မျက်ခုံးဖြူမျောက်လွှဲကျော်များအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် မြေဧကပေါင်း(၃,၇၀၀)ကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်

မျက်ခုံးဖြူမျောက်လွှဲကျော်များအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် မြေဧကပေါင်း(၃,၇၀၀)ကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်
ဧပွီ 4, 2019
By Tachileik News Agency

မကွေးတိုင်းဒေသကြီး ၊ ငဖဲမြို့နယ် ၊အမ်းတောင်တန်းများဘေးရှိ မန်းကြိုးဝိုင်းတောတွင် ကမ္ဘာ့ရှားပါးမျိုး စိတ်စာရင်းဝင် မျက်ခုံးဖြူမျောက်လွှဲကျော်များ နေထိုင်ကျက်စားနေသည်ကိုတွေ့ရှိရသဖြင့် ထိန်းသိမ်း စောင့် ရှောက်နိုင်ရေးအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ဒေသခံပြည်သူများ၏ အကူအညီကိုရယူ၍ ပူး ပေါင်းဆောင်ရွက်နိုင်ရန် သစ်တောဦးစီး ဌာန(ရုံးချုပ်)သို့ တင်ပြထားကြောင် သိရသည်။

မျိုးတုန်းပျောက်ကွယ်လုမတတ်ဖြစ်နေပြီဖြစ်သော မျက်ခုံးဖြူမျောက်လွှဲကျော်များအပါအ၀င် ရှားပါတိရစ္ဆာန် များကို ထိန်းသိမ်းရန် နှင့် အသေးစိတ်စာရင်းကောက်ယူနိုင်ရန်အတွက် အဆိုပါဒေသရှိ မြေဧကပေါင်း (၃,၇၀၀)ကို သဘာဝထိန်းသိမ်းရေးနယ်မြေ(ကြိုးဝိုင်းတော)အဖြစ် ကန့်သတ်ထိန်းသိမ်းရန် တင်ပြထားပြီး  သစ်ထုတ်လုပ်မှုကိုလည်း တားမြစ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် မျက်ခုံးဖြူမျောက်လွှဲကျော်များကို ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်နယ်စပ် တောကြီးများနှင့် အမ်းတောင်တန်းတို့တွင် တွေ့ရှိရကြောင်း သိရပြီး ၊ သစ်တောဦးစီးဌာန၏မူအရ သာမာန်ကာကွယ်ထား သည့်တိရစ္ဆာန် နှင့် လုံးဝ ကာကွယ်ထားသည့်တိရစ္ဆာန်ဟူ၍ နှစ်မျိးရှိပြီး သာမာန်ကာကွယ်ထားသည့် တိရစ္ဆာန်များကို မျိုးပွားချိန်တွင်အမဲမပစ်ရန် ၊ လုံးဝ ကာကွယ်ထားသည့် တိရိစ္ဆာန်များကို လုံးဝအမဲမပစ်ရန် တားမြစ်ထားသည် ဆို၏။


နိုင်ငံတကာတွင် ရှားပါးတိရိစ္ဆာန်များကို စနစ်တကျထိန်းသိမ်းမွေးမြူ ၊ မျိုးပွားမှုများ လုပ်ဆောင်ကြသော် လည်း သစ်တောဦးစီးဌာန၌ ၀န်ထမ်းအင်အား နည်းပါးသောကြောင့် နိုင်ငံခြားသုတေသနပြုသူများနှင့် ပူး ပေါင်းဆောင်ရွက်နိုင်ခြင်းမှလွဲ၍ ထိန်းသိမ်းရေးရန်ပုံငွေ မရှိသဖြင့် ၊ ရှားပါးတိရိစ္ဆာန် နှင့် သစ်တောထိန်း သိမ်းရေး လုပ်ငန်းများကို ဒေသခံပြည်သူများ၏အကူအညီကိုရယူ၍ ပူးပေါင်းဆောင်ရွက်နေရကြောင်း သစ် တောဦးစီးဌာန မှ သိရှိရသည်။

