တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေလေဘးသင့္ ဘာသာေရးအေဆာက္အဦးမ်ားအပါအဝင္ အိမ္ေျခ (၃၇) လံုးအတြက္ ေထာက္ပံ့ေငြေပးအပ္

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေလေဘးသင့္ ဘာသာေရးအေဆာက္အဦးမ်ားအပါအဝင္ အိမ္ေျခ (၃၇) လံုးအတြက္ ေထာက္ပံ့ေငြေပးအပ္
ဧပြီ 27, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၃) ရက္ေန႔ ညေနပိုင္းက ေလျပင္းတိုက္ခတ္မႈႏွင့္ မိုးသီးေၾကြက်မႈေၾကာင့္ အမိုးလန္သြားသည့္ ဘာသာေရးအေဆာက္အဦး (၂) လံုးအပါအဝင္ အမိုးလန္ပ်က္စီး၊ ၿပိဳက်သြားသည့္ အိမ္ေျခ (၃၇) လံုးအတြက္ ဧၿပီလ (၂၇) ရက္ေန႔ နံနက္ပိုင္းတြင္ ေထာက္ပံ့ေငြေပးအပ္သည္။

 "လူလုပ္တာမဟုတ္ဘဲနဲ႔ သဘာ၀ေဘးအႏၱရာယ္ျဖစ္တာ ျဖစ္တဲ့အတြက္ ျဖစ္လာၿပီဆိုရင္ ႏိုင္ငံေတာ္ကေနၿပီးေတာ့မွ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ ေပးေနတာရိွပါတယ္။ ဆံုးရံူးမႈအတိုင္းအတာ ပမာဏအျပည့္အဝေပးခ်င္မွလည္း ေပးႏိုင္မယ္။ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ျဖစ္တဲ့ ႏိုင္ငံေတာ္က ၾကည့္ရႈေစာင့္ေရွာက္ေပးတာ ျဖစ္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေလေဘးသင့္အိမ္ေထာင္စုမ်ားအား သဘာဝေဘးစီမံခန္႔ခြဲေရးေကာ္မတီက ေထာက္ပံ့ေငြႏွင့္အတူ အိမ္ေထာင္စုသံုးပစၥည္း (၁၆) မ်ိဳးပါသည့္ပံုး(၁)ပံုးဆီကို လြယ္ေတာ္ခမ္းအုပ္ခ်ဳပ္ေရးမွဴရံုးခန္း၌ ေပးအပ္ျခင္းျဖစ္သည္။

တာခ်ီလိတ္ခရိုင္အတြင္းမွ ေလျပင္းႏွင့္မိုးသီးက်သည့္ဒဏ္ေၾကာင့္ ပ်က္စီးခဲ့သည့္ ဘာသာေရးအေဆာက္အဦး (၂) လံုးႏွင့္ အမိုးလန္အိမ္ေျခ (၁၃) လံုးအတြက္ တစ္အိမ္လွ်င္ အိမ္ေဆာက္ပစၥည္းဖိုးေထာက္ပံ့ေငြ က်ပ္ တစ္သိန္းႏႈန္း၊ ၿပိဳလဲသြားသည့္ အိမ္ေျခ (၂၂) လံုးအတြက္ အိမ္ေဆာက္ပစၥည္းဖိုးေထာက္ပံ့ေငြ က်ပ္တစ္သိန္းႏွင့္ အိမ္ေထာင္စုသံုးပစၥည္း (၁၆) မ်ိဳးပါ ပံုးတစ္ပံုးစီကို ေထာက္ပ့ံေပးအပ္ခဲ့ျခင္းျဖစ္သည္။ 

