အုိင္ဗရီကို႔စ္ႏုိင္ငံတြင္ ျမန္မာ့ဆန္မ်ား ဖ်က္ဆီးခံရမႈႏွင့္ပတ္သက္၍ သက္ဆုိင္ရာအဖြဲ႕အစည္းမ်ားပါဝင္သည့္ အစည္းအေဝးက်င္းပ၍ ျဖစ္ရပ္မွန္ဆန္းစစ္မည္

အုိင္ဗရီကို႔စ္ႏုိင္ငံတြင္ ျမန္မာ့ဆန္မ်ား ဖ်က္ဆီးခံရမႈႏွင့္ပတ္သက္၍ သက္ဆုိင္ရာအဖြဲ႕အစည္းမ်ားပါဝင္သည့္ အစည္းအေဝးက်င္းပ၍ ျဖစ္ရပ္မွန္ဆန္းစစ္မည္
ဧပြီ 19, 2019
By Tachileik News Agency
အုိင္ဗရီကို႔စ္ႏုိင္ငံတြင္ ျမန္မာ့ဆန္မ်ား စားသံုးရန္မသင့္ဟုဆိုကာ ဖ်က္ဆီးခံရမႈႏွင့္ပတ္သက္၍ ျမန္မာနိုင္ငံ ဆန္စပါးအဖြဲ့ခ်ုပ္(MRF)၊ ဆန္တင္ပို့သူမ်ားႏွင့္ သက္ဆုိင္ရာအဖြဲ႕အစည္းမ်ားပါဝင္သည့္ အစည္းအေဝးတစ္ခု မၾကာမီျပဳလုပ္သြားရန္ရိွေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေအာင္ထူးထံမွ သိရသည္။

အိုင္ဗရီကို႔စ္နုိင္ငံတြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၇)ရက္ေန႔က စားသံုးရန္မသင့္ဟုဆိုကာ ဖ်က္ဆီးလိုက္သည့္ ျမန္မာ့ဆန္တန္ခ်ိန္ (၁၈,ဝဝဝ)မွာ ျမန္မာကုမၸဏီ(၃)ခုက ေရာင္းခ်ထားျခင္းျဖစ္ၿပီး ရန္ကုန္အေျခစိုက္ စကၤာပူကုမၸဏီတစ္ခုက အာဖရိကႏုိင္ငံ ဂီနီသို႔ တင္ပို႔စဥ္ ကီလိုမျပည့္၍ လက္မခံသျဖင့္ ျမန္မာႏုိင္ငံသို႔ ျပန္လည္တင္ပို႔ခြင့္ေပးထားသည့္ ဆန္မ်ားျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေအာင္ထူးထံမွ သိရသည္။

“ျဖစ္ရပ္အမွန္ကို ဆန္းစစ္မယ္။ ဘယ္သူရဲ့ အားနည္းခ်က္လဲ၊ သက္ဆိုင္ရာတင္ပို့တဲ့ ကုမၸဏီေတြလား၊ ပြဲစားလုပ္တဲ့ ကုမၸဏီလား၊ Inspection Agency ေတြလား၊ စီးပြားကူးသန္းအေနနဲ့က ဘာလုပ္ေပးနိုင္မလဲ။ ဒီျဖစ္ရပ္ဟာ ျမန္မာနိုင္ငံဆန္တင္ပို့သူမ်ားအတြက္ Wake-up Call ပဲ ျဖစ္ပါတယ္။ ဆန္တင္ပို့မႈ တစ္ခုလုံးကို ျပန္လည္ဆန္းစစ္ရမယ့္ အခ်ိန္က်လုိ့ေနပါၿပီ”ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေအာင္ထူးက ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၉)ရက္ေန႔တြင္ ထုတ္ေဖၚေျပာထားထားသည္။

