တာခ်ီလိတ္ခရိုင္အတြင္း ေလျပင္းတုိက္မႈေၾကာင့္ ေနအိမ္ၿပိဳလဲ၊ပ်က္စီးမႈမ်ားအတြက္ ေထာက္ပံ့ေၾကးေပးမည္

တာခ်ီလိတ္ခရိုင္အတြင္း ေလျပင္းတုိက္မႈေၾကာင့္ ေနအိမ္ၿပိဳလဲ၊ပ်က္စီးမႈမ်ားအတြက္ ေထာက္ပံ့ေၾကးေပးမည္
ဧပြီ 26, 2019
By 🌸

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္အတြင္း ေလျပင္းတိုက္ခတ္မႈႏွင့္ မိုးသီးက်မႈေၾကာင့္ ၿပိဳလဲသြားသည့္ အိမ္မ်ားႏွင့္ မိုးလန္ပ်က္စီးသြားသည့္အိမ္မ်ားအတြက္ သဘာဝေဘးစီမံခန္႔ခြဲေရးေကာ္မတီက ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၆)ရက္ေန႔တြင္ ေထာက္ပံ့ေငြေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေလေဘးသင့္ျပည္သူေတြအတြက္ ေထာက္ပံ့ေၾကးကို မနက္ျဖန္ ဧၿပီလ (၂၆)ရက္ေန႔မွာ လြယ္ေတာ္ခမ္းမွာ ေပးမယ္။ ရပ္ကြက္ရံုးမွာ မနက္ (၉) နာရီမွာ ေပးမွာ"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္ မိုင္းဆတ္ၿမိဳ႕နယ္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ပ်က္စီးသြားသည့္ ေနအိမ္ (၄) လံုးႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ခုအတြက္ ေထာက္ပံ့ေငြက်ပ္ (၄၁၂၀၀၀) ကို ဧၿပီလ (၂၅) ရက္ေန႔ မနက္ (၁၀) နာရီတြင္ မိုင္းျဖတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးခန္းတြင္ ေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္အတြင္း ဧၿပီလ (၂၃) ရက္ေန႔က ေလျပင္းတိုက္ခတ္ၿပီး မိုးသီးေၾကြက်မႈေၾကာင့္ လူေနအိမ္ (၂၄) လံုးၿပိဳက်ခဲ့ၿပီး ဘုန္းႀကီးေက်ာင္း၊ စာသင္ေက်ာင္း၊ တိုက္နယ္ေဆးရံုႏွင့္ လူေနအိမ္အခ်ိဳ႕ သြပ္မိုးမ်ား ကြာက်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်ခရိုင်အတွင်း လေပြင်းတိုက်မှုကြောင့် နေအိမ်ပြိုလဲ၊ပျက်စီးမှုများအတွက် ထောက်ပံ့ကြေးပေးမည်
**********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကျမှုကြောင့် ပြိုလဲသွားသည့် အိမ်များနှင့် မိုးလန်ပျက်စီးသွားသည့်အိမ်များအတွက် သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့တွင် ထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"လေဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ကြေးကို မနက်ဖြန် ဧပြီလ (၂၆)ရက်နေ့မှာ လွယ်တော်ခမ်းမှာ ပေးမယ်။ ရပ်ကွက်ရုံးမှာ မနက် (၉) နာရီမှာ ပေးမှာ"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ခရိုင် မိုင်းဆတ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ် (၄) လုံးနှင့် ဘုန်းတော်ကြီးကျောင်းတစ်ခုအတွက် ထောက်ပံ့ငွေကျပ် (၄၁၂၀၀၀) ကို ဧပြီလ (၂၅) ရက်နေ့ မနက် (၁၀) နာရီတွင် မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း ဧပြီလ (၂၃) ရက်နေ့က လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေကျမှုကြောင့် လူနေအိမ် (၂၄) လုံးပြိုကျခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံနှင့် လူနေအိမ်အချို့ သွပ်မိုးများ ကွာကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net