"လူကယ္ျပန္ဝန္ႀကီးဌာနအေနနဲ႔ ေဘးအႏၱရာယ္ေတြျဖစ္လာလို႔ရိွရင္ သဘာဝေဘးေၾကာင့္ပဲျဖစ္ျဖစ္၊ လူမႈေရးပဋိပကၡေၾကာင့္ပဲျဖစ္ျဖစ္ ႀကံဳေတြ႕ခံစားရတဲ့ျပည္သူေတြကို ကယ္ဆယ္ေရးပစၥည္းေတြ ေထာက္ပ့ံေပးတယ္။ ကယ္ဆယ္ေရးရန္ပံုေငြေတြ ေထာက္ပံ့ေပးေလ့ရိွပါတယ္။ ေထြအုပ္ကေနတက္လာတဲ့ စာရင္းဇယားေတြကိုၾကည့္ၿပီးေတာ့ အတည္ျပဳၿပီးေတာ့ ေထာက္ပံ့ေပးေလ့ရိွပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနမွ ဒုတိယဦးစီးမွဴး ေဒၚနန္းေမႊးေမႊးခင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။ 
၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၃) ရက္ေန႔ ညေန (၅) နာရီခန္႔တြင္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေလျပင္းတိုက္ခတ္မႈႏွင့္ မိုးသီးေၾကြက်မႈေၾကာင့္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုရိွ စန္းလု(အထက္)ရြာ၊ ေဂ်ာပရြာ၊ ေဟြဟုန္ရြာ၊ ဖတ္ဟိ(အထက္)ရြာႏွင့္ ပါသားရြာတို႔တြင္ ထရံကာ/ သက္ကယ္မိုး၊ ထရံကာ/သြပ္မိုးအိမ္ (၂၄) လံုးၿပိဳက်ခဲ့သည့္အျပင္ မူလြန္ေက်ာင္းတစ္က်ာင္းအပါအဝင္ လူေနအိမ္မ်ား အမိုးလန္ပ်က္စီးခဲ့ၿပီး ဝမ္ေကာင္းရပ္ကြက္၊ ပုန္းထြန္ရပ္ကြက္၊ မကာဟိုခမ္းရပ္ကြက္ႏွင့္ မိုင္းဖုန္း(က) ေက်းရြာအုပ္စုတို႔တြင္လည္း ဘုန္းႀကီးေက်ာင္း (၁) ေက်ာင္းႏွင့္ လူေနအိမ္မ်ားမွ သြပ္မိုးမ်ား၊ အုတ္ၾကြပ္မိုးမ်ား ကြာက်ခဲ့ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု #ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ်အတွင်း လေဘေးသင့် ဘာသာရေးအဆောက်အဦးများအပါအဝင် အိမ်ခြေ (၃၇) လုံးအတွက် ထောက်ပံ့ငွေပေးအပ်
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် အမိုးလန်သွားသည့် ဘာသာရေးအဆောက်အဦး (၂) လုံးအပါအဝင် အမိုးလန်ပျက်စီး၊ ပြိုကျသွားသည့် အိမ်ခြေ (၃၇) လုံးအတွက် ဧပြီလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် ထောက်ပံ့ငွေပေးအပ်သည်။

 "လူလုပ်တာမဟုတ်ဘဲနဲ့ သဘာဝဘေးအန္တရာယ်ဖြစ်တာ ဖြစ်တဲ့အတွက် ဖြစ်လာပြီဆိုရင် နိုင်ငံတော်ကနေပြီးတော့မှ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေးနေတာရှိပါတယ်။ ဆုံးရူံးမှုအတိုင်းအတာ ပမာဏအပြည့်အဝပေးချင်မှလည်း ပေးနိုင်မယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်တဲ့ နိုင်ငံတော်က ကြည့်ရှုစောင့်ရှောက်ပေးတာ ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လေဘေးသင့်အိမ်ထောင်စုများအား သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီက ထောက်ပံ့ငွေနှင့်အတူ အိမ်ထောင်စုသုံးပစ္စည်း (၁၆) မျိုးပါသည့်ပုံး(၁)ပုံးဆီကို လွယ်တော်ခမ်းအုပ်ချုပ်ရေးမှူရုံးခန်း၌ ပေးအပ်ခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်အတွင်းမှ လေပြင်းနှင့်မိုးသီးကျသည့်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘာသာရေးအဆောက်အဦး (၂) လုံးနှင့် အမိုးလန်အိမ်ခြေ (၁၃) လုံးအတွက် တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ် တစ်သိန်းနှုန်း၊ ပြိုလဲသွားသည့် အိမ်ခြေ (၂၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ်တစ်သိန်းနှင့် အိမ်ထောင်စုသုံးပစ္စည်း (၁၆) မျိုးပါ ပုံးတစ်ပုံးစီကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

"လူကယ်ပြန်ဝန်ကြီးဌာနအနေနဲ့ ဘေးအန္တရာယ်တွေဖြစ်လာလို့ရှိရင် သဘာဝဘေးကြောင့်ပဲဖြစ်ဖြစ်၊ လူမှုရေးပဋိပက္ခကြောင့်ပဲဖြစ်ဖြစ် ကြုံတွေ့ခံစားရတဲ့ပြည်သူတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးတယ်။ ကယ်ဆယ်ရေးရန်ပုံငွေတွေ ထောက်ပံ့ပေးလေ့ရှိပါတယ်။ ထွေအုပ်ကနေတက်လာတဲ့ စာရင်းဇယားတွေကိုကြည့်ပြီးတော့ အတည်ပြုပြီးတော့ ထောက်ပံ့ပေးလေ့ရှိပါတယ်"ဟု တာချီလိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းမွှေးမွှေးခင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့ ညနေ (၅) နာရီခန့်တွင် တာချီလိတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ စန်းလု(အထက်)ရွာ၊ ဂျောပရွာ၊ ဟွေဟုန်ရွာ၊ ဖတ်ဟိ(အထက်)ရွာနှင့် ပါသားရွာတို့တွင် ထရံကာ/ သက်ကယ်မိုး၊ ထရံကာ/သွပ်မိုးအိမ် (၂၄) လုံးပြိုကျခဲ့သည့်အပြင် မူလွန်ကျောင်းတစ်ကျာင်းအပါအဝင် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ပြီး ဝမ်ကောင်းရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်နှင့် မိုင်းဖုန်း(က) ကျေးရွာအုပ်စုတို့တွင်လည်း ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် လူနေအိမ်များမှ သွပ်မိုးများ၊ အုတ်ကြွပ်မိုးများ ကွာကျခဲ့ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net