ချင်းမိုင်းမြို့တွင် အချိန်ကြာမြင့်စွာခံစားနေရသည့် လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းမပေးနိုင်သည့် ချင်းမိုင်မြို့တော်ဝန်အား ဖယ်ရှားပေးရန် လှုပ်ရှားမှု ဦးတည်နေ

ချင်းမိုင်းမြို့တွင် အချိန်ကြာမြင့်စွာခံစားနေရသည့် လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းမပေးနိုင်သည့် ချင်းမိုင်မြို့တော်ဝန်အား ဖယ်ရှားပေးရန် လှုပ်ရှားမှု ဦးတည်နေ
ဧပွီ 1, 2019
By Tachileik News Agency

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကာလကြာမြင့်စွာ မီးခိုးမြူထူထပ်နေသဖြင့် လေထုညစ်ညမ်းမှုမှာ ကမ္ဘာ့အမြင့်ဆုံးအဆင့်ထိ စံချိန်တင်ဆိုးရွားနေသော်လည်း ဒေသအာဏာပိုင်များနှင့် အစိုးရအနေဖြင့် ဖြေရှင်းပေးနိုင်ခြင်းမရှိသေးသဖြင့် လက်ရှိချင်းမိုင်မြို့တော်ဝန် နှုတ်ထွက်ပေးရန် လှုပ်ရှားမှုများသို့ ဦးတည်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိပြဿနာများကို ဒေသခံများ အနေဖြင့် အချင်းချင်း ကူညီနေကြရပြီး တာဝန်ရှိသူများက ထိရောက်စွာဖြေရှင်းပေးနိုင်ခြင်းမရှိသဖြင့် တာဝန်ခံမှုအပြည့်ဖြင့်ဆောင်ရွက်နိုင်မည့် မြို့တော်ဝန်ရွေးကောက်ပေးရန် လိုလားနေကြကြောင်း သိရသည်။

လေထုညစ်ညမ်းမှုကို အချိန်ကြာမြင့်စွာခံစားနေရသည့် ဒေသများတွင် လူထုအနေဖြင့် အိမ်အတွင်းနေထိုင်ကြရန်စသည့် ကျန်းမာရေးသတိပေးချက်ထုတ်ပြန်ခြင်းကိုသာ လုပ်ဆောင်ထားပြီး လေထုညစ်ညမ်းမှုထိန်းချုပ်ရမည့် နေရာများအဖြစ် သတ်မှတ်ကြေညာခြင်းမရှိသည်မှာ အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းထိခိုက်မည်ကို စိုးရိမ်ခြင်းဖြစ်နိုင်သည်ဟု ထောက်ပြဝေဖန်မှုများလည်း ထွက်ပေါ်နေခြင်းဖြစ်သည်။





Tachileik News Agency
Ref; THE NATION


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကာလကြာမြင့်စွာ မီးခိုးမြူထူထပ်နေသဖြင့် လေထုညစ်ညမ်းမှုမှာ ကမ္ဘာ့အမြင့်ဆုံးအဆင့်ထိ စံချိန်တင်ဆိုးရွားနေသော်လည်း ဒေသအာဏာပိုင်များနှင့် အစိုးရအနဖြေင့် ဖြေရှင်းပေးနိုင်ခြင်းမရှိသေးသဖြင့် လက်ရှိချင်းမိုင်မြို့တော်ဝန် နှုတ်ထွက်ပေးရန် လှုပ်ရှားမှုများသို့ ဦးတည်နပြေီဖြစ်ကြောင်း သိရသည်။

လက်ရှိပြဿနာများကို ဒေသခံများ အနဖြေင့် အချင်းချင်း ကူညီနကြေရပြီး တာဝန်ရှိသူများက ထိရောက်စွာဖြေရှင်းပေးနိုင်ခြင်းမရှိသဖြင့် တာဝန်ခံမှုအပြည့်ဖြင့်ဆောင်ရွက်နိုင်မည့် မြို့တော်ဝန်ရွေးကောက်ပေးရန် လိုလားနကြေကြောင်း သိရသည်။

လေထုညစ်ညမ်းမှုကို အချိန်ကြာမြင့်စွာခံစားနေရသည့် ဒေသများတွင် လူထုအနဖြေင့် အိမ်အတွင်းနေထိုင်ကြရန်စသည့် ကျန်းမာရေးသတိပေးချက်ထုတ်ပြန်ခြင်းကိုသာ လုပ်ဆောင်ထားပြီး လေထုညစ်ညမ်းမှုထိန်းချုပ်ရမည့် နေရာများအဖြစ် သတ်မှတ်ကြေညာခြင်းမရှိသည်မှာ အစိုးရအနဖြေင့် ခရီးသွားလုပ်ငန်းထိခိုက်မည်ကို စိုးရိမ်ခြင်းဖြစ်နိုင်သည်ဟု ထောက်ပြဝေဖန်မှုများလည်း ထွက်ပေါ်နခြေင်းဖြစ်သည်။

ချင်းမိုင်မြို့တွင် မီးခိုးထူထပ်နေသော်လည်း ၂၀၁၉ ခုနှစ် ဧပြီလ (၂)ရက်နေ့မှ (၅)ရက်နေ့အထိ ကျင်းပမည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးကို ရွှေ့ဆိုင်းမည် မဟုတ်ဘဲ ချင်းမိုင်တွင် မူလလျာထားသည့်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ခံစားနေရဆဲဖြစ်သဖြင့် ဧပြီလ (၁)ရက်နှင့် (၂)ရက်နေ့များတွင် မယ့်ဖားလုံတက္ကသိုလ်ကို ပိတ်ထားကြောင်း သိရပြီး လေထုညစ်ညမ်းမှုအလွန်ဆိုးရွားနေသည့် မြောက်ပိုင်းဒေသအတွက် N 95 နှာခေါင်းစည်းပေါင်း (၅)သိန်းဝယ်ယူနိုင်သည်အထိ လူထုကအလှူငွေများထည့်ဝင်ထားကြကြောင်း သိရသည်။

မီးခိုးမြူများ အဓိကဖြစ်ပွားစေသည့် တောမီးရှို့မှုများမှာ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ လန်းပန်းနှင့် နန် တို့ရှိ သစ်တောဧရိယာအတွင်း (၁,၁၅၁)နေရာ၊ မြန်မာတွင် (၁၂,၄၂၂)နှင့် လာအိုတွင် (၂,၉၃၈)နေရာတို့တွင် တွေ့ရှိထားကြောင်း ဂြိုလ်တုမှတ်တမ်းအရ သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် စစ်တပ်မှကယ်ဆယ်ရေးအဖွဲ့ဖြင့် တောမီးငြိမ်းသတ်မှုများတွင် ဒေသခံများလည်း ပါဝင်ကူညီနေရာ မယ်ဖားလုံတွင် အသက်(၆၂)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ မီးငြိမ်းသတ်ရာတွင် ကူညီရင်း သေဆုံးသွားကြောင်း သိရသည်။

Tachileik News Agency
Ref; THE NATION
PHOTO: THE NATION/ASIA NEWS NETWORK

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net