သတင်း - ဖီးနစ်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊အမ်းတောင်တန်းများဘေးရှိ မန်းကြိုးဝိုင်းတောတွင် ကမာ္ဘ့ရှားပါးမျိုး စိတ်စာရင်းဝင် မျက်ခုံးဖြူမျောက်လွှဲကျော်များ နေထိုင်ကျက်စားနေသည်ကိုတွေ့ရှိရသဖြင့် ထိန်းသိမ်း စောင့် ရှောက်နိုင်ရေးအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ဒေသခံပြည်သူများ၏ အကူအညီကိုရယူ၍ ပူး ပေါင်းဆောင်ရွက်နိုင်ရန် သစ်တောဦးစီး ဌာန(ရုံးချုပ်)သို့ တင်ပြထားကြောင် သိရသည်။

မျိုးတုန်းပျောက်ကွယ်လုမတတ်ဖြစ်နပြေီဖြစ်သော မျက်ခုံးဖြူမျောက်လွှဲကျော်များအပါအဝင် ရှားပါတိရစာ္ဆန် များကို ထိန်းသိမ်းရန် နှင့် အသေးစိတ်စာရင်းကောက်ယူနိုင်ရန်အတွက် အဆိုပါဒေသရှိ မြေဧကပေါင်း (၃,၇၀၀)ကို သဘာဝထိန်းသိမ်းရေးနယ်မြေ(ကြိုးဝိုင်းတော)အဖြစ် ကန့်သတ်ထိန်းသိမ်းရန် တင်ပြထားပြီး သစ်ထုတ်လုပ်မှုကိုလည်း တားမြစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 “လောလောဆယ် မျက်ခုံးဖြူမျောက်တွေ အကောင်ရေ ဘယ်လောက်ရှိတယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ တပ်ဆင်ထားတဲ့ အော်တိုစောင့်ကြည့်ကင်မရာတွေမှာ တွေ့ရှိချက်အရ မျက်ခုံးဖြူမျောက် တွေရှိတယ်ဆိုတာကတော့ သေချာပါတယ်” ဟု မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွန်ကြားရေး မှူး ဦးမြင့်သိန်းခိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် မျက်ခုံးဖြူမျောက်လွှဲကျော်များကို ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်နယ်စပ် တောကြီးများနှင့် အမ်းတောင်တန်းတို့တွင် တွေ့ရှိရကြောင်း သိရပြီး၊ သစ်တောဦးစီးဌာန၏မူအရ သာမာန်ကာကွယ်ထား သည့်တိရစာ္ဆန် နှင့် လုံးဝ ကာကွယ်ထားသည့်တိရစာ္ဆန်ဟူ၍ နှစ်မျိးရှိပြီး သာမာန်ကာကွယ်ထားသည့် တိရစာ္ဆန်များကို မျိုးပွားချိန်တွင်အမဲမပစ်ရန်၊ လုံးဝ ကာကွယ်ထားသည့် တိရိစာ္ဆန်များကို လုံးဝအမဲမပစ်ရန် တားမြစ်ထားသည် ဆို၏။

“မျောက်လွှဲကျော်တွေ နေထိုင်ကျက်စားတဲ့နေရာအနီးမှာ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။ မျောက်လွှဲကျော်တွေရဲ့အသံဟာ မင်္ဂလာရှိတဲ့အသံလို့ တိုင်းရင်းသားတွေကယူဆပြီး အမဲလိုက်ရင် သူတို့ ကို ရှောင်ကြပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတကာတွင် ရှားပါးတိရိစ္ဆာန်များကို စနစ်တကျထိန်းသိမ်းမွေးမြူ၊ မျိုးပွားမှုများ လုပ်ဆောင်ကြသော် လည်း သစ်တောဦးစီးဌာန၌ ဝန်ထမ်းအင်အား နည်းပါးသောကြောင့် နိုင်ငံခြားသုတေသနပြုသူများနှင့် ပူး ပေါင်းဆောင်ရွက်နိုင်ခြင်းမှလွဲ၍ ထိန်းသိမ်းရေးရန်ပုံငွေ မရှိသဖြင့်၊ ရှားပါးတိရိစာ္ဆန် နှင့် သစ်တောထိန်း သိမ်းရေး လုပ်ငန်းများကို ဒေသခံပြည်သူများ၏အကူအညီကိုရယူ၍ ပူးပေါင်းဆောင်ရွက်နေရကြောင်း သစ် တောဦးစီးဌာန မှ သိရှိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net