မကွေးမြို့ ကန်သာဈေးတွင် တာရှည်ခံဆေးသုံးထားသည့် ခေါက်ဆွဲခြောက်နှင့် အသားတု (၂)မျိုး စစ်ဆေးတွေ့ရှိ
မကွေးမြို့ ကန်သာဈေးတွင် တာရှည်ခံဆေးသုံးထားသည့် ခေါက်ဆွဲခြောက်နှင့် အသားတု (၂)မျိုး စစ်ဆေးတွေ့ရှိ
ဧပွီ 25, 2019
By 🌸
မကွေးမြို့ ကန်သာဈေးတွင် စားသောက်ကုန်များကို ရှောင်တခင်စစ်ဆေးရာ တာရှည်ခံဆေးသုံးထားသည့် ခေါက်ဆွဲခြောက်နှင့် အသားတု(၂)မျိုးကိုတွေ့ရသဖြင့် ခေါက်ဆွဲခြောက်စက်ရုံအား ဆက်လက်စစ်ဆေးရန်နှင့် အသားတုများတင်သွင်းသူများကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ဈေးကော်မတီနှင့် စည်ပင်သာယာရေးကော်မတီတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် ရှောင်တခင်စစ်ဆေးရာ အသားတု(၂)မျိုးနှင့် ခေါက်ဆွဲခြောက်တစ်မျိုးတွင် (BORAX) တာရှည်ခံဆေးများ သုံးစွဲထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဈေးအတွင်းမှ စားသောက်ကုန် (၁၈)မျိုးကို ဝယ်ယူ၍ အဆိုပါ အစားအသောက်များတွင် အန္တရာယ်ရှိသည့် ပစ္စည်းများ ပါ၊ မပါနှင့် ဆိုးဆေးများ၊ တာရှည်ခံဆေးများ သုံးထားခြင်းရှိ၊ မရှိ ကို ရွေ့လျားဓာတ်ခွဲခန်းယာဉ်ဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။
မကွေးမြို့တွင် ဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်နေရာ ယခင်စစ်ဆေးမှုများအတွင်း မြို့မဈေးနှင့် ရန်ပယ်ဈေးတို့မှ အသားတုနှင့် ကွမ်းသီးတို့တွင် ခွင့်မပြုဓာတုဆိုးဆေးများပါဝင်ကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
သတင်း၊ဓာတ်ပုံ #ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးမြို့ ကန်သာစျေးတွင် စားသုံးရန်မသင့် ခေါက်ဆွဲခြောက်နှင့် အသားတု (၂)မျိုး စစ်ဆေးတွေ့ရှိ
************
မကွေးမြို့ ကန်သာစျေးတွင် စားသောက်ကုန်များကို ရှောင်တခင်စစ်ဆေးရာ တာရှည်ခံဆေးသုံးထားသည့် ခေါက်ဆွဲခြောက်နှင့် အသားတု(၂)မျိုးကိုတွေ့ရသဖြင့် ခေါက်ဆွဲခြောက်စက်ရုံအား ဆက်လက်စစ်ဆေးရန်နှင့် အသားတုများတင်သွင်းသူများကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ စားသုံးသူ ရေးရာဦးစီးဌာန၊ စျေးကော်မတီနှင့် စည်ပင်သာယာရေးကော်မတီတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် ရှောင်တခင်စစ်ဆေးရာ အသားတု(၂)မျိုးနှင့် ခေါက်ဆွဲခြောက်တစ်မျိုးတွင် (BORAX) တာရှည်ခံဆေးများ သုံးစွဲထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
“ခေါက်ဆွဲခြောက်က လပ်ကီးတံဆိပ်နဲ့ပါ။ အဲဒီပစ္စည်းတွေကို စျေးကော်မတီရှေ့မှောက်မှာ သိမ်းဆည်း ဖျက်ဆီး ပြီး ဆက်လက်ရောင်းချခြင်းမပြုဖို့ ခံဝန်ကတိထိုးစေခဲ့ပါတယ်။ ခေါက်ဆွဲခြောက်က တံဆိပ်ပါတဲ့အတွက် ထုတ်လုပ်တဲ့စက်ရုံကို ချိတ်ဆက်ပြီးတော့ စက်ရုံက ခေါက်ဆွဲခြောက်တွေကို စစ်ဆေးဖို့ ဆက်လက်ဆောင်ရွက်နေတယ်။ အသားတုက တံဆိပ်မပါပေမဲ့ ရောင်းချသူတွေရဲ့ ပြောပြချက်အရ ရန်ကုန်နဲ့ အိန္ဒိယက တိုက်ရိုက်ဝင်တာတွေဆိုတာသိရလို့ သတင်းထောက်လှမ်းရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ တိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စျေးအတွင်းမှ စားသောက်ကုန် (၁၈)မျိုးကို ဝယ်ယူ၍ အဆိုပါ အစားအသောက်များတွင် အန္တရာယ်ရှိသည့် ပစ္စည်းများ ပါ၊ မပါနှင့် ဆိုးဆေးများ၊ တာရှည်ခံဆေးများ သုံးထားခြင်းရှိ၊ မရှိ ကို ရွေ့လျားဓာတ်ခွဲခန်းယာဉ်ဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့က အမျိုးသားကျန်းမာရေးကို စောင့်ရှောက်ရမှာပဲလေ။ ပြည်သူတွေမှာ ဖြစ်သလိုဝယ်၊ ဖြစ်သလိုစား၊ ဖြစ်သလိုသုံးနေကြရတာ ကြာခဲ့ပြီ။ အမျိုးသားကျန်းမာရေးအဆင့်က ကမ္ဘာမှာ အတော်လေးနိမ့်တဲ့အဆင့်ဆိုတော့ အခုလို ပြည်သူလူထုနဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး အမျိုးသားကျန်းမာရေးကို စောင့်ရှောက်တဲ့ လုပ်ဆောင်ချက်အပေါ် အားရကျေနပ်မိပါတယ်” ဟု မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီက ပြောသည်။
မကွေးမြို့တွင် ဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်နေရာ ယခင်စစ်ဆေးမှုများအတွင်း မြို့မစျေးနှင့် ရန်ပယ်စျေးတို့မှ အသားတုနှင့် ကွမ်းသီးတို့တွင် ခွင့်မပြုဓာတုဆိုးဆေးများပါဝင်ကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
သတင်း၊ဓာတ်ပုံ #ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net