မူးယစ္ေဆးေရာင္းဝယ္မႈႏွင့္ ဆက္စပ္သည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေဟာင္းကို ဖမ္းဆီးၿပီး ဘတ္သန္း (၁၀၀)ေက်ာ္တန္ဖိုးရိွ ပိုင္ဆုိင္မႈမ်ား ထိန္းသိမ္းထား

မူးယစ္ေဆးေရာင္းဝယ္မႈႏွင့္ ဆက္စပ္သည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေဟာင္းကို ဖမ္းဆီးၿပီး ဘတ္သန္း (၁၀၀)ေက်ာ္တန္ဖိုးရိွ ပိုင္ဆုိင္မႈမ်ား ထိန္းသိမ္းထား
ဧပြီ 8, 2019
By 🌸
မူးယစ္ေဆးဝါးေရာင္းဝယ္ေဖါက္ကားမႈႏွင့္ ဆက္စပ္သည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေဟာင္းတစ္ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးလုိက္ၿပီးေနာက္ ၎၏ ဘတ္သန္း (၁၀၀)ေက်ာ္တန္ဖိုးရိွ ပိုင္ဆုိင္မႈမ်ားကို သိမ္းဆည္းလုိက္ေၾကာင္း သိရသည္။


ထုိင္းႏုိင္ငံ၊ ဆူရတ္ဌာနီမွ စိတ္ၾကြေဆးျပားမ်ားေရာင္းဝယ္ေဖါက္ကားမႈႏွင့္ ဆက္စပ္ဖြယ္ရိွသည္ဟု ယူဆရသည့္ အသက္ (၄၅)ႏွစ္အရြယ္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေဟာင္း Worawut Rattanaphumthanaul ၏ေနအိမ္အား ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆးဝါးမ်ားကို မေတြ႔ရဘဲ ေသနတ္(၂)လက္ကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

သံသရိွသည့္ မူးယစ္မႈအား စစ္ေဆးေနစဥ္ကာလအတြင္း မူးယစ္ေဆးဝါးတရားမဝင္ေရာင္းဝယ္မႈမွ ရရိွသည့္ပိုင္ဆုိင္မႈမ်ားဟု ယူဆရသည့္ ၎၏ေနအိမ္ႏွင့္ ေနအိမ္အတြင္းမွ ဘတ္သန္း(၅၀)ေက်ာ္တန္ဖိုးရိွ ပိုင္ဆုိင္မႈမ်ားအားလံုးကို ခ်ိတ္ပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

Worawut Rattanaphumthanaul ၏ ေနအိမ္အား ရွာေဖြမႈႏွင့္တစ္ၿပိဳင္နက္မွာပင္ ဆူရတ္ဌာနီၿမိဳ႕တြင္ အႀကီးဆံုး အရက္အေရာင္းဆုိင္ျဖစ္သည့္ ၎၏ဆုိင္အားလည္း ရွာေဖြၿပီး ဘတ္ (၃၆)သန္းတန္ဖိုးရိွ အရက္မ်ားႏွင့္အတူ ဆိုင္အား ခ်ိတ္ပိတ္ထားေၾကာင္း သိရသည္။

Worawut Rattanaphumthanaul သည္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးလုပ္စဥ္က ဘုရားခိုးမႈတြင္ပါဝင္ခဲ့သျဖင့္ ရာထူးမွဖယ္ရွားခံခဲ့ရၿပီးေနာက္ ၎၏အမည္ေျပာင္းလဲထားေၾကာင္း သိရၿပီး ၎ကိုေဒသတြင္း မူးယစ္ေဆးဝါးေရာင္းဝယ္မႈမ်ားတြင္ အဓိကပါဝင္သူဟု သံသရိွသည့္အတြက္ ရဲတပ္ဖြဲ႕က စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation, Bangkok Post




~~~~~~~~⊰❂ Unicode Version ~~~~~~~~
မူးယစ်ဆေးရောင်းဝယ်မှုနှင့် ဆက်စပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းကို ဖမ်းဆီးပြီး ဘတ်သန်း (၁၀၀)ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများ ထိန်းသိမ်းထား
************
မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှုနှင့် ဆက်စပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက် ၎င်း၏ ဘတ်သန်း (၁၀၀)ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီမှ စိတ်ကြွဆေးပြားများရောင်းဝယ်ဖေါက်ကားမှုနှင့် ဆက်စပ်ဖွယ်ရှိသည်ဟု ယူဆရသည့် အသက် (၄၅)နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း Worawut Rattanaphumthanaul ၏နေအိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများကို မတွေ့ရဘဲ သေနတ်(၂)လက်ကို သိမ်းဆည်းရမိကြောင်း သိရသည်။

သံသရှိသည့် မူးယစ်မှုအား စစ်ဆေးနေစဉ်ကာလအတွင်း မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှုမှ ရရှိသည့်ပိုင်ဆိုင်မှုများဟု ယူဆရသည့် ၎င်း၏နေအိမ်နှင့် နေအိမ်အတွင်းမှ ဘတ်သန်း(၅၀)ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများအားလုံးကို ချိတ်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

Worawut Rattanaphumthanaul ၏ နေအိမ်အား ရှာဖွေမှုနှင့်တစ်ပြိုင်နက်မှာပင် ဆူရတ်ဌာနီမြို့တွင် အကြီးဆုံး အရက်အရောင်းဆိုင်ဖြစ်သည့် ၎င်း၏ဆိုင်အားလည်း ရှာဖွေပြီး ဘတ် (၃၆)သန်းတန်ဖိုးရှိ အရက်များနှင့်အတူ ဆိုင်အား ချိတ်ပိတ်ထားကြောင်း သိရသည်။

Worawut Rattanaphumthanaul သည် ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်စဉ်က ဘုရားခိုးမှုတွင်ပါဝင်ခဲ့သဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရပြီးနောက် ၎င်း၏အမည်ပြောင်းလဲထားကြောင်း သိရပြီး ၎င်းကိုဒေသတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများတွင် အဓိကပါဝင်သူဟု သံသရှိသည့်အတွက် ရဲတပ်ဖွဲ့က စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation,

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net