မကွေးမြို့တွင် နှစ်ပေါင်း သက်တမ်း(၂၀၀)၀န်းကျင်ရှိ မင်းကြီးကန်ကို လူထုအပန်းဖြေနားနေရာအဖြစ် အကြီးစားပြင်ဆင်နေ
မကွေးမြို့တွင် နှစ်ပေါင်း သက်တမ်း(၂၀၀)၀န်းကျင်ရှိ မင်းကြီးကန်ကို လူထုအပန်းဖြေနားနေရာအဖြစ် အကြီးစားပြင်ဆင်နေ
ဧပွီ 3, 2019
By Tachileik News Agency
ဧက (၂၀)နီးပါးကျယ်ဝန်းသည့် အဆိုပါကန်မှာ တိမ်ကောလာနေပြီး မိုးရာသီတွင် ရေလျှံလေ့ရှိခြင်းနှင့် ခြံနွယ်ထူထပ်နေသဖြင့် မကောင်းမှုကျူးလွန်သူများခိုအောင်းလာခြင်းတို့ကြောင့် ပြင်ဆင်ပေးရန်အစီအစဉ်ရှိ/မရှိကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ၂၀၁၉ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင်လည်း အဆိုပါကန်အနီးရှိ ခြုံနွယ်များရှင်းလင်းခြင်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးမြို့မှ နှစ်ပေါင်း(၂၀၀)ခန့်သက်တမ်းရှိ ကန်သာကန် (ခေါ်) မင်းကြီးကန်အား ၂၀၁၉ ခုနှစ်၊ မတ်လ တတိယပတ်မှစ၍ ကျန်းမာရေးအထောက်အကူပြု လူထုအပန်းဖြေနားနေရာအဖြစ် အကြီးစားပြင်ဆင်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ပြည်သူလူထုက ဒီကန်ကြီးကို ဘယ်လိုပြုပြင်စောင့်ရှောက်မလဲဆိုပြီး ပြောလာကြတာကြောင့်ရယ်၊ ကန်ကြီးရဲ့ သမိုင်းကလည်း မကွေးမြို့ကြီး စတည်ကတည်းက ဒီကန်ကြီးရှိခဲ့တယ်လို့ သိရတဲ့အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြန်လည်တူးဖော်ပေးဖို့ အစီအစဉ်ရှိ မရှိ မေးခွန်းမေးခဲ့ပါတယ်။ ဒီလိုမေးခဲ့တဲ့အပေါ် အကျိုးတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်လျှက်ရှိကြောင်းနဲ့ ပြည်ထောင်စု ထောက်ပံ့ ရန်ပုံငွေ၊ တိုင်းအစိုးရ ထောက်ပံ့ရန်ပုံငွေတောင်းခံ ဆောင်ရွက်ဖို့ ဖြကြေားပါတယ်။ ဒေသခံပြည်သူအများစုက စီးပွားရေးလုပ်ငန်းရှင်တွေလက်ထဲကို မထည့်လိုကြတာကြောင့် ပြည်ထောင်စု အစိုးရနဲ့ တိုင်းအစိုးရရဲ့ ထောက်ပံ့ရန်ပုံငွေရဖို့ပဲ မျှော်လင့်ရပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဧက (၂၀)နီးပါးကျယ်ဝန်းသည့် အဆိုပါကန်မှာ တိမ်ကောလာနပြေီး မိုးရာသီတွင် ရေလျှံလေ့ရှိခြင်းနှင့် ခြံနွယ်ထူထပ်နေသဖြင့် မကောင်းမှုကျူးလွန်သူများခိုအောင်းလာခြင်းတို့ကြောင့် ပြင်ဆင်ပေးရန်အစီအစဉ်ရှိ/မရှိကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ၂၀၁၉ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ကန်ကြီးကို သန့်ရှင်းသာယာလှပလာအောင် လောလောဆယ် ဦးစားပေးဆောင်ရွက်နေတာဖြစ်ပါတယ်။ လူထုကျန်းမာရေးအတွက် အထောက်အပံ့တစ်ရပ်အနေနဲ့ ကန်ဘောင်ပေါ်မှာ လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ နားနေတာတွေ လုပ်ဆောင်နိုင်အောင် ဆောင်ရွက်နပြေီဖြစ်ပြီး နောက်ပိုင်းမှာလည်း ကန်ကြီးသာယာလှပရေး၊ အချိန်တိုင်း ရေရှိနေစေရေးအတွက် မြို့လူထုနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက် သွားမှာပါ။ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေလည်း လာကြည့်သွားကြပြီး လိုအပ်တာဖြည့်ဆည်းပေးကြမှာပါ”ဟု မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီက ပြောသည်။
လက်ရှိတွင်လည်း အဆိုပါကန်အနီးရှိ ခြုံနွယ်များရှင်းလင်းခြင်းကို ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net