အဆိုပါ ဆန္မ်ားမွာ ျမန္မာနိုင္ငံက ကုမၸဏီ(၃)ခုျဖစ္သည့္ ေရွြဝါေရာင္ကုမၸဏီက မက္ထရစ္ တန္ (၁၃၅၀၀) ၊ MEC ( မွ မက္ထရစ္တန္ (၈၀၀၀)ႏွင့္ ဧရာဟသၤာကုမၸဏီမွ မက္ထရစ္တန္ (၅၀၀)ကို ရန္ကုန္အေျခစိုက္ စင္ကာပူကုမၸဏီတစ္ခုျဖစ္သည့္ Olam International Co. Ltd. က ဝယ္ယူကာ အာဖရိကတိုက္ရိွ ဂီနီႏုိင္ငံသို႔ တင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မေရာင္းရသည့္ဆန္မ်ားအား ျမန္မာသို႔ျပန္သယ္ရန္ ကုမၸဏီက ခြင့္ေတာင္းသည္ကို ျမန္မာတာဝန္ရိွသူတုိ႔က ခြင့္ျပဳခဲ့ေသာ္လည္း သေဘၤာျပန္ဝင္လာျခင္းမရိွဘဲ ကုမၸဏီက အာဖရိကႏုိင္ငံမ်ားတြင္ ေရာင္းခ်ႏုိင္လုိက္ေၾကာင္း သိရၿပီးေနာက္ အုိင္ဗရီကို႔စ္ႏုိင္ငံတြင္ အရည္အေသြးမမီသည့္ ျမန္မာ့ဆန္မ်ား ဖ်က္ဆီးခံရသည့္သတင္း ထြက္ေပၚလာျခင္းျဖစ္ေၾကာင္း သိရသည္။

“ သေဘၤာက ျမန္မာျပည္ျပန္လာဖို႔ ေဒါက္တင္ျပင္ဆင္မွျဖစ္မယ္ဆိုၿပီး အိုင္ဗရီကို႔စ္ဆိပ္ကမ္းကို ကပ္ခဲ့တယ္လို႔ ဆုိပါတယ္။ သေဘၤာမွာ ဆန္ေတြပါေတာ့ ဆိပ္ကမ္းက ဆန္ေတြခ်ခြင့္ျပဳခဲ့ပါတယ္။ ဆန္ေတြက ျမန္မာနိုင္ငံမွာ သေဘၤာတင္ခ်ိန္နဲ႔ သေဘၤာေပၚမွာ ေရေငြ႕ဝင္ခဲ့ပံုရပါတယ္။ သေဘၤာေပၚမွာ (၈)လေက်ာ္ၾကာသြားတယ္။ ဒီေတာ့သေဘၤာက ခ်ခ်ိန္မွာ ဆန္ပ်က္ျဖစ္ေနပံုရပါတယ္။ ဒါေၾကာင့္ သက္ဆုိင္ရာ အာဏာပိုင္ေတြက ဖ်က္ဆီးခဲ့ပံုပဲ”ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေအာင္ထူးက ေျပာသည္။

ျမန္မာႏုိင္ငံသည္ ကမၻာ့ဆန္ေစ်းကြက္တြင္ ၂၀၁၈ ခုႏွစ္အတြင္း ပဥၥမေျမာက္အမ်ားဆံုးတင္ပို႔သည့္ႏုိင္ငံအျဖစ္ ေစ်းကြက္ရခဲ့ျခင္းျဖစ္ၿပီး ထိပ္တန္းဆန္တင္ပို႔သည့္ႏိုင္ငံျဖစ္ေစရန္ စိုက္ပ်ိဳးသူ၊ သိုေလွာင္ႀကိတ္ခြဲသူ၊ ကုန္သည္မ်ား၊ ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္၊ ျပည္ပတင္ပို႔သည့္ ကုမၸဏီမ်ား၊ တစ္ဆင့္ခံေရာင္းဝယ္သူမ်ား၊ ျမန္မာႏုိင္ငံ ကုန္သည္ႏွင့္ စက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္၊ သက္ဆုိင္ရာဝန္ႀကီးဌာနမ်ား တက္ညီလက္ညီ ပူးေပါင္းအေျဖရွာသင့္သည္ဟု ဒုတိယဝန္ႀကီးက တုိက္တြန္းထားသည္။

Tachileik News Agency
Photo: AFP


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အိုင်ဗရီကို့စ်နိုင်ငံတွင် မြန်မာ့ဆန်များ စားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်(MRF)၊ ဆန်တင်ပို့သူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပါဝင်သည့် အစည်းအဝေးတစ်ခု မကြာမီပြုလုပ်သွားရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးထံမှ သိရသည်။

အိုင်ဗရီကို့စ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့က စားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီးလိုက်သည့် မြန်မာ့ဆန်တန်ချိန် (၁၈,ဝဝဝ)မှာ မြန်မာကုမ္ပဏီ(၃)ခုက ရောင်းချထားခြင်းဖြစ်ပြီး ရန်ကုန်အခြေစိုက် စင်္ကာပူကုမ္ပဏီတစ်ခုက အာဖရိကနိုင်ငံ ဂီနီသို့ တင်ပို့စဉ် ကီလိုမပြည့်၍ လက်မခံသဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်တင်ပို့ခွင့်ပေးထားသည့် ဆန်များဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးထံမှ သိရသည်။

