ထုိင္းႏုိင္ငံ၏ ပုဂၢလိကေဆးရံုထက္ဝက္ေက်ာ္မွာ ေဆးႏွင့္ကုသစရိတ္မ်ားကို ပိုမိုေတာင္းခံေနသျဖင့္ ေစ်းႏႈန္းမ်ား ျပန္လည္ေလွ်ာ့ခ်ေပးရမည္

ထုိင္းႏုိင္ငံ၏ ပုဂၢလိကေဆးရံုထက္ဝက္ေက်ာ္မွာ ေဆးႏွင့္ကုသစရိတ္မ်ားကို ပိုမိုေတာင္းခံေနသျဖင့္ ေစ်းႏႈန္းမ်ား ျပန္လည္ေလွ်ာ့ခ်ေပးရမည္
ဧပြီ 6, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ ပုဂၢလိကေဆးရံုထက္ဝက္ေက်ာ္မွာ ေဆးႏွင့္ ကုသစရိတ္မ်ားကို ပိုမိုေတာင္းခံေနသျဖင့္ ေဆးရံုမ်ား၏ေငြေၾကးေတာင္းခံမႈမ်ားကို ျပန္လည္ျပင္ဆင္ရန္ ႀကီးၾကပ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

ေဆးႏွင့္ က်န္းမာေရးဆုိင္ရာဝန္ေဆာင္မႈမ်ားအတြက္ ကုန္က်စရိတ္ဆုိင္ရာအခ်က္အလက္မ်ားကို အခ်က္အလက္မ်ားစစ္ေဆးေရးအလုပ္အဖြဲ႕ထံတင္ျပေစရာ ႏိုင္ငံအတြင္း ပုဂၢလိကေဆးရံုေပါင္း (၃၅၃)ခုအနက္ (၂၉၅)ခုက အခ်က္အလက္မ်ားကို တင္ျပထားသည္ကို  စစ္ေဆးသည့္အဖြဲ႕ဥကၠဌျဖစ္သူ  ျပည္တြင္းကုန္သြယ္ေရးဌာန၏ တာဝန္ရိွသူက ယင္းကဲ့သို႔ထုတ္ေဖၚေျပာဆိုလိုက္ျခင္းျဖစ္သည္။

ပုဂၢလိကေဆးရံုမ်ားအေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၄)ရက္ေန႔ေနာက္ဆံုးထား၍ အခ်က္အလက္မ်ားတင္ျပရန္ အစိုးရက ေတာင္းဆိုထားျခင္းျဖစ္ၿပီး လက္ရိွတြင္ အခ်က္အလက္တင္ျပန္ရန္ ေဆးရံု(၅၈)ခု က်န္ေနဆဲျဖစ္ကာ အမ်ားစုမွာ ေဆးရံုငယ္မ်ားျဖစ္ေၾကာင္း သိရသည္။

ေဆးရံုမ်ားအေနျဖင့္ ယင္းကဲ့သုိ႔အခ်က္အလက္မ်ား တင္ျပျခင္းမျပဳပါက ေထာင္ဒဏ္ (၃)လ သို႔မဟုတ္ ဒဏ္ေငြဘတ္ (၅၀၀၀) သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လံုးက်ခံရႏုိင္ေၾကာင္း သိရသည္။

အခ်က္အလက္မ်ားစစ္ေဆးေရးအလုပ္အဖြဲ႕အေနျဖင့္ ပုဂၢလိကေဆးရံုမ်ား၏ ေဆးႏွင့္ ကုသစရိတ္မ်ား ေတာင္းခံမႈႏွင့္ပတ္သက္၍ ၾကပ္မတ္သြားမည္ျဖစ္ၿပီး ေစ်းႏႈန္းေလွ်ာ့ခ်ရန္ မလုိက္နာသည့္ေဆးရံုမ်ားရိွပါက အဆိုပါေဆးရံုမ်ားတြင္ ကုသမႈခံယူေနသည့္လူနာမ်ား သို႔မဟုတ္ ကုန္က်စရိတ္မ်ားျပားစြာကုန္က်ခဲ့သျဖင့္ တုိင္ၾကားလိုသူမ်ားထံမွ အေထာက္အထားမ်ားျဖင့္ ဥပေဒအရ အေရးယူႏိုင္ရန္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

Ref:Bangkokpost

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံ၏ ပုဂ္ဂလိကဆေးရုံထက်ဝက်ကျော်မှာ ဆေးနှင့်ကုသစရိတ်များကို ပိုမိုတောင်းခံနေသဖြင့် ဈေးနှုန်းများ ပြန်လည်လျှော့ချပေးရမည်
**********
ထိုင်းနိုင်ငံတွင် ပုဂ္ဂလိကဆေးရုံထက်ဝက်ကျော်မှာ ဆေးနှင့် ကုသစရိတ်များကို ပိုမိုတောင်းခံနေသဖြင့် ဆေးရုံများ၏ငွေကြေးတောင်းခံမှုများကို ပြန်လည်ပြင်ဆင်ရန် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဆေးနှင့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်ဆိုင်ရာအချက်အလက်များကို အချက်အလက်များစစ်ဆေးရေးအလုပ်အဖွဲ့ထံတင်ပြစေရာ နိုင်ငံအတွင်း ပုဂ္ဂလိကဆေးရုံပေါင်း (၃၅၃)ခုအနက် (၂၉၅)ခုက အချက်အလက်များကို တင်ပြထားသည်ကို  စစ်ဆေးသည့်အဖွဲ့ဥက္ကဌဖြစ်သူ  ပြည်တွင်းကုန်သွယ်ရေးဌာန၏ တာဝန်ရှိသူက ယင်းကဲ့သို့ထုတ်ဖေါ်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပုဂ္ဂလိကဆေးရုံများအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့နောက်ဆုံးထား၍ အချက်အလက်များတင်ပြရန် အစိုးရက တောင်းဆိုထားခြင်းဖြစ်ပြီး လက်ရှိတွင် အချက်အလက်တင်ပြန်ရန် ဆေးရုံ(၅၈)ခု ကျန်နေဆဲဖြစ်ကာ အများစုမှာ ဆေးရုံငယ်များဖြစ်ကြောင်း သိရသည်။

ဆေးရုံများအနေဖြင့် ယင်းကဲ့သို့အချက်အလက်များ တင်ပြခြင်းမပြုပါက ထောင်ဒဏ် (၃)လ သို့မဟုတ် ဒဏ်ငွေဘတ် (၅၀၀၀) သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကျခံရနိုင်ကြောင်း သိရသည်။

အချက်အလက်များစစ်ဆေးရေးအလုပ်အဖွဲ့အနေဖြင့် ပုဂ္ဂလိကဆေးရုံများ၏ ဆေးနှင့် ကုသစရိတ်များ တောင်းခံမှုနှင့်ပတ်သက်၍ ကြပ်မတ်သွားမည်ဖြစ်ပြီး ဈေးနှုန်းလျှော့ချရန် မလိုက်နာသည့်ဆေးရုံများရှိပါက အဆိုပါဆေးရုံများတွင် ကုသမှုခံယူနေသည့်လူနာများ သို့မဟုတ် ကုန်ကျစရိတ်များပြားစွာကုန်ကျခဲ့သဖြင့် တိုင်ကြားလိုသူများထံမှ အထောက်အထားများဖြင့် ဥပဒေအရ အရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref:Bangkokpost

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net