တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေလျပင္းတိုက္ခတ္မႈႏွင့္ မိုးသီးေၾကြက်မႈေၾကာင့္ ေနအိမ္ (၂၄) လံုးၿပိဳလဲၿပီး ေနအိမ္ (၄၀) လံုးထိခိုက္ပ်က္စီး

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေလျပင္းတိုက္ခတ္မႈႏွင့္ မိုးသီးေၾကြက်မႈေၾကာင့္ ေနအိမ္ (၂၄) လံုးၿပိဳလဲၿပီး ေနအိမ္ (၄၀) လံုးထိခိုက္ပ်က္စီး
ဧပြီ 24, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၃) ရက္ေန႔ ညေန (၅) နာရီခြဲ အခ်ိန္ခန္႔က မိုးသက္ေလျပင္းႏွင့္ မိုးသီးက်မႈေၾကာင့္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုတြင္ ထိခိုက္ပ်က္စီးမႈ အမ်ားဆံုးျဖစ္ပြားၿပီး ေနအိမ္ (၂၄)လံုး ၿပိဳလဲသြားကာ ေနအိမ္ (၄၀) လံုး ထိခိုက္ပ်က္စီးသြားေၾကာင္း သိရသည္။

"ဒီပ်က္စီးမႈက တာခ်ီလိတ္ၿမိဳ႕နယ္ တစ္ၿမိဳ႕နယ္လံုးဗ်။ ဒီ (၄) ရြာကေတာ့ ေတာ္ေတာ္ထိသြားတာေပါ့။ က်န္တာေတြကေတာ့ သြပ္လန္တာေလး ဘာေလးေတာ့ ရိွေကာင္း ရိွမွာေပါ့။ အဲဒါေလးေတြက်ေတာ့လည္း သူတို႔အစီအစဥ္နဲ႔သူတို႔ မည္ကာမတၱဟာေလးေတြက်ေတာ့ ျပန္လုပ္ၾကတာေပါ့။ ဒါကေတာ့ ႀကီးႀကီးမားမား ျဖစ္တဲ့ဟာေလးေတြကို စာရင္းျပဳစုထားၿပီး ခရိုင္ကိုတင္ျပထားတာေပါ့"ဟု ဒုတိယ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေလျပင္းတိုက္ခတ္မႈႏွင့္ မိုးသီးေၾကြက်မႈေၾကာင့္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုရိွ စန္းလု(အထက္)ရြာ၊ ေဂ်ာပရြာ၊ ေဟြဟုန္ရြာ၊ ဖတ္ဟိ(အထက္)ရြာႏွင့္ ပါသားရြာတို႔တြင္ ထရံကာ/ သက္ကယ္မိုး၊ ထရံကာ/သြပ္မိုးအိမ္ (၂၄) လံုးၿပိဳက်ခဲ့ၿပီး မူလြန္ေက်ာင္း (၁) ေက်ာင္းအပါအ၀င္ လူေနအိမ္မ်ား အမိုးလန္ပ်က္စီးခဲ့သျဖင့္ ပ်က္စီးဆံုးရံႈးမႈအမ်ားဆံုးျဖစ္သြားေၾကာင္း သိရသည္။

ဝမ္ေကာင္းရပ္ကြက္၊ ပုန္းထြန္ရပ္ကြက္၊ မကာဟိုခမ္းရပ္ကြက္ႏွင့္ မိုင္းဖုန္း(က) ေက်းရြာအုပ္စုတို႔တြင္လည္း ဘုန္းႀကီးေက်ာင္း (၁) ေက်ာင္းႏွင့္ လူေနအိမ္မ်ားမွ သြပ္မိုးမ်ား၊ အုတ္ၾကြတ္မိုးမ်ား ကြာက်ခဲ့ေၾကာင္း သိရသည္။