“ဖြစ်ရပ်အမှန်ကို ဆန်းစစ်မယ်။ ဘယ်သူရဲ့ အားနည်းချက်လဲ၊ သက်ဆိုင်ရာတင်ပို့တဲ့ ကုမ္ပဏီတွေလား၊ ပွဲစားလုပ်တဲ့ ကုမ္ပဏီလား၊ Inspection Agency တွေလား၊ စီးပွားကူးသန်းအနေနဲ့က ဘာလုပ်ပေးနိုင်မလဲ။ ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံဆန်တင်ပို့သူများအတွက် Wake-up Call ပဲ ဖြစ်ပါတယ်။ ဆန်တင်ပို့မှု တစ်ခုလုံးကို ပြန်လည်ဆန်းစစ်ရမယ့် အချိန်ကျလို့နေပါပြီ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့တွင် ထုတ်ဖော်ပြောထားထားသည်။

အဆိုပါ ဆန်များမှာ မြန်မာနိုင်ငံက ကုမ္ပဏီ(၃)ခုဖြစ်သည့် ရွှေဝါရောင်ကုမ္ပဏီက မက်ထရစ် တန် (၁၃၅၀၀)၊ MEC ( မှ မက်ထရစ်တန် (၈၀၀၀)နှင့် ဧရာဟင်္သာကုမ္ပဏီမှ မက်ထရစ်တန် (၅၀၀)ကို ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပဏီတစ်ခုဖြစ်သည့် Olam International Co. Ltd. က ဝယ်ယူကာ အာဖရိကတိုက်ရှိ ဂီနီနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မရောင်းရသည့်ဆန်များအား မြန်မာသို့ပြန်သယ်ရန် ကုမ္ပဏီက ခွင့်တောင်းသည်ကို မြန်မာတာဝန်ရှိသူတို့က ခွင့်ပြုခဲ့သော်လည်း သင်္ဘောပြန်ဝင်လာခြင်းမရှိဘဲ ကုမ္ပဏီက အာဖရိကနိုင်ငံများတွင် ရောင်းချနိုင်လိုက်ကြောင်း သိရပြီးနောက် အိုင်ဗရီကို့စ်နိုင်ငံတွင် အရည်အသွေးမမီသည့် မြန်မာ့ဆန်များ ဖျက်ဆီးခံရသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

“ သင်္ဘောက မြန်မာပြည်ပြန်လာဖို့ ဒေါက်တင်ပြင်ဆင်မှဖြစ်မယ်ဆိုပြီး အိုင်ဗရီကို့စ်ဆိပ်ကမ်းကို ကပ်ခဲ့တယ်လို့ ဆိုပါတယ်။ သင်္ဘောမှာ ဆန်တွေပါတော့ ဆိပ်ကမ်းက ဆန်တွေချခွင့်ပြုခဲ့ပါတယ်။ ဆန်တွေက မြန်မာနိုင်ငံမှာ သင်္ဘောတင်ချိန်နဲ့ သင်္ဘောပေါ်မှာ ရေငွေ့ဝင်ခဲ့ပုံရပါတယ်။ သင်္ဘောပေါ်မှာ (၈)လကျော်ကြာသွားတယ်။ ဒီတော့သင်္ဘောက ချချိန်မှာ ဆန်ပျက်ဖြစ်နေပုံရပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေက ဖျက်ဆီးခဲ့ပုံပဲ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်ဈေးကွက်တွင် ၂၀၁၈ ခုနှစ်အတွင်း ပဉ္စမမြောက်အများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ဈေးကွက်ရခဲ့ခြင်းဖြစ်ပြီး ထိပ်တန်းဆန်တင်ပို့သည့်နိုင်ငံဖြစ်စေရန် စိုက်ပျိုးသူ၊ သိုလှောင်ကြိတ်ခွဲသူ၊ ကုန်သည်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပြည်ပတင်ပို့သည့် ကုမ္ပဏီများ၊ တစ်ဆင့်ခံရောင်းဝယ်သူများ၊ မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ တက်ညီလက်ညီ ပူးပေါင်းအဖြေရှာသင့်သည်ဟု ဒုတိယဝန်ကြီးက တိုက်တွန်းထားသည်။

Tachileik News Agency
Photo: AFP

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net