ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ကျန့်ဒေသ တောင်ပေါ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် ဧပြီလ(၁၅)ရက်နေ့တွင် လူအင်အား (၄၀၀)ကျော် ထပ်ဖြည့်ထားရ

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ကျန့်ဒေသ တောင်ပေါ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် ဧပြီလ(၁၅)ရက်နေ့တွင် လူအင်အား (၄၀၀)ကျော် ထပ်ဖြည့်ထားရ
ဧပြီ 15, 2019
By Tachileik News Agency

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင် မယ်ကျန့်ဒေသ တောင်ပေါ်တွင် တောမီးငြှိမ်းသတ်ရေးအတွက် ထောင်နှင့်ချီသော ကူညီဆောင်ရွက်သူများဖြင့် ရှာဖွေငြှိမ်းသတ်နေရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် လူဦးရေ (၄၀၀)ကျော် ထပ်မံအားဖြည့်ထားကြောင်း သိရသည်။

မယ်ကျန့်ဒေသ မိကျောင်းတောင်ပေါ်တွင် ဧပြီလ (၁၄)ရက်နေ့က တောမီးလောင်နေပြီး ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းနေသဖြင့် မီးသတ်ယာဉ်များ မီးသတ်အင်အားများ ထပ်ဖြည့်စေလွှတ်ထားခြင်းဖြစ်ကြောင်းသိရသည်။

တောင်အမြင့်ပိုင်းတွင် မီးလောင်နေခြင်းဖြစ်ရာ ညပိုင်းတွင် ချင်းရိုင်းမှနေ၍ မီးလောင်နေသည်ကို မြင်နေရပြီး တောင်ခြေရှိ လူနေအိမ်ခြေများသို့် မကူးစက်စေရန် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံကူညီသူများပါဝင်သည့် အင်အား (၈၀၀)ခန့်က မီးငြှိမ်းသတ်ယာဉ်များဖြင့် ငြှိမ်းသတ်ခြင်းအပြင် စစ်တပ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတို့က ရဟတ်ယာဉ်ဖြင့်ပါ ထပ်တိုးငြှိမ်းသတ်နိုင်ရန် ကြိုးစားနေကြောင်းသိရသည်။

Tachileik News Agency
Photo : สำนักประชาสัมพันธ์เขต 3 เชียงใหม่


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင် မယ်ကျန့်ဒေသ တောင်ပေါ်တွင် တောမီးငြှိမ်းသတ်ရေးအတွက် ထောင်နှင့်ချီသော ကူညီဆောင်ရွက်သူများဖြင့် ရှာဖွငြှေိမ်းသတ်နေရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် လူဦးရေ (၄၀၀)ကျော် ထပ်မံအားဖြည့်ထားကြောင်း သိရသည်။

မယ်ကျန့်ဒေသ မိကျောင်းတောင်ပေါ်တွင် ဧပြီလ (၁၄)ရက်နေ့က တောမီးလောင်နပြေီး ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းနေသဖြင့် မီးသတ်ယာဉ်များ မီးသတ်အင်အားများ ထပ်ဖြည့်စေလွှတ်ထားခြင်းဖြစ်ကြောင်းသိရသည်။

တောင်အမြင့်ပိုင်းတွင် မီးလောင်နခြေင်းဖြစ်ရာ ညပိုင်းတွင် ချင်းရိုင်းမှနေ၍ မီးလောင်နေသည်ကို မြင်နေရပြီး တောင်ခြေရှိ လူနေအိမ်ခြေများသို့် မကူးစက်စေရန် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံကူညီသူများပါဝင်သည့် အင်အား (၈၀၀)ခန့်က မီးငြှိမ်းသတ်ယာဉ်များဖြင့် ငြှိမ်းသတ်ခြင်းအပြင် စစ်တပ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတို့က ရဟတ်ယာဉ်ဖြင့်ပါ ထပ်တိုးငြှိမ်းသတ်နိုင်ရန် ကြိုးစားနေကြောင်းသိရသည်။

Tachileik News Agency

Photo : สำนักประชาสัมพันธ์เขต 3 เชียงใหม่

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net