး တာဝန်ယူရတာဖြစ်ပါတယ်။ ဥက္ကဌဆိုပြီး ငါ အာဏာရှိတယ်ဆိုပြီး လုပ်လို့မရပါဘူး”ဟု မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို) ဒု ဥက္ကဌ ဦးလွင်မြင့် က မြို့နယ်ဂီတအစည်းအရုံး ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားသွားသည်။

မကွေးမြို့နယ်ဂီတအစည်းအရုံးအလုပ်အမှုဆောင်အဖွဲ့သစ်အဖြစ် ဥက္ကဌ ဦးအောင်သိန်း (မိုးဟိန်း)၊ ဒုဥက္ကဌ(၁) ဦးဇော် လင်း၊ ဒုဥက္ကဌ(၂) ဦးသက်ဆွေ၊ အတွင်းရေးမှူး ဦးရန်မျိုးအောင်၊ အတွင်းရေးမှူး(၁) ဦးနေလင်းအောင်၊ အတွင်းရေးမှူး(၂) ဦးဇော်မျိုးသက်၊ ဘဏ္ဍာရေးမှူး ဦးသန်းစိုး၊ စာရင်းစစ် ဦးမိုးဇော်မြင့်၊ စည်းရုံးရေးမှူး ဦးအောင်တေဇာဝင်း၊ ပြန်ကြားရေးမှူး ဦးဆွေမောင် နှင့် အမှုဆောင်အဖွဲ့ဝင် (၅)ဦး တို့ပါဝင်သည့်အဖွဲ့ကို တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

“စုစည်းညီညွတ်မှု အားနည်းတယ်လို့ သိရပါတယ်။ အမှုဆောင်အစည်းအဝေးလည်း သိပ်မလုပ်ကြဘူး။ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံမှုနည်းပြီးတော့ ပေါင်းစပ်မှုအားနည်းတယ်လို့ မြင်ပါတယ်။ အတည်မပြုနိုင်တဲ့ အပြင်သတင်းတွေအရတော့ ကြားထားတာတွေ ရှိပါတယ်။ ကျွန်တော့်ကို ဗဟိုအလုပ်အမှုဆောင်ဆိုပြီးတော့ ဖုန်းနဲ့လှမ်းပြောတာတွေရှိတယ်။ သို့သော် ကိုယ်တိုင်ကြုံတွေ့ရတာမဟုတ်လို့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။ ပြောရေးဆိုတာ ဆက်ဆံရေးအားနည်းလို့ ဒီအပေါ်မှာ အပြစ်မြင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်”ဟု ဥက္ကဌ အဖြစ် အသစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးအောင်သိန်း(မိုဟိန်း)က ယခင်ဥက္ကဌဟောင်းအား တာဝန်မှရပ်စဲခြင်းနှင့်ပတ်သက်၍ ပြောသည်။

အလုပ်အမှုဆောင်အဖွဲ့သစ်သို့ တာဝန်ပေးအပ်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ဥက္ကဌ ဦးတင်ဦးလေး၊ ဒု ဥက္ကဌ ဦးလွင်မြင့်၊ စီမံခန့်ခွဲရေးမှူး ဦးညွန့်လှိုင်လှိုင်တို့ တက်ရောက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net