ေလျပင္းတိုက္ခတ္မႈႏွင့္ မိုးသီးေၾကြက်မႈေၾကာင့္ ပ်က္စီးဆံုးရံႈးမႈစာရင္းကို ရပ္/ေက်းအုပ္ခ်ဳပ္ေရးရံုးမ်ားမွ တစ္ဆင့္ တင္ျပလာသည့္စာရင္းမ်ားအရ ၿမိဳ႕နယ္အတြင္း ေနအိမ္ (၂၄) လံုးၿပိဳက်ၿပီး သြပ္ခ်ပ္ေရ (၈၄၇) ခ်ပ္ႏွင့္ အုတ္ၾကြတ္ (၈၀) ခ်ပ္ကြာက်မႈျဖစ္ပြားကာ ဆံုးရံႈးမႈတန္ဖိုး က်ပ္(၁၃၉)သိန္းေက်ာ္ရိွေၾကာင္း သိရသည္။

တာခ်ီလိတ္ေရႊတိဂံုေစတီတြင္လည္း နားေနေဆာင္အခ်ိဳ႕ၿပိဳလဲခဲ့သျဖင့္ ရွင္းလင္းဖယ္ရွားခဲ့ၿပီး ႀကီးမားသည့္ပ်က္စီးမႈမရိွသျဖင့္ ပ်က္စီးဆံုးရံႈးစာရင္းတြင္ပါဝင္ျခင္းမရိွေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် နေအိမ် (၂၄) လုံးပြိုလဲပြီး နေအိမ် (၄၀) လုံးထိခိုက်ပျက်စီး
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့ ညနေ (၅) နာရီခွဲ အချိန်ခန့်က မိုးသက်လေပြင်းနှင့် မိုးသီးကျမှုကြောင့် လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပွားပြီး နေအိမ် (၂၄)လုံး ပြိုလဲသွားကာ နေအိမ် (၄၀) လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

"ဒီပျက်စီးမှုက တာချီလိတ်မြို့နယ် တစ်မြို့နယ်လုံးဗျ။ ဒီ (၄) ရွာကတော့ တော်တော်ထိသွားတာပေါ့။ ကျန်တာတွေကတော့ သွပ်လန်တာလေး ဘာလေးတော့ ရှိကောင်း ရှိမှာပေါ့။ အဲဒါလေးတွေကျတော့လည်း သူတို့အစီအစဉ်နဲ့သူတို့ မည်ကာမတ္တဟာလေးတွေကျတော့ ပြန်လုပ်ကြတာပေါ့။ ဒါကတော့ ကြီးကြီးမားမား ဖြစ်တဲ့ဟာလေးတွေကို စာရင်းပြုစုထားပြီး ခရိုင်ကိုတင်ပြထားတာပေါ့"ဟု ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ စန်းလု(အထက်)ရွာ၊ ဂျောပရွာ၊ ဟွေဟုန်ရွာ၊ ဖတ်ဟိ(အထက်)ရွာနှင့် ပါသားရွာတို့တွင် ထရံကာ/ သက်ကယ်မိုး၊ ထရံကာ/သွပ်မိုးအိမ် (၂၄) လုံးပြိုကျခဲ့ပြီး မူလွန်ကျောင်း (၁) ကျောင်းအပါအဝင် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်သွားကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်နှင့် မိုင်းဖုန်း(က) ကျေးရွာအုပ်စုတို့တွင်လည်း ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် လူနေအိမ်များမှ သွပ်မိုးများ၊ အုတ်ကြွတ်မိုးများ ကွာကျခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို ရပ်/ကျေးအုပ်ချုပ်ရေးရုံးများမှ တစ်ဆင့် တင်ပြလာသည့်စာရင်းများအရ မြို့နယ်အတွင်း နေအိမ် (၂၄) လုံးပြိုကျပြီး သွပ်ချပ်ရေ (၈၄၇) ချပ်နှင့် အုတ်ကြွတ် (၈၀) ချပ်ကွာကျမှုဖြစ်ပွားကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်(၁၃၉)သိန်းကျော်ရှိကြောင်း သိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတွင်လည်း နားနေဆောင်အချို့ပြိုလဲခဲ့သဖြင့် ရှင်းလင်းဖယ်ရှားခဲ့ပြီး ကြီးမားသည့်ပျက်စီးမှုမရှိသဖြင့် ပျက်စီးဆုံးရှုံးစာရင်းတွင်ပါဝင်ခြင်းမရှိကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net