တာချီလိတ်တွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်ကျောင်းတော် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ဧပြီလ(၂၁)ရက်နေ့ကစ၍ ကျောင်းအပ်နိုင်ပြီ

တာချီလိတ်တွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်ကျောင်းတော် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ဧပြီလ(၂၁)ရက်နေ့ကစ၍ ကျောင်းအပ်နိုင်ပြီ
ဧပွီ 18, 2019
By Tachileik News Agency

တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ဖွင့်လှစ်သင်ကြားပေးနေသည့် ဓမ္မစကူးလ်ကျောင်းတော်-တာချီလိတ်(အထက)မှ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသားအသစ် အဟောင်းများကို ၂၀၁၉ခုနှစ် ဧပြီလ(၂၁)ရက်နေ့က စ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက်(၇)နာရီခွဲကစ၍ လက်ခံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

"ကျောင်းအပ်နှံဖို့အတွက် မွေးသက္ကရာဇ်၊ အမည်၊ ဆက်သွယ်ရန်ဖုန်းနံပါတ် ပဲလိုပါတယ်၊ (၂၁)ရက်နေ့ကစ၍ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လာရောက်အပ်နှံလို့ရပါတယ်၊ ကျောင်းလာအပ်ရင်း တခါတည်းတက်လို့ရပါတယ်"ဟု ဓမ္မစကူးလ်ကျောင်းတော်-တာချီလိတ်(အထက)မှ ဦးနေဦးက ပြောသည်။

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်ကျောင်းတက်ရန်အတွက် မူကြိုတန်းမှ ဒဿမတန်းအထိ ကျောင်းသား၊ ကျောင်းသူများ မိဘများဖြင့် လာရောက်၍ အပ်နှံနိုင်ပြီး သင်ကြားမှုအား အပတ်စဉ် တနင်္ဂနွေနေ့ နံနက်(၇)နာရီခွဲတိုင်းတွင် စတင်မည်ဖြစ်ကြောင်းနှင့် ဓမ္မစကူးလ် ကျောင်းသားကျောင်းသူများအနေဖြင့် အင်္ကျီအဖြူရောင် ယောဂီရောင် ပုဆိုး/ထမိန်တို့ကို မိမိတို့အစီအစဉ်ဖြင့် ၀တ်ဆင်လာမည်ဖြစ်ကြောင်း သိရသည်။

ဓမ္မစကူးလ်ကျောင်းတော်-တာချီလိတ်(အထက)တွင် အပ်နှံလိုသူများအနေဖြင့် ဖုန်း 09250250735 နှင့် 09782530673 သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ဖွင့်လှစ်သင်ကြားပေးနေသည့် ဓမ္မစကူးလ်ကျောင်းတော်-တာချီလိတ်(အထက)မှ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသားအသစ် အဟောင်းများကို ၂၀၁၉ခုနှစ် ဧပြီလ(၂၁)ရက်နေ့က စ၍ အပတ်စဉ် တနင်္ဂေနွနေ့တိုင်း နံနက်(၇)နာရီခွဲကစ၍ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျောင်းအပ်နှံဖို့အတွက် မွေးသက္ကရာဇ်၊ အမည်၊ ဆက်သွယ်ရန်ဖုန်းနံပါတ် ပဲလိုပါတယ်၊ (၂၁)ရက်နေ့ကစ၍ပြီး အပတ်စဉ် တနင်္ဂေနွနေ့တိုင်း လာရောက်အပ်နှံလို့ရပါတယ်၊ ကျောင်းလာအပ်ရင်း တခါတည်းတက်လို့ရပါတယ်"ဟု ဓမ္မစကူးလ်ကျောင်းတော်-တာချီလိတ်(အထက)မှ ဦးနေဦးက ပြောသည်။

အပတ်စဉ် တနင်္ဂေနွနေ့တိုင်း ဓမ္မစကူးလ်ကျောင်းတက်ရန်အတွက် မူကြိုတန်းမှ ဒဿမတန်းအထိ ကျောင်းသား၊ ကျောင်းသူများ မိဘများဖြင့် လာရောက်၍ အပ်နှံနိုင်ပြီး သင်ကြားမှုအား အပတ်စဉ် တနင်္ဂေနွနေ့ နံနက်(၇)နာရီခွဲတိုင်းတွင် စတင်မည်ဖြစ်ကြောင်းနှင့် ဓမ္မစကူးလ် ကျောင်းသားကျောင်းသူများအနဖြေင့် အင်္ကျီအဖြူရောင် ယောဂီရောင် ပုဆိုး/ထမိန်တို့ကို မိမိတို့အစီအစဉ်ဖြင့် ဝတ်ဆင်လာမည်ဖြစ်ကြောင်း သိရသည်။

ဓမ္မစကူးလ်ကျောင်းတော်-တာချီလိတ်(အထက)တွင် အပ်နှံလိုသူများအနဖြေင့် ဖုန်း 09250250735 နှင့် 09782530673 သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် ဓမ္မစကူးလ်ကျောင်းတော်ကို ၂၀၁၃ ခုနှစ် သြဂုတ်လ(၁၈) ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ်တွင်းသာမက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်လည်း ဓမ္မစကူးလ်ကျောင်းတော်ကို ဖွင့်လှစ်နိုင်ခဲ့ကြသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net