ထိုင္းႏိုင္ငံ ခ်င္းမုိင္ၿမိဳ႕တြင္ အမ်ိဳးသားဥယ်ာဥ္အတြင္း ေတာလုိက္သည့္ လားဟူတုိင္းရင္းသားႏွစ္ဦး ပစ္ခတ္ဖမ္းဆီးခံရ

ထိုင္းႏိုင္ငံ ခ်င္းမုိင္ၿမိဳ႕တြင္ အမ်ိဳးသားဥယ်ာဥ္အတြင္း ေတာလုိက္သည့္ လားဟူတုိင္းရင္းသားႏွစ္ဦး ပစ္ခတ္ဖမ္းဆီးခံရ
ဧပြီ 8, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံေျမာက္ပိုင္း၊ ခ်င္းမိုင္ၿမိဳ႕ရိွ သီရိလန္နအမ်ိုးသားဥယ်ာဥ္အတြင္း ေတာလုိက္သည့္ လားဟူတုိင္းရင္းသားႏွစ္ဦးကို တာဝန္ရိွသူမ်ားက ပစ္ခတ္ဖမ္းဆီးခဲ့သျဖင့္ ဒဏ္ရာအသီးသီးရသြားေၾကာင္း သိရသည္။

အမ်ိဳးသားဥယ်ာဥ္အတြင္း ေတာမီးေလာင္မႈ ရိွ၊ မရိွ လုိက္လံစစ္ေဆးေနသည့္ တာဝန္ရိွသူမ်ားကို ဥယ်ာဥ္အတြင္း ေတာလုိက္ေနသည့္ လားဟူအမ်ိဳးသားႏွစ္ဦးက စတင္ပစ္ခတ္ရာမွ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားၿပီး လားဟူအမ်ိဳးသားတစ္ဦးမွာ ေျခေထာက္ႏွင့္ တစ္ဦးမွာ လက္ေမာင္းတုိ႔၌ ဒဏ္ရာအသီးသီးရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဥယ်ာဥ္တာဝန္ရိွသူမ်ားက ပစ္ခတ္သူမ်ားအား ဟန္႔တားရန္ ျပန္လည္ပစ္ခတ္ခဲ့ရာ ေခ်ာင္းအနီးတြင္ ဒဏ္ရာမ်ားျဖင့္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရသြားသူႏွစ္ဦးကို ဖမ္းဆီးကာ ဒဏ္ရာမ်ားအား ပတ္တီးစည္းေပးၿပီး မယ္ေတာင္းေဆးရံုသို႔ ပို႔ေဆာင္ေပးရန္ ဥယ်ာဥ္အျပင္သို႔သယ္ထုတ္ရာ အခ်ိန္ (၄)နာရီၾကာျမင့္ခဲ့ေၾကာင္း သိရသည္။

လားဟူအမ်ိဳးသားႏွစ္ဦးက ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၅)ရက္ေန႔က ေတာေကာင္ပစ္ခတ္ရန္ ဥယ်ာဥ္အတြင္း ဝင္လာၾကျခင္းျဖစ္ၿပီး ဧၿပီလ (၆)ရက္ေန႔တြင္ တာဝန္ရိွသူမ်ားႏွင့္ေတြ႔၍ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ထံမွ ေသနတ္တစ္လက္၊ က်ည္၊ ဓါးတစ္ေခ်ာင္းႏွင့္ ဆုိင္ကယ္တစ္စီးတုိ႔ကို သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

Tachileik News Agency
Ref:The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ သီရိလန်နအမျိုးသားဥယျာဉ်အတွင်း တောလိုက်သည့် လားဟူတိုင်းရင်းသားနှစ်ဦးကို တာဝန်ရှိသူများက ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် ဒဏ်ရာအသီးသီးရသွားကြောင်း သိရသည်။

အမျိုးသားဥယျာဉ်အတွင်း တောမီးလောင်မှု ရှိ၊ မရှိ လိုက်လံစစ်ဆေးနေသည့် တာဝန်ရှိသူများကို ဥယျာဉ်အတွင်း တောလိုက်နေသည့် လားဟူအမျိုးသားနှစ်ဦးက စတင်ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လားဟူအမျိုးသားတစ်ဦးမှာ ခြေထောက်နှင့် တစ်ဦးမှာ လက်မောင်းတို့၌ ဒဏ်ရာအသီးသီးရသွားခြင်းဖြစ်ကြောင်း သိရသည်။

ဥယျာဉ်တာဝန်ရှိသူများက ပစ်ခတ်သူများအား ဟန့်တားရန် ပြန်လည်ပစ်ခတ်ခဲ့ရာ ချောင်းအနီးတွင် ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသွားသူနှစ်ဦးကို ဖမ်းဆီးကာ ဒဏ်ရာများအား ပတ်တီးစည်းပေးပြီး မယ်တောင်းဆေးရုံသို့ ပို့ဆောင်ပေးရန် ဥယျာဉ်အပြင်သို့သယ်ထုတ်ရာ အချိန် (၄)နာရီကြာမြင့်ခဲ့ကြောင်း သိရသည်။

လားဟူအမျိုးသားနှစ်ဦးက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့က တောကောင်ပစ်ခတ်ရန် ဥယျာဉ်အတွင်း ဝင်လာကြခြင်းဖြစ်ပြီး ဧပြီလ (၆)ရက်နေ့တွင် တာဝန်ရှိသူများနှင့်တွေ့၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ထံမှ သေနတ်တစ်လက်၊ ကျည်၊ ဓားတစ်ချောင်းနှင့် ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

Tachileik News Agency
Ref:The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net