ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုတောင်းခြင်း၊ ခရီးသည်များကို မချေမငံဆက်ဆံခြင်းများကြောင့် ပို့ဆောင်ရေးဌာနတွင် တစ်ရက်အတွင်း တိုင်ကြားစာ ၁၀၀ နီးပါးလက်ခံရရှိ

ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုတောင်းခြင်း၊ ခရီးသည်များကို မချေမငံဆက်ဆံခြင်းများကြောင့် ပို့ဆောင်ရေးဌာနတွင် တစ်ရက်အတွင်း တိုင်ကြားစာ ၁၀၀ နီးပါးလက်ခံရရှိ
ဧပွီ 14, 2019
By 🌸
သင်္ကြန်ကာလအတွင်း မော်တော်ယာဉ်စီးနင်းခ ပိုမိုတောင်းခံခြင်း၊ ခရီးသည်များကို မချေမငံဆက်ဆံခြင်းများကြောင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ တစ်နေ့တည်းမှာပင် ယာဉ်လိုင်းများ၊ ယာဉ်မောင်းများကို တိုင်ကြားထားသည့် တိုင်ကြားစာ (၁၀၀)နီးပါးလက်ခံရရှိထားကြောင်း ထိုင်းပို့ဆောင်ရေးဌာနထံမှ သိရသည်။



သင်္ကြန်ကာလအတွင်း လမ်းအန္တရာယ်လျှော့ချရေးလုပ်ဆောင်ရာတွင် ခရီးသွားများဘေးကင်းလုံခြုံရေးအတွက် ဘန်ကောက်နှင့် အခြားဒေသများသို့ ပြေးဆွဲနေသည့် ဘတ်စ်ကားဂိတ်ပေါင်း (၁၉၅)ခုမှ ဘတ်စ်ကား (၁၈၂၁၇)စီး၏ ခရီးသွားများအပေါ်ဝန်ဆောင်မှုကို စောင့်ကြည့်စစ်ဆေးခြင်းလည်း ပါဝင်ကြောင်း သိရသည်။



Tachileik News Agency

Ref:Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
သြင်္ကန်ကာအတွင်း ယာဉ်စီးခပိုတောင်းခြင်း၊ ခရီးသည်များကို မချေမငံဆက်ဆံခြင်းများကြောင့် ပို့ဆောင်ရေးဌာနတွင် တစ်ရက်အတွင်း တိုင်ကြားစာ ၁၀၀ နီးပါးလက်ခံရရှိ
************
သြင်္ကန်ကာလအတွင်း မော်တော်ယာဉ်စီးနင်းခ ပိုမိုတောင်းခံခြင်း၊ ခရီးသည်များကို မချေမငံဆက်ဆံခြင်းများကြောင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ တစ်နေ့တည်းမှာပင် ယာဉ်လိုင်းများ၊ ယာဉ်မောင်းများကို တိုင်ကြားထားသည့် တိုင်ကြားစာ (၁၀၀)နီးပါးလက်ခံရရှိထားကြောင်း ထိုင်းပို့ဆောင်ရေးဌာနထံမှ သိရသည်။

အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ခရီးသွားများအား ဝန်ဆောင်မှုပေးရာတွင် မကျေနပ်မှုများရှိပါက ဟော့လိုင်းနံပါတ် ၁၅၄၈ သို့ ဆက်သွယ်တိုင်ကြားနိုင်ရာ တစ်နေ့အတွင်းမှာပင် တိုင်ကြားစာ (၉၃)ခုကို လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးဌာနအနေဖြင့် လက်ခံရရှိထားသည့် တိုင်ကြားစားများကို စစ်ဆေးသွားပြီး သက်ဆိုင်ရာ မော်တော်ယာဉ်မောင်းများကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သြင်္ကန်ကာလအတွင်း လမ်းအန္တရာယ်လျှော့ချရေးလုပ်ဆောင်ရာတွင် ခရီးသွားများဘေးကင်းလုံခြုံရေးအတွက် ဘန်ကောက်နှင့် အခြားဒေသများသို့ ပြေးဆွဲနေသည့် ဘတ်စ်ကားဂိတ်ပေါင်း (၁၉၅)ခုမှ ဘတ်စ်ကား (၁၈၂၁၇)စီး၏ ခရီးသွားများအပေါ်ဝန်ဆောင်မှုကို စောင့်ကြည့်စစ်ဆေးခြင်းလည်း ပါဝင်ကြောင်း သိရသည်။

တာဝန်ရှိသူများက ဧပြီလ (၁၂)ရက်နေ့က စစ်ဆေးရာတွင် လမ်းအန္တရာယ်ကင်းရေးအတွက် လိုက်နာရမည့်အချက်များနှင့် မညီညွတ်သည့် ဘတ်စ်ကားများတွေ့ရသဖြင့် ယာဉ်လိုင်းတာဝန်ရှိသူများက ဘတ်စ်ကားများ အစားထိုးလဲလှယ်ခဲ့ရကြောင်း သိရသည်။
ယင်းကဲ့သို့စစ်ဆေးမှုတွင် ဘတ်စ်ကားများအပြင် ခရီးသည်တင်ယာဉ်ငယ်များ၊ တက္ကစီများနှင့် ဆိုင်ကယ်တက္ကစီများကိုပါ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref:Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net